သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္တပ္ဖမ္းသြားတဲ့ အမ်ိဳးသမီး ၃ ဦး မီးရႈိ႕ခံအေလာင္းေတြ ကေလးၿမိဳ႕ေတာင္ပိုင္းမွာ ေတြ႕


တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက ရန္ႀကီးေအာင္၊ ေခ်ာင္းဂြနဲ႔သန္ပို ေက်းရြာမ်ား။ (Credit : MIMU)

[[Zawgyi/Unicode]]


တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္တပ္က ဆက္တိုက္ နယ္ေျမရွင္းေနၿပီး ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔လည္း တိုက္ပြဲေတြျဖစ္ေနပါတယ္။ သံဖိုေက်း႐ြာမွာ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔က အမ်ိဳးသမီး ၃ ေယာက္ကို စစ္ေကာင္စီတပ္ေတြ ဖမ္းသြားၿပီးေနာက္ မီးေလာင္ထားတဲ့သူတို႔အေလာင္းေတြ ျပန္ေတ့ြတယ္လို႔ ကာကြယ္ေရးအဖြဲ႕ဘက္ ေျပာပါတယ္။ တိုက္ပြဲျဖစ္ပြါးေနတဲ့ေဒသက ေထာင္ခ်ီတဲ့႐ြာသားေတြလည္း ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေန ေပးပို႔လာတဲ့သတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက ေခ်ာင္းခြ၊ သံဖို၊ ရန္ႀကီးေအာင္အစရွိတဲ့ေက်း႐ြာေတြဘက္မွာ နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ ရန္ႀကီးေအာင္႐ြာနဲ႔ မွန္ေတာ႐ြာၾကားမွာ ခ်င္းကာကြယ္ေရးပူးပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔ ေဖေဖာ္ဝါရီ ၂၄ ရက္ ၾကာသပေတးေန႔က တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ ကေလး PDF တာဝန္ရွိသူတဦးက ေျပာပါတယ္။

“တိုက္ပြဲက (၂၄) ရက္ေန႔ကေတာ့ရွိတယ္။ မွန္ေတာဘက္မွာ။ မွန္ေတာက ရန္ႀကီးေအာင္ေက်ာ္ေသးတယ္ဗ်။ အဲဒီမွာ သူက အင္အား (၆၀) ေလာက္က မွန္ေတာ႐ြာကို ေမႊတယ္ေလ။ ေမႊေတာ့ ဒီဘက္က က်ေနာ္တို႔ ပုံမွန္အဖြဲ႕ပဲေလ။ PDF CDF/PDF-KKG/ ၿပီးရင္ ထန္တလန္ RKDF ၿပီးရင္ ဟားခါးအဖြဲ႕ပူးေပါင္းၿပီးေတာ့ ၾကားျဖတ္ဝင္တိုက္တာ။ (၂၄) ရက္ေန႔ ကေပါ့။ အရာရွိတဦးက်တယ္။ က်န္တာက (၅)ေယာက္၊ (၆) ေယာက္ေလာက္က်တယ္။”

ကေလးၿမိဳ႕နယ္အတြင္းျဖစ္ပြါးတဲ့တိုက္ပြဲအေျခအေနနဲ႔ပက္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“ကေန႔မွာေတာ့ သံဖိုရြာအေနာက္ဘက္ မီတာ ၁,၅၀၀ မွာေတာ့ PDF အၾကမ္းဖက္ေသာင္းက်န္းသူေတြအေျချပဳေနတဲ့ေနရာကို က်ေနာ္တို႔ဝင္ေရာက္ၿပီးေတာ့ လံုၿခံဳေရးအရ ေဆာင္ရြက္ခဲ့တာရွိတယ္။ အဲဒီမွာ လက္လုပ္မုိင္းေတြ၊ ယမ္းႀကိဳးေခြေတြ၊ က်ည္ေတြ က်ေနာ္တို႔ သိမ္းဆည္းရမိတာ ရွိပါတယ္။”

အခုလို တိုက္ပြဲေတြျဖစ္ေနတဲ့ ရန္ႀကီးေအာင္႐ြာနဲ႔ အလွမ္းမေဝးတဲ့ သံဖို႐ြာကေန ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔တုန္းက စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြက ဖမ္းဆီးသြားတဲ့ သားအမိသုံးဦး အသတ္ခံရတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ေခ်ာင္းခြေဒသခံေတြျဖစ္တဲ့ သားအမိသုံးယာက္ဟာ သံဖိုေက်း႐ြာဘက္က ေတာင္ယာခင္းထဲမွာ တိမ္းေရွာင္ေနရင္း စစ္တပ္က ဖမ္းဆီးသြားတာျဖစ္ပါတယ္။ အဖမ္းခံရၿပီးေနာက္တရက္ ေဖေဖာ္ဝါရီ ၂၄ ရက္မွာေတာ့ သူတို႔ကို သတ္ျဖတ္မီးရႈိ႕ထားတဲ့အေလာင္းေတြ ေတ့ြတယ္လို႔ Chinland Defense Force-Kalay-Kabaw-Gangaw (CDF-KKG) ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ရရွိထားတဲ့ ေျမျပင္သတင္းအခ်က္အလက္အရဆိုရင္ေတာ့ ေခ်ာင္းခြေက်း႐ြာလိပ္စာေပါ့ေနာ္။ ေနထိုင္မႈကေတာ့ ေခ်ာင္းခြေက်း႐ြာမွာ မဟုတ္ဘဲနဲ႔ သူတို႔လုပ္ငန္းခြင္ရွိတဲ့ တဲအိမ္မွာ ေနထိုင္ေနတဲ့ သားအမိ (၃) ေယာက္ကို စစ္တပ္က ဖမ္းဆီးေခၚေဆာင္သြားတဲ့ေနာက္မွာ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ေဒသခံ ျပည္သူတခ်ိဳ႕နဲ႔ မ်က္ျမင္သက္ေသတခ်ိဳ႕ ေျပာပုံအရေတာ့ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း သံဖိုေက်း႐ြာ အေရွ႕ဘက္ ယာခင္းေတာမွာရွိတဲ့ တဲအိမ္တခုအတြင္းကေနၿပီးေတာ့ ေသနတ္ သံ (၃) ခ်က္ ထြက္ေပၚလာၿပီးတဲ့ေနာက္မွာ အဲဒီတဲအိမ္ကို စစ္တပ္ကေနၿပီးေတာ့မွ မီးရႈိ႕ ဖ်က္စီးခဲ့တယ္လို႔ သိရပါတယ္ဗ်။ ျဖစ္စဥ္အၿပီးေနာက္တရက္မွာ က်ေနာ္တို႔ PDF-KKG နဲ႔ PDF တပ္ဖြဲ႕ဝင္ေတြက မီးရႈိ႕ဖ်က္စီးခံခဲ့ရတဲ့ တဲအိမ္ကို စစ္ေဆးၾကည့္ရႈတဲ့အခါမွာ မီးေလာင္ကြၽမ္းေနတဲ့အ႐ိုးျပာကို ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။”

ဖမ္းဆီးသတ္ျဖတ္ခံရတဲ့ သားအမိ ၃ ဦးကေတာ့ Nu Ngun Za Len (ေဒၚငြန္ဇာလဲန္- ၄၀ ႏွစ္)၊ Mai Thian Nun Cawi (မိုင္သီယန္ႏြန္ႂကြယ္- ၁၆ ႏွစ္)၊ နဲ႔ Mai Ngun Za Thian (မိုင္ငြန္ဇာသီယန္-၁၄ ႏွစ္) တို႔ျဖစ္ၾကပါတယ္။

အဖမ္းဆီးခံရြာသူအမ်ိဳးသမီး ၃ ဦး မီး႐ႈိ႕သတ္ျဖတ္ခံရတဲ့စြပ္စြဲခ်က္နဲ႔ပက္သက္လို႔ သူတို႔ လုပ္တာမ ဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆိုပါတယ္။

“အဲဒီျဖစ္စဥ္ကေတာ့ မရွိပါဘူးဗ်။ ...စြပ္စြဲခ်က္ေတြကေတာ့ ျဖစ္ေနက်ျဖစ္ပါတယ္။ PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူေတြကေတာ့ တုိက္ပြဲျဖစ္ၿပီးေတာ့ တပ္ကေန ရြာကိုမီး႐ိႈ႕တယ္တို႔၊ လူေတြကိုမီး႐ိႈ႕သတ္တယ္တို႔ဆိုတာ သူတို႔ရဲ႕ပံုမွန္ လုပ္ငန္းေတြပါ။ ရွင္းရွင္းေျပာရရင္ က်ေနာ္တို႔အေနနဲ႔က အခုအခ်ိန္မွာ တပ္မေတာ္အစိုးရက ျမန္မာႏိုင္ငံကို အုပ္ခ်ဳပ္ေနတာ ျဖစ္တယ္။ မီး႐ိႈ႕လို႔ ရြာမီးေလာင္သြားလို႔ရွိရင္ IDP ေတြ ျဖစ္လာရင္ တပ္မေတာ္ကပဲ ေကၽြးရေမြးရတာျဖစ္တယ္။ တပ္မေတာ္ကပဲ ေစာင့္ေရွာက္ရတာျဖစ္တယယ္။ ဒီအစိုးရကပဲ အလုပ္မ်ားရတာျဖစ္တယ္။ က်ေနာ္တို႔အလုပ္မ်ားေစမယ့္အလုပ္မ်ဳိး က်ေနာ္တို႔ လုပ္စရာအေၾကာင္းကိုမရွိဘူး။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္တပ္က နယ္ေျမရွင္းလင္းေနၿပီး တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ နတ္ေခ်ာင္း၊ ေခ်ာင္းခြ၊ သံဖို၊ ရန္ႀကီးေအာင္အစရွိတဲ့ ေက်း႐ြာေတြက ေထာင္နဲ႔ခ်ီ တဲ့ ႐ြာသားေတြ စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနရတယ္လို႔ CDF-KKG ျပန္ ၾကားေရးတာဝန္ရွိသူက ေျပာပါတယ္။

“လက္ရွိအေျခအေနကေတာ့ သံဖို ရန္ႀကီးေအာင္စတဲ့ ေက်း႐ြာေတြကေတာ့ စစ္ေဘးေရွာင္ေနရတဲ့ အေနအထား ေပါ့ ခင္ဗ်။ လူပမာဏအားျဖင့္ေတာ့ ခန႔္မွန္းရခက္ေပမယ့္ အိမ္ေျခေပါင္း (၇၀၀) (၈၀၀) ထိေအာင္ စစ္ေဘးေရွာင္ေနရပါတယ္။ ေထာင္ဂဏန္းေက်ာ္မွာပါ ခင္ဗ်။”

ေတာ ေတာင္ေတြထဲမွာ ပုန္းခိုေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြအေနနဲ႔ အစားအေသာက္ အခက္အခဲရွိေနတယ္လို႔ သံဖိုေက်း႐ြာသားတဦးက ေျပာျပပါတယ္။

“က်ေနာ္လည္း ေရွာင္ေနရတာ ပုန္းေနရတာ။ က်ေနာ္တို႔ဘက္က စစ္သားေတြမ်ားလို႔ေလ။ သံဖိုတို႔၊ နတ္ေခ်ာင္းတို႔ေပါ့။ ေခ်ာင္းခြလည္း ေရွာင္ေနရတယ္။ ေတာထဲမွာေရွာင္ေနရတယ္ေလ။ အခက္ခဲကေတာ့ အစားေသာက္ပိုင္းခက္ခဲပါတယ္။”

ေဖေဖာ္ဝါရီ ၂၄ ရက္ ၾကာသေပးေန႔ကေတာ့ သံဖို၊ ရန္ႀကီးေအာင္ အစရွိတဲ့ ေက်း႐ြာသားေတြ ပုန္းခိုေနတဲ့ ေနရာဘက္ကို စစ္ေကာင္စီတပ္က လက္နက္ႀကီး/ငယ္ ေတြနဲ႔ ပစ္ခတ္ခဲ့လို႔ စစ္ေဘးေရွာင္ ျပည္သူတစ္ဦး ဒဏ္ရာရ ေသဆုံးသြားခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၃ ရက္ ညေနပိုင္းတုန္းကလည္း သံဖိုေက်း႐ြာကို လက္နက္ႀကီးေတြနဲ႔ပစ္ခတ္ၿပီး ဝင္ေရာက္လာတဲ့အတြက္ ေဒသခံ ေက်း႐ြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးခဲ့ၾကရပါတယ္။ လက္ရွိကေလးၿမိဳ႕နယ္ ေတာင္ပိုင္းေဒသမွာ ခ်င္းကာကြယ္ေရးပူးပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ တို႔ၾကား တိုက္ပြဲေတြျဖစ္ေနလို႔ ႐ြာသားတေသာင္းနီးပါး ေဘးလြတ္ရာ ထြက္ေျပးပုန္းခိုေနၾကရပါတယ္။ အဲဒီအထဲ ကေလးၿမိဳ႕ေပၚမွာ သြားေရာက္ ခိုလႈံသူ ၂,၀၀၀ ေက်ာ္ရွိေနၿပီး က်န္တဲ့သူေတြကေတာ့ ေတာေတာင္ထဲနဲ႔ နီးစပ္ရာမိသားစုေတြဆီမွာ ခိုလႈံ ေနၾကရပါတယ္။

တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက ရန္ႀကီးေအာင္၊ ေခ်ာင္းဂြနဲ႔သန္ပို ေက်းရြာမ်ား။ (Credit : MIMU)
တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက ရန္ႀကီးေအာင္၊ ေခ်ာင္းဂြနဲ႔သန္ပို ေက်းရြာမ်ား။ (Credit : MIMU)

=================

[[Unicode]]


စစ်တပ်ဖမ်းသွားတဲ့ အမျိုးသမီး ၃ ဦး မီးရှို့ခံအလောင်းတွေ ကလေးမြို့တောင်ပိုင်းမှာ တွေ့


တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်တပ်က ဆက်တိုက် နယ်မြေရှင်းနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ သံဖိုကျေးရွာမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အမျိုးသမီး ၃ ယောက်ကို စစ်ကောင်စီတပ်တွေ ဖမ်းသွားပြီးနောက် မီးလောင်ထားတဲ့သူတို့အလောင်းတွေ ပြန်တေ့ွတယ်လို့ ကာကွယ်ရေးအဖွဲ့ဘက် ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးနေတဲ့ဒေသက ထောင်ချီတဲ့ရွာသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ ပေးပို့လာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက ချောင်းခွ၊ သံဖို၊ ရန်ကြီးအောင်အစရှိတဲ့ကျေးရွာတွေဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ရန်ကြီးအောင်ရွာနဲ့ မှန်တောရွာကြားမှာ ချင်းကာကွယ်ရေးပူးပါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၂၄ ရက် ကြာသပတေးနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ကလေး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲက (၂၄) ရက်နေ့ကတော့ရှိတယ်။ မှန်တောဘက်မှာ။ မှန်တောက ရန်ကြီးအောင်ကျော်သေးတယ်ဗျ။ အဲဒီမှာ သူက အင်အား (၆၀) လောက်က မှန်တောရွာကို မွှေတယ်လေ။ မွှေတော့ ဒီဘက်က ကျနော်တို့ ပုံမှန်အဖွဲ့ပဲလေ။ PDF CDF/PDF-KKG/ ပြီးရင် ထန်တလန် RKDF ပြီးရင် ဟားခါးအဖွဲ့ပူးပေါင်းပြီးတော့ ကြားဖြတ်ဝင်တိုက်တာ။ (၂၄) ရက်နေ့ ကပေါ့။ အရာရှိတဦးကျတယ်။ ကျန်တာက (၅)ယောက်၊ (၆) ယောက်လောက်ကျတယ်။”

ကလေးမြို့နယ်အတွင်းဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ကနေ့မှာတော့ သံဖိုရွာအနောက်ဘက် မီတာ ၁,၅၀၀ မှာတော့ PDF အကြမ်းဖက်သောင်းကျန်းသူတွေအခြေပြုနေတဲ့နေရာကို ကျနော်တို့ဝင်ရောက်ပြီးတော့ လုံခြုံရေးအရ ဆောင်ရွက်ခဲ့တာရှိတယ်။ အဲဒီမှာ လက်လုပ်မိုင်းတွေ၊ ယမ်းကြိုးခွေတွေ၊ ကျည်တွေ ကျနော်တို့ သိမ်းဆည်းရမိတာ ရှိပါတယ်။”

အခုလို တိုက်ပွဲတွေဖြစ်နေတဲ့ ရန်ကြီးအောင်ရွာနဲ့ အလှမ်းမဝေးတဲ့ သံဖိုရွာကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတဲ့ သားအမိသုံးဦး အသတ်ခံရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ချောင်းခွဒေသခံတွေဖြစ်တဲ့ သားအမိသုံးယာက်ဟာ သံဖိုကျေးရွာဘက်က တောင်ယာခင်းထဲမှာ တိမ်းရှောင်နေရင်း စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဖမ်းခံရပြီးနောက်တရက် ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ သူတို့ကို သတ်ဖြတ်မီးရှို့ထားတဲ့အလောင်းတွေ တေ့ွတယ်လို့ Chinland Defense Force-Kalay-Kabaw-Gangaw (CDF-KKG) ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရရှိထားတဲ့ မြေပြင်သတင်းအချက်အလက်အရဆိုရင်တော့ ချောင်းခွကျေးရွာလိပ်စာပေါ့နော်။ နေထိုင်မှုကတော့ ချောင်းခွကျေးရွာမှာ မဟုတ်ဘဲနဲ့ သူတို့လုပ်ငန်းခွင်ရှိတဲ့ တဲအိမ်မှာ နေထိုင်နေတဲ့ သားအမိ (၃) ယောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့နောက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒေသခံ ပြည်သူတချို့နဲ့ မျက်မြင်သက်သေတချို့ ပြောပုံအရတော့ ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာ အရှေ့ဘက် ယာခင်းတောမှာရှိတဲ့ တဲအိမ်တခုအတွင်းကနေပြီးတော့ သေနတ် သံ (၃) ချက် ထွက်ပေါ်လာပြီးတဲ့နောက်မှာ အဲဒီတဲအိမ်ကို စစ်တပ်ကနေပြီးတော့မှ မီးရှို့ ဖျက်စီးခဲ့တယ်လို့ သိရပါတယ်ဗျ။ ဖြစ်စဉ်အပြီးနောက်တရက်မှာ ကျနော်တို့ PDF-KKG နဲ့ PDF တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်စီးခံခဲ့ရတဲ့ တဲအိမ်ကို စစ်ဆေးကြည့်ရှုတဲ့အခါမှာ မီးလောင်ကျွမ်းနေတဲ့အရိုးပြာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။”

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သားအမိ ၃ ဦးကတော့ Nu Ngun Za Len (ဒေါ်ငွန်ဇာလဲန်- ၄၀ နှစ်)၊ Mai Thian Nun Cawi (မိုင်သီယန်နွန်ကြွယ်- ၁၆ နှစ်)၊ နဲ့ Mai Ngun Za Thian (မိုင်ငွန်ဇာသီယန်-၁၄ နှစ်) တို့ဖြစ်ကြပါတယ်။

အဖမ်းဆီးခံရွာသူအမျိုးသမီး ၃ ဦး မီးရှို့သတ်ဖြတ်ခံရတဲ့စွပ်စွဲချက်နဲ့ပက်သက်လို့ သူတို့ လုပ်တာမ ဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

“အဲဒီဖြစ်စဉ်ကတော့ မရှိပါဘူးဗျ။ ...စွပ်စွဲချက်တွေကတော့ ဖြစ်နေကျဖြစ်ပါတယ်။ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေကတော့ တိုက်ပွဲဖြစ်ပြီးတော့ တပ်ကနေ ရွာကိုမီးရှို့တယ်တို့၊ လူတွေကိုမီးရှို့သတ်တယ်တို့ဆိုတာ သူတို့ရဲ့ပုံမှန် လုပ်ငန်းတွေပါ။ ရှင်းရှင်းပြောရရင် ကျနော်တို့အနေနဲ့က အခုအချိန်မှာ တပ်မတော်အစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်တယ်။ မီးရှို့လို့ ရွာမီးလောင်သွားလို့ရှိရင် IDP တွေ ဖြစ်လာရင် တပ်မတော်ကပဲ ကျွေးရမွေးရတာဖြစ်တယ်။ တပ်မတော်ကပဲ စောင့်ရှောက်ရတာဖြစ်တယယ်။ ဒီအစိုးရကပဲ အလုပ်များရတာဖြစ်တယ်။ ကျနော်တို့အလုပ်များစေမယ့်အလုပ်မျိုး ကျနော်တို့ လုပ်စရာအကြောင်းကိုမရှိဘူး။”

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းနေပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် နတ်ချောင်း၊ ချောင်းခွ၊ သံဖို၊ ရန်ကြီးအောင်အစရှိတဲ့ ကျေးရွာတွေက ထောင်နဲ့ချီ တဲ့ ရွာသားတွေ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ CDF-KKG ပြန် ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ သံဖို ရန်ကြီးအောင်စတဲ့ ကျေးရွာတွေကတော့ စစ်ဘေးရှောင်နေရတဲ့ အနေအထား ပေါ့ ခင်ဗျ။ လူပမာဏအားဖြင့်တော့ ခန့်မှန်းရခက်ပေမယ့် အိမ်ခြေပေါင်း (၇၀၀) (၈၀၀) ထိအောင် စစ်ဘေးရှောင်နေရပါတယ်။ ထောင်ဂဏန်းကျော်မှာပါ ခင်ဗျ။”

တော တောင်တွေထဲမှာ ပုန်းခိုနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ အစားအသောက် အခက်အခဲရှိနေတယ်လို့ သံဖိုကျေးရွာသားတဦးက ပြောပြပါတယ်။

“ကျနော်လည်း ရှောင်နေရတာ ပုန်းနေရတာ။ ကျနော်တို့ဘက်က စစ်သားတွေများလို့လေ။ သံဖိုတို့၊ နတ်ချောင်းတို့ပေါ့။ ချောင်းခွလည်း ရှောင်နေရတယ်။ တောထဲမှာရှောင်နေရတယ်လေ။ အခက်ခဲကတော့ အစားသောက်ပိုင်းခက်ခဲပါတယ်။”

ဖေဖော်ဝါရီ ၂၄ ရက် ကြာသပေးနေ့ကတော့ သံဖို၊ ရန်ကြီးအောင် အစရှိတဲ့ ကျေးရွာသားတွေ ပုန်းခိုနေတဲ့ နေရာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ် တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင် ပြည်သူတစ်ဦး ဒဏ်ရာရ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတုန်းကလည်း သံဖိုကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိကလေးမြို့နယ် တောင်ပိုင်းဒေသမှာ ချင်းကာကွယ်ရေးပူးပါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲတွေဖြစ်နေလို့ ရွာသားတသောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးပုန်းခိုနေကြရပါတယ်။ အဲဒီအထဲ ကလေးမြို့ပေါ်မှာ သွားရောက် ခိုလှုံသူ ၂,၀၀၀ ကျော်ရှိနေပြီး ကျန်တဲ့သူတွေကတော့ တောတောင်ထဲနဲ့ နီးစပ်ရာမိသားစုတွေဆီမှာ ခိုလှုံ နေကြရပါတယ်။
=================

XS
SM
MD
LG