သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း ေက်းရြာတခ်ိဳ႕ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္မီးရိႈႈ႕ (ေဒသခံမ်ား)


(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႔နယ္ ထဲမွာ စစ္ေကာင္စီတပ္ေတြက ဗုဒၶဟူးေန႔က ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မူေတြ လုပ္ခဲ့ၿပီးတဲ့ေနာက္ မူး မႏၲေလး ေျမာက္႐ြာေဒသခံ ၁၀၀ ေလာက္ အဖမ္းခံထားရသလို ဖမ္းဆီးခံရသူေတြထဲက အမ်ိဳးသားတခ်ိဳ႕ သတ္ျဖတ္ခံရတယ္လို႔ ေဒသခံေတြက ဆုိပါတယ္။ ဒါ႔အျပင္ ရြာထဲက အိမ္ေတြကိုလည္း မီးရိႈ႕ ဖ်က္ဆီးမူေတြ လုပ္ေနတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။

စစ္ကုိင္းတိုင္း ျမင္းမူၿမိဳ႕နယ္ အတြင္းက ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ဖဲြေတြ ရွိမယ္လို႔ ထင္ရတဲ့ေနရာေတြ အပါအ၀င္ ေက်းရြာေတြကုိ ဇူလိုင္လ၂၇ ရက္ေန႔ မနက္ပုိင္းကစၿပီး စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မႈ လုပ္ခဲ့ျပီးတဲ့ေနာက္ ထြက္ေျပးတိမ္းေရွာင္ၾကတဲ့ ေက်းရြာသား ၁၀၀ ေလာက္ကုိ ဖမ္းဆီးၿပီး တခ်ိဳ ့ရြာသားေတြ သတ္ျဖတ္ခံရတယ္လို႔ မူးမႏၱေလး ေက်းရြာသား တဦးက ေျပာပါတယ္။

“ဖမ္းထားတဲ့ သူေတြကေတာ့ ၁၀၀ နီးပါးေလာက္ရိွတယ္။ အမ်ိဳးသမီးေကာ ကေလးေကာ အစံုပဲခင္ဗ်။ က်ေနာ္တို႔ မူးမႏၱေလးေျမာက္ရြာႀကီးထဲက ထြက္ေျပးတဲ့သူေတြကို လမ္းမွာဖမ္းၿပီး အကုန္လံုးကို မိတဲ့သူေတြကုိ ဘုန္းႀကီးေက်ာင္းမွာ စုထားတယ္။ ရြာခံတေယာက္ကုိ မိရင္ ပုန္းေနတဲ့သူေတြကို အရိပ္ပဲျမင္ရျမင္ရ လွမ္းေခၚခိုင္းၿပီး ဖမ္းတယ္။ ထြက္လာခိုင္းတယ္။ မထြက္လာရင္ အကုန္ ပစ္သတ္မယ္ေျပာလို႔ ေၾကာက္တဲ့သူေတြကေတာ့ ထြက္လာၾကရတယ္။ အသတ္ခံရတာ အတိအက်ေတာ့ မသိေသးဘူး။ အခုေလာေလာဆယ္ ၆ ေယာက္ေလာက္ရွိတယ္။ ေယာက်ာ္းေလးေတြ ၅ ေယာက္ ၆ ေယာက္ရွိတယ္။ ဘယ္သူဘယ္၀ါလည္း ဆုိတာလည္း မသိေသးဘူး။ က်န္တဲ့သူေတြကိုေတာ့ ေမးျမန္း စစ္ေဆးေနတာရွိတယ္။ ”

စစ္ေကာင္စီဘက္ကေတာ့ ဇူလိုင္လ၂၈ ရက္ေန႔မွာ မူးမႏၱေလး ေတာင္ရြာကုိလည္း မီးရိႈႈ႕ ေနတယ္လို႔လည္း ရြာသြားက ဆက္ေျပာျပပါတယ္။

“ အခုထက္ထိ စစ္ေကာင္စီတပ္က မထြက္ေသးဘူး။ လက္ရွိ ေတာင္ရြာမွာ မီးရိႈ႕သြားတယ္။ မူးမႏၱေလးေတာင္ရြာ က လမ္းေဘးကပ္ေနတဲ့ အိမ္ေတြကို မီးရိႈ႕ သြားတယ္။ လက္ရွိမွာလည္း ေညာင္ပင္ရွည္ရြာဘက္ေန လာၿပီး တလိုင္းကြ်န္းရြာဘက္ကုိ မီးေတြ ရိႈ႕ႈ ေနတယ္။ ”

အိမ္ေတြက ကပ္ေနတဲ့အတြက္ တရြာလံုးျပာက်မယ့္ အေျခအေနေတြ ရွိေနတယ္လို႔လည္းဆုိပါတယ္။ အခုအခါမွာေတာ့ ျမင္းမူၿမိဳ႕နယ္ထဲက မူးမႏၱေလးေတာင္ရြာ ေျမာက္ရြာေက်းရြာသားေတြလည္း ထြက္ေျပးေနသလို ဗုဒၶဟူးေန႔က စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မူေတြေၾကာင့္ ျမင္းမူၿမိဳ႕နယ္ထဲက ေက်းရြာအုပ္စု ၄၂ အုပ္စု၊ ရြာေပါင္း ၈၄ ရြာက ရြာသားေတြဟာလည္း ေတာေတာင္ေတြထဲ ထြက္ေျပးပုန္းေရွာင္ေနၾကရတယ္လို႔ ဆုိပါတယ္။ စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန တုိက္ခိုက္ျပီးတဲ့ေနာက္ ေျခလ်င္တပ္ေတြက ရြာေတြထဲကုိ၀င္ေရာက္ျပီး တပ္စဲြထားသလို ရြာသားေတြကုိဖမ္းဆီးတာေတြ သတ္ျဖတ္တာေတြ ေက်းရြာက အိမ္ေတြကိုမီးရိႈ႕ တာေတြလုပ္ေနတယ္လို႔လည္း ဆိုပါတယ္။ အလားတူ စစ္ကိုင္းတိုင္း ယင္းမာပင္ခရိုင္ ဆားလင္းႀကီးျမိဳနယ္ ထဲက ေရမိန္ေတာင္ရြာမွာ တပ္စဲြထားတဲ့ စစ္ေကာင္စီတပ္က ဇူလိုင္လ၂၅ ရက္ေန႔က ေဒသခံ ေက်းရြာသား ၅ ဦးကို သတ္ျဖတ္ခဲ့တယ္လို႔လည္း ေရမိန္ေတာင္ေက်းရြာသားေတြက ေျပာျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကိုင်းတိုင်း ကျေးရွာတချို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှိုှု့ (ဒေသခံများ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထဲမှာ စစ်ကောင်စီတပ်တွေက ဗုဒ္ဓဟူးနေ့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မူတွေ လုပ်ခဲ့ပြီးတဲ့နောက် မူး မန္တလေး မြောက်ရွာဒေသခံ ၁၀၀ လောက် အဖမ်းခံထားရသလို ဖမ်းဆီးခံရသူတွေထဲက အမျိုးသားတချို့ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ရွာထဲက အိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးမူတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေ ရှိမယ်လို့ ထင်ရတဲ့နေရာတွေ အပါအဝင် ကျေးရွာတွေကို ဇူလိုင်လ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့ပြီးတဲ့နောက် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ကျေးရွာသား ၁၀၀ လောက်ကို ဖမ်းဆီးပြီး တချို့ရွာသားတွေ သတ်ဖြတ်ခံရတယ်လို့ မူးမန္တလေး ကျေးရွာသား တဦးက ပြောပါတယ်။

“ဖမ်းထားတဲ့ သူတွေကတော့ ၁၀၀ နီးပါးလောက်ရှိတယ်။ အမျိုးသမီးကော ကလေးကော အစုံပဲခင်ဗျ။ ကျနော်တို့ မူးမန္တလေးမြောက်ရွာကြီးထဲက ထွက်ပြေးတဲ့သူတွေကို လမ်းမှာဖမ်းပြီး အကုန်လုံးကို မိတဲ့သူတွေကို ဘုန်းကြီးကျောင်းမှာ စုထားတယ်။ ရွာခံတယောက်ကို မိရင် ပုန်းနေတဲ့သူတွေကို အရိပ်ပဲမြင်ရမြင်ရ လှမ်းခေါ်ခိုင်းပြီး ဖမ်းတယ်။ ထွက်လာခိုင်းတယ်။ မထွက်လာရင် အကုန် ပစ်သတ်မယ်ပြောလို့ ကြောက်တဲ့သူတွေကတော့ ထွက်လာကြရတယ်။ အသတ်ခံရတာ အတိအကျတော့ မသိသေးဘူး။ အခုလောလောဆယ် ၆ ယောက်လောက်ရှိတယ်။ ယောကျာ်းလေးတွေ ၅ ယောက် ၆ ယောက်ရှိတယ်။ ဘယ်သူဘယ်ဝါလည်း ဆိုတာလည်း မသိသေးဘူး။ ကျန်တဲ့သူတွေကိုတော့ မေးမြန်း စစ်ဆေးနေတာရှိတယ်။ ”

စစ်ကောင်စီဘက်ကတော့ ဇူလိုင်လ၂၈ ရက်နေ့မှာ မူးမန္တလေး တောင်ရွာကိုလည်း မီးရှိုှု့ နေတယ်လို့လည်း ရွာသွားက ဆက်ပြောပြပါတယ်။

“ အခုထက်ထိ စစ်ကောင်စီတပ်က မထွက်သေးဘူး။ လက်ရှိ တောင်ရွာမှာ မီးရှို့သွားတယ်။ မူးမန္တလေးတောင်ရွာ က လမ်းဘေးကပ်နေတဲ့ အိမ်တွေကို မီးရှို့ သွားတယ်။ လက်ရှိမှာလည်း ညောင်ပင်ရှည်ရွာဘက်နေ လာပြီး တလိုင်းကျွန်းရွာဘက်ကို မီးတွေ ရှို့ှု နေတယ်။ ”

အိမ်တွေက ကပ်နေတဲ့အတွက် တရွာလုံးပြာကျမယ့် အခြေအနေတွေ ရှိနေတယ်လို့လည်းဆိုပါတယ်။ အခုအခါမှာတော့ မြင်းမူမြို့နယ်ထဲက မူးမန္တလေးတောင်ရွာ မြောက်ရွာကျေးရွာသားတွေလည်း ထွက်ပြေးနေသလို ဗုဒ္ဓဟူးနေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေကြောင့် မြင်းမူမြို့နယ်ထဲက ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ရွာပေါင်း ၈၄ ရွာက ရွာသားတွေဟာလည်း တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် ခြေလျင်တပ်တွေက ရွာတွေထဲကိုဝင်ရောက်ပြီး တပ်စွဲထားသလို ရွာသားတွေကိုဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေ ကျေးရွာက အိမ်တွေကိုမီးရှို့ တာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။ အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြိုနယ် ထဲက ရေမိန်တောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇူလိုင်လ၂၅ ရက်နေ့က ဒေသခံ ကျေးရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့လည်း ရေမိန်တောင်ကျေးရွာသားတွေက ပြောပြပါတယ်။

XS
SM
MD
LG