သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း






{{Zawgyi/Unicode}}

"သူတို့ စစ်တပ်က ညနေ ၄နာရီခွဲ ၅နာရီလောက်က ၀င်လာတာ ရွာတွေထဲကိုဝင်လာတာ ၂တပ်ပေါင်းပြီးဝင်လာတာကပ်လို့ မရတော့ဘူ မိသွားပြီဆိုရင် ဟိုကန် ဒီကန် ဟိုဆွဲ ဒီဆွဲလုပ်တာ ဟိုနင်းဒီနင်းလုပ်တာခံရတာ ကလေးတွေကော ရွာသူ၇ွာသာေးတွ အားလုံးက တောထဲမှာငတ်တလှည့်ပြတ်တလှည့်ပတ်ပြေးပြီး နေနေရတယ် အခုလည်းတောထဲမှာရှိတုန်းပဲ စည်ပင်ရွာရယ် ကန်သာရွာရယ် ထောင်နဲ့ချီရှိကြတာ"


တိုက်ရိုက် လင့်ခ်

.........................................................

စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေစိုးရိမ်

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေးနေကြရတယ်လို့ ကိုယ်တိုင် တိမ်းရှောင်နေတဲ့ ရွာသားတချို့က ပြောပါတယ်။ စစ်ကိုင်တိုင်း မြင်းမူမြိုနယ်ထဲက စည်ပင်ကျေးရွာ၊ ကန်သာကျေးရွာ၊ ချောင်းကွေ့ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးမှုတွေနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတာကြောင့် ဒေသခံရွာသားတွေ ကြောက်လန့်ပြီး ပုန်းရှောင်နေကြရတာလို့လည်း ဒေသခံတဦးကပြောပါတယ်။

"သူတို့စစ်တပ်က ညနေ ၄နာရီခွဲ ၅နာရီလောက်က ဝင်လာတာ ရွာတွေထဲကိုဝင်လာတာ ၂တပ်ပေါင်းပြီးဝင်လာတာကပ်လို့ မရတော့ဘူ မိသွားပြီဆိုရင် ဟိုကန် ဒီကန် ဟိုဆွဲ ဒီဆွဲလုပ်တာ ဟိုနင်းဒီနင်းလုပ်တာခံရတာ ကလေးတွေကော ရွာသူရွာသာေးတွ အားလုံးက တောထဲမှာငတ်တလှည့်ပြတ်တလှည့်ပတ်ပြေးပြီး နေနေရတယ် အခုလည်းတောထဲမှာရှိတုန်းပဲ စည်ပင်ရွာရယ် ကန်သာရွာရယ် ထောင်နဲ့ချီရှိကြတာ"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်အုံကြွမှုတွေ ပေါ်ပေါက်နေရာမှာ စစ်ကိုင်းတိုင်း အပါအဝင် ဒေသတချို့မှာ လက်နက်ကိုင် ပုန်ကန်လှုပ်ရှားမှုတွေ ရှိနေတာကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်လေ့ရှိပါတယ်။ စစ်ဆင်ရေးတွေအတွင်း ဒေသခံအရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေလည်း ထွက်ပေါ်လေ့ ရှိပေမဲ့ စစ်ကောင်စီဖက်က ငြင်းဆန်လေ့ရှိသလို၊ လုံခြုံရေးအခြေအနေအရ သီးခြားအတည်ပြုဖို့လည်း ခက်ခဲနေပါတယ်။

XS
SM
MD
LG