သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း မင္းကင္း ဘက္ စစ္ေကာင္စီနယ္ေျမရွင္း တိုက္ပဲြျပင္း


မင္းကင္းၿမဳိ႕

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ထဲက ေလာင္းျပည့္နဲ႔ သံေပါက္ ေက်းရြာေတြကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြရွိေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ မင္းကင္း ဘက္ အေျခအေနေတြကို ကိုဉာဏ္ဝင္းေအာင္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း မင္းကင္း ဘက္ စစ္ေကာင္စီနယ္ေျမရွင္း တိုက္ပဲြျပင္း

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ထဲက ေလာင္းျပည့္နဲ႔ သံေပါက္ ေက်းရြာေတြကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြရွိေနပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံအရပ္သားေတြ ထြက္ေျပးတိမ္းေရွာင္ေနရသလို လက္နက္ႀကီးထိမွန္တာေတြလည္းရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ မင္းကင္း ဘက္ အေျခအေနေတြကို ကိုဉာဏ္ဝင္းေအာင္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ အေရွ႕ဘက္ကမ္းက ေလာင္းျပည့္ေက်းရြာကို ၾသဂုတ္ ၆ ရက္က ေလေၾကာင္းကေန ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ၿပီး စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ စစ္ေကာင္စီတပ္ေတြက ေလာင္းျပည့္မွာ တပ္စြဲေနၿပီး ေဘးအနားကရြာျဖစ္တဲ့ သံေပါက္ေက်းရြာအနီးမွာ ၾသဂုတ္လ ၇ ရက္ ညေနပိုင္းနဲ႔ ၈ ရက္ မနက္ပိုင္းတို႔မွာ ၂ ရက္ဆက္တိုက္ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာပါ။

တိုက္ပြဲအေျခအေနေတြနဲ႔ပတ္သက္လို႔ မင္းကင္းေဒသခံကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“ေလာင္းျပည့္ကို ဟတ္စကီးနဲ႔ပစ္ၿပီးေတာ့ ရဟတ္ယာဥ္နဲ႔ပစ္ၿပီးေတာ့မွ ကြ်န္ေတာ္တို႔နဲ႔ျဖစ္တာက သံေပါက္ေတာတိုက္မွာျဖစ္တာ။ တေန႔ကစၿပီးျဖစ္တာ ေလာင္းျပည့္ကိုခ်သြားၿပီးေတာ့ သူတို႔က ေလာင္းျပည့္နဲ႔ သံေပါက္ေတာတိုက္ၾကားထဲမွာ ခိုၿပီးေတာ့ တက္လာတာေပါ့။ မေန႔ေန႔လည္ပိုင္းကတည္းျဖစ္တာ။ ဒီေန႔ကေတာ့ သူတို႔ရြာကို၀င္ေမႊၿပီး ကူးသြားၾကၿပီ။”

ၾသဂုတ္ ၆ ရက္ေန႔က ေလာင္းျပည့္ေက်းရြာကို ရဟတ္ယာဥ္နဲ႔ ပစ္ခတ္မႈအတြင္း အရပ္သား ၃ ဦးထက္မနည္းေသဆံုးခဲ့ၿပီး ေသဆံုးမႈ ထပ္တိုးလာႏိုင္သလို စစ္ေကာင္စီတပ္ေတြ ရြာပတ္၀န္းက်င္မွာ ရွိေနတဲ့အတြက္ အတိအက် အတည္ျပဳဖို႔ ခဲယဥ္းေနတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြကေျပာသလို ေဒသခံေတြကလည္း အတည္ျပဳပါတယ္။ ေလေၾကာင္းတိုက္ခိုက္တာေၾကာင့္ အရပ္သားေတြေသဆံုးတာနဲ႔ ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈအတြင္း ေဒသခံအရပ္သားေတြ ေတာေတာင္ေတြတိမ္းေရွာင္ေနရၿပီး အရပ္သားတဦး လက္နက္ႀကီးထိမွန္ ခဲ့တယ္လို႔ ေဒသံတဦးက အခုလိုေျပာပါတယ္။

“ေလာင္းျပည့္မွာတပ္စြဲထားတဲ့တပ္က သံေပါက္ကို လာ၀င္စီးတာေလ။ အဲ့ဒီမွာတိုက္ပြဲျဖစ္တာ။ စစ္ေဘးေရွာင္ျပည္သူထဲမွာေတာ့ လက္နက္ႀကီးေက်ာ္က်လို႔ တေယာက္ေျခေထာက္ကိုထိသြားတယ္။ ၆၅ ႏွစ္အရြယ္အဖိုးႀကီးတေယာက္။ လူဦးေရအေနနဲ႔ကေတာ့ လူဦးေရက အတိအက်ေတာ့မသိဘူးခင္ဗ်။ အိမ္ေထာင္စုဦးေရေပါင္းက ၄၀၀ ေက်ာ္ရွိတယ္။ စစ္ေကာင္စီတပ္က ထြက္ၿပီးလားမထြက္ေသးဘူးလားမသိေတာ့ ျပည္သူေတြကေတာ့ ေတာထဲမွာပဲပုုန္းေရွာင္ေနရတယ္။ဒီအတိုင္းပဲရွိေသးတယ္။”

စစ္ကိုင္းတိုင္းထဲက မင္းကင္းၿမိဳ႕နယ္ကို စစ္ေကာင္စီက ကုန္းေၾကာင္း ေလေၾကာင္းအျပင္ ခ်င္းတြင္းျမစ္ေဘးက ေက်းရြာေတြကိုလည္း ေရေၾကာင္းကေနပါ မၾကာခဏ နယ္ေျမရွင္းလင္းတာေတြလုပ္တာပါ။ စစ္ေကာင္စီက အခုလို နယ္ေျမရွင္းလင္းတာေတြ လုပ္လို႔ ျမစ္ေဘးက ေက်းရြာအမ်ားစုဟာ အၿမဲလိုလို စစ္ေဘးေရွာင္ေနရပါတယ္။

ၿပီးခဲ့တဲ့ ဂ်ဳလိုင္လအတြင္းကလည္း မင္းကင္းၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီ တပ္ဖြဲ႕ ေရယာဥ္ေတြနဲ႔ ေဒသခံ PDF အဖြဲ႕ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ေနအိမ္ခ်ဳိ႕ မီးေလာင္ပ်က္ဆီးခဲ့သလို အရပ္သားေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ပါတယ္။

လက္နက္ႀကီးက်ည္ ထိမွန္ၿပီး အရပ္သားတခ်ဳိ႕ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕က ေျပာေပမယ့္ သီးျခားအတည္ျပဳခ်က္မရခဲ့ပါတယ္။ ျမန္မာႏိုင္ငံ အလယ္ပိုင္း ေနရာတခ်ဳိ႕မွာ အရပ္သားေတြရဲ႕ ေနအိမ္ေတြ မီးေလာင္ခဲ့တာနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအၾကား အျပန္အလွန္ စြပ္စြဲေျပာဆိုေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

စစ်ကိုင်းတိုင်း မင်းကင်း ဘက် စစ်ကောင်စီနယ်မြေရှင်း တိုက်ပွဲပြင်း

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ထဲက လောင်းပြည့်နဲ့ သံပေါက် ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပါတယ်။ တိုက်ပွဲကြောင့် ဒေသခံအရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရသလို လက်နက်ကြီးထိမှန်တာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မင်းကင်း ဘက် အခြေအနေတွေကို ကိုဉာဏ်ဝင်းအောင် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းက လောင်းပြည့်ကျေးရွာကို သြဂုတ် ၆ ရက်က လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေက လောင်းပြည့်မှာ တပ်စွဲနေပြီး ဘေးအနားကရွာဖြစ်တဲ့ သံပေါက်ကျေးရွာအနီးမှာ သြဂုတ်လ ၇ ရက် ညနေပိုင်းနဲ့ ၈ ရက် မနက်ပိုင်းတို့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ မင်းကင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“လောင်းပြည့်ကို ဟတ်စကီးနဲ့ပစ်ပြီးတော့ ရဟတ်ယာဉ်နဲ့ပစ်ပြီးတော့မှ ကျွန်တော်တို့နဲ့ဖြစ်တာက သံပေါက်တောတိုက်မှာဖြစ်တာ။ တနေ့ကစပြီးဖြစ်တာ လောင်းပြည့်ကိုချသွားပြီးတော့ သူတို့က လောင်းပြည့်နဲ့ သံပေါက်တောတိုက်ကြားထဲမှာ ခိုပြီးတော့ တက်လာတာပေါ့။ မနေ့နေ့လည်ပိုင်းကတည်းဖြစ်တာ။ ဒီနေ့ကတော့ သူတို့ရွာကိုဝင်မွှေပြီး ကူးသွားကြပြီ။”

သြဂုတ် ၆ ရက်နေ့က လောင်းပြည့်ကျေးရွာကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုအတွင်း အရပ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးမှု ထပ်တိုးလာနိုင်သလို စစ်ကောင်စီတပ်တွေ ရွာပတ်ဝန်းကျင်မှာ ရှိနေတဲ့အတွက် အတိအကျ အတည်ပြုဖို့ ခဲယဉ်းနေတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကပြောသလို ဒေသခံတွေကလည်း အတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေသေဆုံးတာနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီက နယ်မြေရှင်းလင်းမှုအတွင်း ဒေသခံအရပ်သားတွေ တောတောင်တွေတိမ်းရှောင်နေရပြီး အရပ်သားတဦး လက်နက်ကြီးထိမှန် ခဲ့တယ်လို့ ဒေသံတဦးက အခုလိုပြောပါတယ်။

“လောင်းပြည့်မှာတပ်စွဲထားတဲ့တပ်က သံပေါက်ကို လာဝင်စီးတာလေ။ အဲ့ဒီမှာတိုက်ပွဲဖြစ်တာ။ စစ်ဘေးရှောင်ပြည်သူထဲမှာတော့ လက်နက်ကြီးကျော်ကျလို့ တယောက်ခြေထောက်ကိုထိသွားတယ်။ ၆၅ နှစ်အရွယ်အဖိုးကြီးတယောက်။ လူဦးရေအနေနဲ့ကတော့ လူဦးရေက အတိအကျတော့မသိဘူးခင်ဗျ။ အိမ်ထောင်စုဦးရေပေါင်းက ၄၀၀ ကျော်ရှိတယ်။ စစ်ကောင်စီတပ်က ထွက်ပြီးလားမထွက်သေးဘူးလားမသိတော့ ပြည်သူတွေကတော့ တောထဲမှာပဲပုန်းရှောင်နေရတယ်။ဒီအတိုင်းပဲရှိသေးတယ်။”

စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နယ်ကို စစ်ကောင်စီက ကုန်းကြောင်း လေကြောင်းအပြင် ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေကိုလည်း ရေကြောင်းကနေပါ မကြာခဏ နယ်မြေရှင်းလင်းတာတွေလုပ်တာပါ။ စစ်ကောင်စီက အခုလို နယ်မြေရှင်းလင်းတာတွေ လုပ်လို့ မြစ်ဘေးက ကျေးရွာအများစုဟာ အမြဲလိုလို စစ်ဘေးရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဂျုလိုင်လအတွင်းကလည်း မင်းကင်းမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ ရေယာဉ်တွေနဲ့ ဒေသခံ PDF အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နေအိမ်ချို့ မီးလောင်ပျက်ဆီးခဲ့သလို အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

လက်နက်ကြီးကျည် ထိမှန်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောပေမယ့် သီးခြားအတည်ပြုချက်မရခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း နေရာတချို့မှာ အရပ်သားတွေရဲ့ နေအိမ်တွေ မီးလောင်ခဲ့တာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

XS
SM
MD
LG