သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြး စစ္ကိိုင္း စစ္ေကာင္စီ နယ္ေျမရွင္းလင္းေရး ေဒသခံေတြ ဒုကၡ ေရာက္


မွတ္တမ္းဓာတ္ပံု - မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ တပတ္ေက်ာ္ၾကာ စစ္ေကာင္စီတပ္ နယ္ေျမရွင္းလင္းမႈ အတြင္း ေက်း႐ြာေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္းခဲ့ ( Photo : CJ )

(Zawgyi / Unicode)

မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြရွိေနၿပီး ေနအိမ္ေတြ မီးရႈိ႕ ခံရကာ ေလေၾကာင္းကေနပါ ပစ္ခတ္တာေတြရွိသလို စစ္ေကာင္စီဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီးထိမွန္တာေၾကာင့္ ကေလးငယ္တဦး ေသဆံုးခဲ့ပါတယ္။ စစ္ကုိင္းတိုင္း ဆားလင္းႀကီးဘက္မွာလည္း အရပ္သားေတြ သတ္ျဖတ္ခံေနရတာရွိသလို မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းအစပ္မွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္ေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက အေျခအေနေတြကို ကိုရဲမြန္ ကေျပာျပပါမယ္။

ဇူလိုင္ ၂၆ ရက္က မေကြးတိုင္း ေပါက္ေတာင္ပိုင္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕က ေဇယ်ာေသာ္ စစ္ဆင္ေရး အမည္နဲ႔ စစ္ေကာင္စီနဲ႔ စစ္ေကာင္စီ ေထာက္ခံသူေတြ တပ္စြဲထားတဲ့ တပ္ကုန္းေက်းရြာကို ၀င္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။

၀င္ေရာက္တိုက္ခိုက္ၿပီး ေနာက္ပိုင္းမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ ေတြနဲ႔ စစ္ေကာင္စီတို႔ စစ္ေရးတင္းမာေနၿပီး ဇူလိုင္ ၂၈ ၾကာသပေတးေန႔ မနက္ပိုင္းက ေတာင္ျမင့္ေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ညေနပိုင္းမွာ ေက်းရြာထဲ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီက ရဟတ္ယာဥ္အသံုးျပဳၿပီး ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက ေျပာပါတယ္။

“တိုက္ပြဲကျပင္းထန္တယ္ သူ႔ဘက္ကိုယ့္ဘက္ပစ္တာ။ ၁ နာရီခြဲေလာက္ ထိေတြ႔မႈ ျဖစ္ေနတဲ့အခ်ိန္မွာ သူတို႔ကို ၀ိုင္းမိၿပီးေတာ့ ရကာနီးစဲစဲမွ ေလယာဥ္နဲ႔ လာပစ္သြားတာခင္ဗ်။ Mi 35 ဟတ္စကီးနဲ႔ပစ္တာဗ်။ ရြာထဲေတြကိုလည္း ပစ္တယ္။ ရြာေလးအစပ္က ေဆးေပါင္းရံုေတြကိုလည္း ပစ္တယ္။ ေဆးေပါင္းရံု တရံု မီးေလာင္တယ္။ ျပည္သူအနည္းအက်ဥ္း ထိခိုက္တယ္ေပါ့။”

ဒါ့အျပင္ ေတာင္ျမင့္ေက်းရြာက ေနအိမ္ေတြကို မီးရိႈ႕တာေတြ လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။ ေတာင္ျမင့္ေက်းရြာရဲ႕ ေျမာက္ဖက္မွာရွိတဲ့ က်ားပစ္ကန္ေက်းရြာကိုလည္း ဇူလိုင္ ၂၇ ရက္က စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ၿပီး လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ က်ားပစ္ကန္ေက်းရြာက ေနအိမ္၀င္းထဲမွာ ေဆာ့ကစားေနတဲ့ အသက္မျပည့္ေသးတဲ့ ကေလးငယ္ ၁ ဦး လက္နက္ႀကီး ထိမွန္ၿပီး ေသဆံုးခဲ့ပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီး က်ားပစ္ကန္ေက်းရြာမွာ တပ္စြဲေနသလို ဇူလိုင္ ၂၈ ရက္ ၾကာသပေတးေန႔ မနက္ပိုင္းမွာလည္း က်ားပစ္ကန္ေက်းရြာက ေနအိမ္ေတြကိုမီးရိႈ႕ေနတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးက ဆက္ေျပာပါတယ္။ ေျပာပါတယ္။

“ေယာေခ်ာင္း အေနာက္ကေန တိုက္ပြဲမဟုတ္ဘဲနဲ႔ သူ႔ဟာသူ တည္ရွိေနတဲ့ရြာကို PDF ေတြလည္း မရွိဘဲနဲ႔ အဲ့ရြာကို လက္နက္ႀကီးနဲ႔လွမ္းပစ္တာ။ လက္နက္ႀကီးနဲ႔ လွမ္းပစ္ေတာ့ ျပည္သူတေယာက္ထိခိုက္တယ္။၂ ႏွစ္ ၃ ႏွစ္အရြယ္ ကေလးမေလးတေယာက္ဆံုးရံႈးတယ္။ ကေလးက သူ႔ဘာသာသူ ရြာထဲ ေဆာ့ကစားေနတာ သူက လက္နက္ႀကီးနဲ႔ ၂ ခ်က္ပစ္တာ။ တခ်က္က ရြာအစပ္ကို က်ၿပီးေတာ့ တခ်က္က အဲ့ကေလးမေလး ေဆာ့ေနတဲ့ အိမ္၀ိုင္းထဲကို ကြက္တိက်သြားတာ။ အဲ့မွာတပ္စြဲတယ္။ ဒီကေန႔မနက္က အဲ့ရြာ တရြာလံုးကို မီးရိႈ႕တယ္။”

က်ားပစ္ကန္ေက်းရြာဟာ အိမ္ေျခ ၃၀၀ ပတ္၀န္းက်င္ရွိတဲ့ ေက်းရြာႀကီးတရြာျဖစ္ၿပီး ေနအိမ္ဘယ္ေလာက္ ေလာင္ကြ်မ္းတယ္ဆိုတာကိုေတာ့ တိတိက်က်မသိရေသးပါဘူး။

ဒါက မေကြးတိုင္းက အေျခအေနပါ။ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ ေရမိန္ေတာင္ေက်းရြာကို ဇူလိုင္ ၂၅ ရက္က စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာၿပီး ဇူလိုင္ ၂၆ ျပန္လည္ထြက္ခြါသြားခ်ိန္မွာ သတ္ျဖတ္ခံထားရတဲ့ ရုပ္အေလာင္း ၅ ေလာင္းကို ေတြ႕ရွိခဲ့ပါတယ္။ ေနာက္တေန႔ ဇူလိုင္ ၂၇ ရက္မွာ မင္းေတာနဲ႔ ထူးႀကီးေက်းရြာနားမွာ သတ္ျဖတ္ခံထားရတဲ့ ရုပ္အေလာင္း ၄ ေလာင္း စုစုေပါင္း ၉ ေလာင္း ေတြ႕ရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“၂၆ ရက္ေန႔မွ ကြ်န္ေတာ္တို႔က ရြာကို၀င္ႏိုင္တာေပါ့။ ၂၆ ရက္ေန႔မွ သူတို႔က ထြက္သြားတာေလ။ စစ္ေၾကာင္းက ေသနတ္သံၾကားရတာေတာ့ ၂၅ ရက္ ၀င္တဲ့ေန႔က ၾကားရတာေပါ့။ ၂၆ ရက္ေန႔ ထြက္သြားတဲ့ေန႔မွာ ေသနတ္သံမၾကားရဘူး။ ဒီအတိုင္းထြက္သြားတာေပါ့။ အသတ္ခံရတာက ျပည္သူ ၃ ေယာက္ အသတ္ခံရတာဗ်။ ျပည္သူ ၃ ေယာက္ အသတ္ခံရၿပီးေတာ့ ဒီအျပင္ရြာကေန ဓားစာခံ ၂ ေယာက္ေခၚလာတာေပါ့။ ဘုန္းႀကီးကံရြာကလို႔ေျပာတယ္။ အဲ့ရြာက ၂ ေယာက္ကလည္း ေရမိန္ေတာင္ရြာမွာပဲ သတ္သြားတာဗ်။ အဲ့ရြာကေန ကူးၿပီးေတာ့ မင္းေတာတို႔ ထူးႀကီးတို႔ရြာနားေလးမွာ ၄ ေလာင္းေတြ႕တယ္။”

ဒါ့အျပင္ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းတိုင္းအစပ္မွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္ေနၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားေနသလို ၂ ဖက္အက်အဆံုးရွိတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။

ဇူလိုင္ ၂၃ ရက္ကလည္း ၿမိဳင္ၿမိဳ႕နယ္နဲ႔ ပုလဲၿမိဳ႕နယ္အစပ္က ၿမိဳင္ၿမိဳ႕နယ္အပိုင္ထဲက ေက်ာက္ကန္ေက်းရြာကို စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာၿပီး ေနအိမ္ေတြကို မီးရိႈ႔ ခဲ႔တဲ႔ အတြက္ ေနအိမ္ ၇၀ နီးပါးနဲ႔ အရပ္သား ျပည္သူ ၁ ဦး မီးေလာင္ကြ်မ္းၿပီး ေသဆံုးခဲ့ပါတယ္။
ဇူလိုင္ ၂၄ ရက္မွာေတာ့ ဓမၼသာရနဲ႔ ဘန္႔ဘိုးေက်းရြာက ေနအိမ္အခ်ိဳ႕လည္း မီးရိႈ႕ခံံခဲ့ရၿပီး စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ ဆက္တိုက္လုပ္ေနလို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မကွေး စစ်ကိုင်း စစ်ကောင်စီ နယ်မြေရှင်းလင်းရေး ဒေသခံတွေ ဒုက္ခ ရောက်

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေရှိနေပြီး နေအိမ်တွေ မီးရှို့ ခံရကာ လေကြောင်းကနေပါ ပစ်ခတ်တာတွေရှိသလို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးဘက်မှာလည်း အရပ်သားတွေ သတ်ဖြတ်ခံနေရတာရှိသလို မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။

ဇူလိုင် ၂၆ ရက်က မကွေးတိုင်း ပေါက်တောင်ပိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇေယျာသော် စစ်ဆင်ရေး အမည်နဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီ ထောက်ခံသူတွေ တပ်စွဲထားတဲ့ တပ်ကုန်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေပြီး ဇူလိုင် ၂၈ ကြာသပတေးနေ့ မနက်ပိုင်းက တောင်မြင့်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေပိုင်းမှာ ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တိုက်ပွဲကပြင်းထန်တယ် သူ့ဘက်ကိုယ့်ဘက်ပစ်တာ။ ၁ နာရီခွဲလောက် ထိတွေ့မှု ဖြစ်နေတဲ့အချိန်မှာ သူတို့ကို ဝိုင်းမိပြီးတော့ ရကာနီးစဲစဲမှ လေယာဉ်နဲ့ လာပစ်သွားတာခင်ဗျ။ Mi 35 ဟတ်စကီးနဲ့ပစ်တာဗျ။ ရွာထဲတွေကိုလည်း ပစ်တယ်။ ရွာလေးအစပ်က ဆေးပေါင်းရုံတွေကိုလည်း ပစ်တယ်။ ဆေးပေါင်းရုံ တရုံ မီးလောင်တယ်။ ပြည်သူအနည်းအကျဉ်း ထိခိုက်တယ်ပေါ့။”

ဒါ့အပြင် တောင်မြင့်ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။ တောင်မြင့်ကျေးရွာရဲ့ မြောက်ဖက်မှာရှိတဲ့ ကျားပစ်ကန်ကျေးရွာကိုလည်း ဇူလိုင် ၂၇ ရက်က စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျားပစ်ကန်ကျေးရွာက နေအိမ်ဝင်းထဲမှာ ဆော့ကစားနေတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ကျားပစ်ကန်ကျေးရွာမှာ တပ်စွဲနေသလို ဇူလိုင် ၂၈ ရက် ကြာသပတေးနေ့ မနက်ပိုင်းမှာလည်း ကျားပစ်ကန်ကျေးရွာက နေအိမ်တွေကိုမီးရှို့နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆက်ပြောပါတယ်။ ပြောပါတယ်။

“ယောချောင်း အနောက်ကနေ တိုက်ပွဲမဟုတ်ဘဲနဲ့ သူ့ဟာသူ တည်ရှိနေတဲ့ရွာကို PDF တွေလည်း မရှိဘဲနဲ့ အဲ့ရွာကို လက်နက်ကြီးနဲ့လှမ်းပစ်တာ။ လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ပြည်သူတယောက်ထိခိုက်တယ်။၂ နှစ် ၃ နှစ်အရွယ် ကလေးမလေးတယောက်ဆုံးရှုံးတယ်။ ကလေးက သူ့ဘာသာသူ ရွာထဲ ဆော့ကစားနေတာ သူက လက်နက်ကြီးနဲ့ ၂ ချက်ပစ်တာ။ တချက်က ရွာအစပ်ကို ကျပြီးတော့ တချက်က အဲ့ကလေးမလေး ဆော့နေတဲ့ အိမ်ဝိုင်းထဲကို ကွက်တိကျသွားတာ။ အဲ့မှာတပ်စွဲတယ်။ ဒီကနေ့မနက်က အဲ့ရွာ တရွာလုံးကို မီးရှို့တယ်။”

ကျားပစ်ကန်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ပတ်ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး နေအိမ်ဘယ်လောက် လောင်ကျွမ်းတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
ဒါက မကွေးတိုင်းက အခြေအနေပါ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ကျေးရွာကို ဇူလိုင် ၂၅ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ဇူလိုင် ၂၆ ပြန်လည်ထွက်ခွါသွားချိန်မှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ပါတယ်။ နောက်တနေ့ ဇူလိုင် ၂၇ ရက်မှာ မင်းတောနဲ့ ထူးကြီးကျေးရွာနားမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၄ လောင်း စုစုပေါင်း ၉ လောင်း တွေ့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၂၆ ရက်နေ့မှ ကျွန်တော်တို့က ရွာကိုဝင်နိုင်တာပေါ့။ ၂၆ ရက်နေ့မှ သူတို့က ထွက်သွားတာလေ။ စစ်ကြောင်းက သေနတ်သံကြားရတာတော့ ၂၅ ရက် ဝင်တဲ့နေ့က ကြားရတာပေါ့။ ၂၆ ရက်နေ့ ထွက်သွားတဲ့နေ့မှာ သေနတ်သံမကြားရဘူး။ ဒီအတိုင်းထွက်သွားတာပေါ့။ အသတ်ခံရတာက ပြည်သူ ၃ ယောက် အသတ်ခံရတာဗျ။ ပြည်သူ ၃ ယောက် အသတ်ခံရပြီးတော့ ဒီအပြင်ရွာကနေ ဓားစာခံ ၂ ယောက်ခေါ်လာတာပေါ့။ ဘုန်းကြီးကံရွာကလို့ပြောတယ်။ အဲ့ရွာက ၂ ယောက်ကလည်း ရေမိန်တောင်ရွာမှာပဲ သတ်သွားတာဗျ။ အဲ့ရွာကနေ ကူးပြီးတော့ မင်းတောတို့ ထူးကြီးတို့ရွာနားလေးမှာ ၄ လောင်းတွေ့တယ်။”

ဒါ့အပြင် မကွေးတိုင်း မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်နေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ၂ ဖက်အကျအဆုံးရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဇူလိုင် ၂၃ ရက်ကလည်း မြိုင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်က မြိုင်မြို့နယ်အပိုင်ထဲက ကျောက်ကန်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ ခဲ့တဲ့ အတွက် နေအိမ် ၇၀ နီးပါးနဲ့ အရပ်သား ပြည်သူ ၁ ဦး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်မှာတော့ ဓမ္မသာရနဲ့ ဘန့်ဘိုးကျေးရွာက နေအိမ်အချို့လည်း မီးရှို့ခံံခဲ့ရပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ ဆက်တိုက်လုပ်နေလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG