သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီးသား သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လစ်ဗျားတရားရုံးခွင့်ပြု


Saif al-Islam al-Gaddafi, son of Libya's former leader Moammar al-Gadhafi, registers as a presidential candidate for the December 24 election, at the registration centre in the southern town of Sebha, Nov. 14, 2021.
Saif al-Islam al-Gaddafi, son of Libya's former leader Moammar al-Gadhafi, registers as a presidential candidate for the December 24 election, at the registration centre in the southern town of Sebha, Nov. 14, 2021.

{{Zawgyi/Unicode}}

လစ်ဗျားနိုင်ငံမှာ အာဏာရှင်ဂဒါဖီရဲ့သား Saif al-Islam Gaddafi ကို သမတရွေးကောက်ပွဲမှာ အရွေးခံဖို့ကိုယ်စားလှယ်အဖြစ်ပါဝင်ခွင့်ပေးကြောင်း တရားရုံးက ကြာသာပတေးနေ့မှာချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။

Saif al-Islam Gaddafi အပါအဝင် ၂၅ ဦးကို သမတရွေးကောက်ပွဲဝင်ဖို့ အရည်အခြင်းမပြည့်မီတဲ့ အတွက် ဆိုကာ လွန်ခဲ့တဲ့လပိုင်းက ရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ချထားခဲ့တာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာကျင်းပမယ့် သမတရွေးကောက်ပွဲအတွက်ကိုယ်စား လှယ်လောင်းတင်သူ ၉၈ ယောက်ထဲက ၂၅ ယောက်ကိုရွေးကောက်ပွဲကော်မရှင်ကပယ် ချထားတာပါ။

Saif al-Islam Gaddafi ကို ၂၀၁၅ ခုနှစ်တုန်းက Tripoli တရားရုံးကနေ စစ်ရာဇဝတ်မှုနဲ့ သေဒါဏ် ချမှတ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့အဖေ ကဒါဖီ ကိုဖယ်ရှားဖို့ကျိုးပမ်းတဲ့အတိုက်အခံတွေကိုတိုက် ခိုက်ခဲ့စဉ်က စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွဲချက်နဲ့သူ့ကို တရားရုံးကသေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။ သူကတော့တရားရုံးကဆင့်ခေါ်တာကိုလာရောက်ခဲ့ခြင်းမရှိဘဲရှောင်ရှားနေခဲ့ ပါတယ်။

သူဟာ အာဏာရှင် ကဒါဖီ ကိုထောက်ခံအားပေးတဲ့ လက်ကျန်အင်အားစုတွေရဲ့ ခေါင်းဆောင်ဖြစ်နေပါတယ်။ အခုလိုပြဿနာတွေအပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေလည်းရှိနေတဲ့အတွက် ရွေးကောက်ပွဲ မတည်မငြိမ်ဖြစ်မှာကိုအကဲခတ်တွေကစိုးရိမ်နေကြပါတယ်။

ကြာသာပတေးနေ့မှာဘဲအနောက် ဘက်ဒေသက ရွေးကောက်ပွဲကော်မရှင်ရုံး ၅ ခုကို သေနတ်သမားတွေက ဝင်ရောက်စီးနင်း ခဲ့ပြီးမဲပြားတွေကိုယူဆောင်သွားကြပါတယ်။

ပြိုင်ဘက်သမတလောင်းတွေကိုထောက်ခံသူ လက်နှက်ကိုင်အင်အားစုတွေနဲ့ ဆန့်ကျင်သူ လက်နှက်ကိုင်အင်အားစုတွေအကြား ပဋိပက္ခတွေ ဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုတွေနဲ့ မတည်မငြိမ် ဖြစ်နိုင်တယ်လို့ အရှေ့ဖက်နဲ့တောင်ဖက်ဒေသကို ကြီးစိုးတဲ့ လစ်ဗျားအမျိုးသား လွတ်လပ်ရေး တပ်မတော် LNA အကြီးအကဲ ကလီ ဟတ်ဖတာ Khalifa Haftar ကပြောဆိုပါတယ်။

..........................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG