သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 မြန္ျပည္နယ္ ေနလွမ္းဆား အခါမဲ႔မိုး ဖ်က္ဆီး 


မြန္ျပည္နယ္ ဆားလုပ္ငန္းခြင္

ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္ျပည္နယ္အတြင္းမွာ အခုႏွစ္ဆန္းပိုင္းကစၿပီး အခ်ိန္အခါမဟုတ္ မိုးေတြ႐ြာသြန္းလို႔ ေနလွန္းဆား ခ်က္ဆားလုပ္ငန္းေတြ ပ်က္စီးဆုံးရႈံးမႈမ်ားေနတယ္လို႔ ဆားလုပ္ငန္းရွင္ေတြကေျပာပါတယ္။ ဆားလုပ္ငန္း လုပ္ကိုင္ဖို႔ ေခ်းေငြေတြကိုလဲ ျဖစ္တဲ့နည္းနဲ႔ျပန္ဆပ္ေနရတယ္လို႔ဆိုပါတယ္။

မြန္ျပည္နယ္ ေနလွမ္းဆား အခါမဲ႔မိုး ဖ်က္ဆီး

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္ျပည္နယ္အတြင္းမွာ အခုႏွစ္ဆန္းပိုင္းကစၿပီး အခ်ိန္အခါမဟုတ္ မိုးေတြ႐ြာသြန္းလို႔ ေနလွန္းဆား ခ်က္ဆားလုပ္ငန္းေတြ ပ်က္စီးဆုံးရႈံးမႈမ်ားေနတယ္လို႔ ဆားလုပ္ငန္းရွင္ေတြကေျပာပါတယ္။ ဆားလုပ္ငန္း လုပ္ကိုင္ဖို႔ ေခ်းေငြေတြကိုလဲ ျဖစ္တဲ့နည္းနဲ႔ျပန္ဆပ္ေနရတယ္လို႔ဆိုပါတယ္။ မြန္ျပည္နယ္ဘက္က ဆားလုပ္ငန္းေတြ အခက္ႀကဳံေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုေဇာ္မိုးေက်ာ္ ကတင္ျပပါမယ္။

အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းခဲ့လို႔ မြန္ျပည္နယ္အတြင္း ဆားလုပ္ငန္းပ်က္စီးၿပီး အရႈံးေပၚေနတယ္လို႔ သံျဖဴဇရပ္ၿမိဳ႕ နယ္ ပငေက်း႐ြာက ဆားလုပ္ငန္းရွင္ဦးေက်ာ္သူကေျပာပါတယ္။

“ စိတ္မေကာင္းဘူးေပါ့။ မိုးကဒီေလာက္႐ြာတာ။ မိုးကလတိုင္းလိုလို ဖ်က္တယ္။ ဆားေတာင္သူေတြကလဲ ဆားမွမရ ၾကေတာ့ ဘာမွမတတ္ႏိုင္ဘူး။ ပ်က္တာေပါ့။ ဆားေတြကဆယ္ရာခိုင္ႏႈန္းေလာက္က သုံးရာခိုင္ႏႈန္းေလာက္ေတာ့ ျပည့္ခ်င္တဲ့သူမွျပည့္တယ္။ အခုအရႈံးေပၚတာေပါ့။ ပိုးစိုးပက္စက္ေတြေပၚတာေပါ့။ ကြၽန္ေတာ္တို႔ဆို ပိုေပၚတာေပါ့။”

မႏွစ္ကဆားတန္ခ်ိန္(၁၀၀)ထုတ္လုပ္ေနတဲ့ သူေတြဟာဒီႏွစ္မွာေတာ့တန္ခ်ိန္(၃၀) ေလာက္သာထုတ္ႏိုင္မဲ့ အေနအ ထားျဖစ္ေနပါတယ္။ ဆားလုပ္ငန္းရွင္ေတြအေနနဲ႔ ဆားထုတ္လုပ္ႏိုင္ဖို႔ အစိုးရကေန ေခ်းေငြခ်ေပးထားတာရွိေနသလို ဒီႏွစ္ဆားလုပ္ငန္း ပ်က္စီးသြားလို႔ ျပန္ေပးဆပ္ဖို႔အခက္ခဲရွိေနတယ္လို႔ ဦးေက်ာ္သူကဆက္ေျပာပါတယ္။

“ သူတို႔ကထုတ္ထားၿပီးသား အရင္က။ ေခ်းေငြေတြ ရသင့္သေလာက္ ရထားၿပီးသား။ အဲတာကို အခုအေနအထားဆို တေယာက္မွျပန္မဆပ္ႏိုင္ဘူး။ အဲဒီေတာ့ျပန္မဆပ္ႏိုင္ေတာ့ တမ်ိဳးတေလက်ေတာ့ ကိုယ္ကႀကံဖန္ေပးရမယ္ ကိုယ့္ အလုပ္ေပါ့။ ဒီဆားဖိုနဲ႔လုပ္ ဆားဖိုနဲ႔ရ ပုံစံမ်ိဳးေတာျပန္မေပးႏိုင္ဘူးေလ။ ဒီဆားကြင္းနဲ႔လုပ္ၿပီး ဆားကြင္းနဲ႔ျပန္ဆပ္ဖို႔ မျဖစ္ႏိုင္ဘူး။ တခ်ိဳ႕လူေတြက ရာဘာၿခံေရာင္းၿပီးေပးတယ္။ တခ်ိဳ႕လူေတြက ကားေရာင္းၿပီးေပးတယ္ေပါ့။ အဲဒီလိုပုံစံမ်ိဳးေတာ့ျဖစ္တယ္ေပါ့။ ဆားကလုံးဝမရဘူးေလ အခုက။ ”

မြန္ျပည္နယ္ဆားထုတ္လုပ္မႈမွာ ေနလွန္းဆားနဲ႔ခ်က္ဆားဆိုၿပီး ႏွစ္မ်ိဳးရွိေနပါတယ္။

ေနလွန္းဆားကေတာ့ မိုးေလကင္းလြတ္တဲ့ ေအာက္တိုဘာလေလာက္မွာ ညီညာေအာင္ ျပဳျပင္ထားတဲ့ ဆားကြင္း ေတြထဲ သင့္ေတာ္တဲ့ ပင္လယ္ဆားငံေရ ထည့္သြင္းၿပီး ေနလွန္းဆားကို ထုတ္လုပ္ရပါတယ္။ ဒါကိုဆားၾကမ္းထုတ္လုပ္တယ္လို႔ေခၚပါတယ္။

ခ်က္ဆားကေတာ့ ဆားကြင္းေတြထဲ သင့္ေတာ္တဲ့ ပင္လယ္ဆားငံေရ ထည့္သြင္း ေနလွန္းၿပီးေတာ့ ဆားခ်က္ႏိုင္တဲ့ အဆင့္ထိေရာက္ရင္ ဖိုနဲ႔ခ်က္ၾကပါတယ္။ ဒါကိုဆားအေခ်ာထုတ္လုပ္တာလို႔ေခၚပါတယ္။

ဒီႏွစ္ လစဥ္မိုး႐ြာေနလို႔ ခ်က္ဆားလုပ္ငန္းလဲ ပ်က္စီးမႈမ်ားျပားေနတယ္လို႔ သံျဖဴဇရပ္ၿမိဳ႕နယ္ က႐ုတ္ပိေက်း႐ြာ တပိုင္တႏိုင္ ဆားခ်က္ေတာင္သူ ႏိုင္ေမာင္တီက အခုလိုေျပာပါတယ္။

“ မိုးေလ ဒီလိုရာသီဥတုမမွန္တဲ့အခါက်ေတာ့ ဆားကသူပ်က္မ်ားတယ္ေပါ့။ အကြက္ေတြပ်က္ေတာ့ျပန္လွန္းဖို႔က နဲနဲထိုင္းသြားတာေပါ့ က်သြားတာေပါ့။ ကြၽန္ေတာ္ခ်က္စားၾကေတာ့ ဒီဂရီ ၂၀နဲ႔ခ်က္လို႔ရတယ္။ ေနလွန္းဆားက်ေတာ့ ဒီဂရီ အစိပ္ ၂၃ အစိပ္ေလာက္မွ လွန္းလို႔ရမယ္။ မိုး႐ြာေတာ့ပ်က္တာေပါ့။ လွန္းဆားက်ေတာ့ဒုကၡျဖစ္တာေပါ့။ ”

မိုးေလကင္းလြတ္တဲ့ ေအာက္တိုဘာ ႏိုဝင္ဘာလေလာက္မွာ ဆားကြင္းကိုျပင္ဆင္ရၿပီး ဆားငံေရသြင္းရပါတယ္။ တပါတ္(၁၀)ရက္ေလာက္ ေနလွန္းရင္ ဆားၾကမ္းကိုရရွိပါတယ္။

ေနလွန္းဆားထုတ္လုပ္တဲ့တဲ့ ဒီဇင္ဘာနဲ႔ ေဖေဖာ္ဝါရီလနဲ႔ ဒီမတ္လေတြမွာ မိုး႐ြာသြန္းမႈေတြေၾကာင့္ ေနလွန္းထားတဲ့ ဆားခင္း အားလုံးနီးပါး ပ်က္စီး ဆုံးရႈံးခဲ့ပါတယ္။

တစ္ဖက္မွာလည္း စက္သုံးဆီေဈးအပါအဝင္ အေထြေထြကုန္က်စရိတ္ျမင့္မားမႈေၾကာင့္ ဆားေတာင္သူေတြ အေနနဲ႔ ဆားထုတ္လုပ္ရာမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ဆားလုပ္ငန္းရွင္ေတြအတြက္ အဓိက အခက္အခဲကေတာ့ ဆားၾကမ္းေတြကို ဆားေခ်ာအျဖစ္ သန႔္စင္ထုတ္လုပ္ႏိုင္မဲ့ အဆင့္ျမႇင့္ ဆားစက္ႀကီးေတြ နည္းပညာေတြမရွိဘူးလို႔ ပငေက်း႐ြာက ဆားလုပ္ငန္းရွင္ဦးေက်ာ္သူကေျပာပါတယ္။

“ တကယ္လက္ႀကီးသမားေတြက အခုလုပ္ပါတယ္ ကြၽန္ေတာ္တို႔ပငမွာ။ ဆားလွန္းသမားေတြေတာ့ မလုပ္ႏိုင္ဘူးေလ။ နည္းစံနစ္ပိုင္းလိုတာေပါ့။ ”

ဒီလို နည္းပညာပိုင္းနဲ႔ေငြေၾကးပိုင္းအားနဲေနလို႔ ႏိုင္ငံတကာအဆင့္မီ ဆားထုတ္လုပ္ႏိုင္ျခင္းမရွိလို႔ ျပည္တြင္း ေဈးကြက္မွာ ထိုက္သင့္တဲ့ေဈးႏႈန္းေတြ မရၾကပါဘူး။

မြန္ျပည္နယ္မွာ သံျဖဴဇရပ္ၿမိဳ႕နယ္ ေပါင္ၿမိဳ႕နယ္ ေရးၿမိဳ႕နယ္မွာ ေနလွန္းဆားလုပ္ငန္းကို တြင္တြင္က်ယ္က်ယ္ လုပ္ကိုင္ေနၾကပါတယ္။

မြန္ျပည္နယ္ကထြက္တဲ့ဆားေတြကို ရန္ကုန္၊ မႏၲေလး အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕သို႔ တင္ပို႔ေနပါ တယ္။

၂၀၂၁-၂၀၂၂ခုႏွစ္ ဆားရာသီမွာ မြန္ျပည္နယ္မွာ ဆားလုပ္ငန္းလုပ္ဖို႔ လိုင္စင္ရထားတဲ့ ဆားဖိုဧကေပါင္း ၄ ေထာင္ က်ာ္ရွိၿပီး၊ တန္ခ်ိန္အားျဖင့္ ၄၂၅၀ဝ ထုတ္လုပ္ႏိုင္မယ္လို႔ မြန္ျပည္နယ္ဆားလုပ္ငန္ဦးစီးဌာနက ခန႔္မွန္းထားပါတယ္။

ဒါေပမဲ့ ဒီႏွစ္မွာ အခ်ိန္ခါမဟုတ္မိုး႐ြာသြန္းေနၿပီးဆားလုပ္ငန္းပ်က္စီးမႈနဲ႔ႀကဳံေနရတာေၾကာင့္ ဆားလုပ္ငန္းဦးစီးဌာနရဲ႕ ရည္မွန္းခ်က္အတိုင္း မျပည့္ႏိုင္ဘူးလို႔ ဆားလုပ္ငန္းရွင္ေတြကေျပာပါတယ္။

...................................................

မွန်ပြည်နယ် နေလှမ်းဆား အခါမဲ့မိုး ဖျက်ဆီး

{{Zawgyi/Unicode}}
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်အတွင်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး အချိန်အခါမဟုတ် မိုးတွေရွာသွန်းလို့ နေလှန်းဆား ချက်ဆားလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုများနေတယ်လို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ်။ ဆားလုပ်ငန်း လုပ်ကိုင်ဖို့ ချေးငွေတွေကိုလဲ ဖြစ်တဲ့နည်းနဲ့ပြန်ဆပ်နေရတယ်လို့ဆိုပါတယ်။ မွန်ပြည်နယ်ဘက်က ဆားလုပ်ငန်းတွေ အခက်ကြုံနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်မိုးကျော် ကတင်ပြပါမယ်။

အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့လို့ မွန်ပြည်နယ်အတွင်း ဆားလုပ်ငန်းပျက်စီးပြီး အရှုံးပေါ်နေတယ်လို့ သံဖြူဇရပ်မြို့ နယ် ပငကျေးရွာက ဆားလုပ်ငန်းရှင်ဦးကျော်သူကပြောပါတယ်။

“ စိတ်မကောင်းဘူးပေါ့။ မိုးကဒီလောက်ရွာတာ။ မိုးကလတိုင်းလိုလို ဖျက်တယ်။ ဆားတောင်သူတွေကလဲ ဆားမှမရ ကြတော့ ဘာမှမတတ်နိုင်ဘူး။ ပျက်တာပေါ့။ ဆားတွေကဆယ်ရာခိုင်နှုန်းလောက်က သုံးရာခိုင်နှုန်းလောက်တော့ ပြည့်ချင်တဲ့သူမှပြည့်တယ်။ အခုအရှုံးပေါ်တာပေါ့။ ပိုးစိုးပက်စက်တွေပေါ်တာပေါ့။ ကျွန်တော်တို့ဆို ပိုပေါ်တာပေါ့။”

မနှစ်ကဆားတန်ချိန်(၁၀၀)ထုတ်လုပ်နေတဲ့ သူတွေဟာဒီနှစ်မှာတော့တန်ချိန်(၃၀) လောက်သာထုတ်နိုင်မဲ့ အနေအ ထားဖြစ်နေပါတယ်။ ဆားလုပ်ငန်းရှင်တွေအနေနဲ့ ဆားထုတ်လုပ်နိုင်ဖို့ အစိုးရကနေ ချေးငွေချပေးထားတာရှိနေသလို ဒီနှစ်ဆားလုပ်ငန်း ပျက်စီးသွားလို့ ပြန်ပေးဆပ်ဖို့အခက်ခဲရှိနေတယ်လို့ ဦးကျော်သူကဆက်ပြောပါတယ်။

“ သူတို့ကထုတ်ထားပြီးသား အရင်က။ ချေးငွေတွေ ရသင့်သလောက် ရထားပြီးသား။ အဲတာကို အခုအနေအထားဆို တယောက်မှပြန်မဆပ်နိုင်ဘူး။ အဲဒီတော့ပြန်မဆပ်နိုင်တော့ တမျိုးတလေကျတော့ ကိုယ်ကကြံဖန်ပေးရမယ် ကိုယ့် အလုပ်ပေါ့။ ဒီဆားဖိုနဲ့လုပ် ဆားဖိုနဲ့ရ ပုံစံမျိုးတောပြန်မပေးနိုင်ဘူးလေ။ ဒီဆားကွင်းနဲ့လုပ်ပြီး ဆားကွင်းနဲ့ပြန်ဆပ်ဖို့ မဖြစ်နိုင်ဘူး။ တချို့လူတွေက ရာဘာခြံရောင်းပြီးပေးတယ်။ တချို့လူတွေက ကားရောင်းပြီးပေးတယ်ပေါ့။ အဲဒီလိုပုံစံမျိုးတော့ဖြစ်တယ်ပေါ့။ ဆားကလုံးဝမရဘူးလေ အခုက။ ”

မွန်ပြည်နယ်ဆားထုတ်လုပ်မှုမှာ နေလှန်းဆားနဲ့ချက်ဆားဆိုပြီး နှစ်မျိုးရှိနေပါတယ်။

နေလှန်းဆားကတော့ မိုးလေကင်းလွတ်တဲ့ အောက်တိုဘာလလောက်မှာ ညီညာအောင် ပြုပြင်ထားတဲ့ ဆားကွင်း တွေထဲ သင့်တော်တဲ့ ပင်လယ်ဆားငံရေ ထည့်သွင်းပြီး နေလှန်းဆားကို ထုတ်လုပ်ရပါတယ်။ ဒါကိုဆားကြမ်းထုတ်လုပ်တယ်လို့ခေါ်ပါတယ်။

ချက်ဆားကတော့ ဆားကွင်းတွေထဲ သင့်တော်တဲ့ ပင်လယ်ဆားငံရေ ထည့်သွင်း နေလှန်းပြီးတော့ ဆားချက်နိုင်တဲ့ အဆင့်ထိရောက်ရင် ဖိုနဲ့ချက်ကြပါတယ်။ ဒါကိုဆားအချောထုတ်လုပ်တာလို့ခေါ်ပါတယ်။

ဒီနှစ် လစဉ်မိုးရွာနေလို့ ချက်ဆားလုပ်ငန်းလဲ ပျက်စီးမှုများပြားနေတယ်လို့ သံဖြူဇရပ်မြို့နယ် ကရုတ်ပိကျေးရွာ တပိုင်တနိုင် ဆားချက်တောင်သူ နိုင်မောင်တီက အခုလိုပြောပါတယ်။

“ မိုးလေ ဒီလိုရာသီဥတုမမှန်တဲ့အခါကျတော့ ဆားကသူပျက်များတယ်ပေါ့။ အကွက်တွေပျက်တော့ပြန်လှန်းဖို့က နဲနဲထိုင်းသွားတာပေါ့ ကျသွားတာပေါ့။ ကျွန်တော်ချက်စားကြတော့ ဒီဂရီ ၂၀နဲ့ချက်လို့ရတယ်။ နေလှန်းဆားကျတော့ ဒီဂရီ အစိပ် ၂၃ အစိပ်လောက်မှ လှန်းလို့ရမယ်။ မိုးရွာတော့ပျက်တာပေါ့။ လှန်းဆားကျတော့ဒုက္ခဖြစ်တာပေါ့။ ”

မိုးလေကင်းလွတ်တဲ့ အောက်တိုဘာ နိုဝင်ဘာလလောက်မှာ ဆားကွင်းကိုပြင်ဆင်ရပြီး ဆားငံရေသွင်းရပါတယ်။ တပါတ်(၁၀)ရက်လောက် နေလှန်းရင် ဆားကြမ်းကိုရရှိပါတယ်။

နေလှန်းဆားထုတ်လုပ်တဲ့တဲ့ ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီလနဲ့ ဒီမတ်လတွေမှာ မိုးရွာသွန်းမှုတွေကြောင့် နေလှန်းထားတဲ့ ဆားခင်း အားလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

တစ်ဖက်မှာလည်း စက်သုံးဆီဈေးအပါအဝင် အထွေထွေကုန်ကျစရိတ်မြင့်မားမှုကြောင့် ဆားတောင်သူတွေ အနေနဲ့ ဆားထုတ်လုပ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆားလုပ်ငန်းရှင်တွေအတွက် အဓိက အခက်အခဲကတော့ ဆားကြမ်းတွေကို ဆားချောအဖြစ် သန့်စင်ထုတ်လုပ်နိုင်မဲ့ အဆင့်မြှင့် ဆားစက်ကြီးတွေ နည်းပညာတွေမရှိဘူးလို့ ပငကျေးရွာက ဆားလုပ်ငန်းရှင်ဦးကျော်သူကပြောပါတယ်။

“ တကယ်လက်ကြီးသမားတွေက အခုလုပ်ပါတယ် ကျွန်တော်တို့ပငမှာ။ ဆားလှန်းသမားတွေတော့ မလုပ်နိုင်ဘူးလေ။ နည်းစံနစ်ပိုင်းလိုတာပေါ့။ ”

ဒီလို နည်းပညာပိုင်းနဲ့ငွေကြေးပိုင်းအားနဲနေလို့ နိုင်ငံတကာအဆင့်မီ ဆားထုတ်လုပ်နိုင်ခြင်းမရှိလို့ ပြည်တွင်း ဈေးကွက်မှာ ထိုက်သင့်တဲ့ဈေးနှုန်းတွေ မရကြပါဘူး။

မွန်ပြည်နယ်မှာ သံဖြူဇရပ်မြို့နယ် ပေါင်မြို့နယ် ရေးမြို့နယ်မှာ နေလှန်းဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါတယ်။

မွန်ပြည်နယ်ကထွက်တဲ့ဆားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့သို့ တင်ပို့နေပါ တယ်။

၂၀၂၁-၂၀၂၂ခုနှစ် ဆားရာသီမှာ မွန်ပြည်နယ်မှာ ဆားလုပ်ငန်းလုပ်ဖို့ လိုင်စင်ရထားတဲ့ ဆားဖိုဧကပေါင်း ၄ ထောင် ကျာ်ရှိပြီး၊ တန်ချိန်အားဖြင့် ၄၂၅၀ဝ ထုတ်လုပ်နိုင်မယ်လို့ မွန်ပြည်နယ်ဆားလုပ်ငန်ဦးစီးဌာနက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ အချိန်ခါမဟုတ်မိုးရွာသွန်းနေပြီးဆားလုပ်ငန်းပျက်စီးမှုနဲ့ကြုံနေရတာကြောင့် ဆားလုပ်ငန်းဦးစီးဌာနရဲ့ ရည်မှန်းချက်အတိုင်း မပြည့်နိုင်ဘူးလို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ်။



XS
SM
MD
LG