သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင်မြစ်ဝှမ်းရေကာတာစီမံကိန်းကြောင့် ဌာနေငါးမျိုးစိတ်တွေထိခိုက်မှာ ပညာရှင်တွေစိုးရိမ်


Mong Ton ရေကာတာဆောက်လုပ်ရေး အဆိုပြုထားတဲ့နားက သံလွင်မြစ်ကြောင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
Mong Ton ရေကာတာဆောက်လုပ်ရေး အဆိုပြုထားတဲ့နားက သံလွင်မြစ်ကြောင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ထဲကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထဲက ပင်းမြစ်ထဲကို ရေတွေလွှဲပို့တဲ့အခါ မျိုးရင်းမဟုတ်တဲ့ ကျူးကျော်ငါးမျိုးစိတ်တွေဝင်ရောက်လာတာကြောင့်ရော မျိုးဗီဇတွေ ရောထွေးသွားနိုင်တာကြောင့်ပါ မြစ်ထဲကမျိုးရင်းငါးကောင်ရေကျဆင်းသွားမှာကို ကျွမ်းကျင်သူတွေစိုးရိမ်နေပါတယ်။

သံလွင်မြစ်ဝှမ်းမှာတည်ထားတဲ့ Nam Yuan ရေကာတာစီမံကိန်းအတွက် သံလွင်မြစ်ထဲက ရေကုဗမီတာ ၁.၈ ဘီလီယံလောက်ထိ Ping မြစ်ထဲကို လွှဲပို့ရမှာဖြစ်တဲ့အတွက် မြစ်ကြောတလျှောက်က ငါးမျိုးစိတ်ပေါင်း ၉၈ ရာခိုင်နှုန်းတို့ရဲ့ရှင်သန်ရေး ခြိမ်းခြောက်မှုတွေဖြစ်လာနိုင်တယ်လို့ Maejo တက္ကသိုလ်က ငါးလုပ်ငန်း ဇီဝဗေဒပညာရှင် အပီနန် ဆူဝမ်နာရတ် ကတနင်္ဂနွေနေ့က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။

သံလွင်မြစ်ထဲက ရေနေသတ္တဝါမျိုးစိတ်အတော်များများရဲ့ ဇီဝဗေဒနဲ့ အပြုအမူတွေကို အပြည့်အဝနားမလည်နိုင်သေးဘဲ ငါးအများစုက ဥချဖို့ ရွှေ့ပြောင်းသွားလာတတ်တဲ့အတွက် ရေကာတာစီမံကိန်းကြောင့် ငါးတွေဥချနိုင်ရေး ထိခိုက်လာနိုင်တယ်လို့လည်း အပီနန်က ထောက်ပြပါတယ်။ ဒါ့အပြင် မျိုးရင်းမဟုတ်တဲ့ ကျူးကျော်ငါးမျိုးစိတ်တွေလည်း ရေကာတာတွေကတဆင့် ရောက်လာတတ်တဲ့အတွက် မြစ်အတွင်းက ဂေဟဗေဒစနစ်တွေပြောင်းလဲသွားနိုင်တယ်လို့လည်း မစ္စတာ အပီနန်က သတိပေးပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG