သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sasakawa နဲ့ NLD တရားဝင် တွေ့ဆုံခဲ့ခြင်းမရှိ (ဦးအောင်ကြည်ညွန့်)


NLD CEC Aung Kyi Nyunt ဦးအောင်ကြည်ညွန့် (ယခင်ဓါတ်ပုံဟောင်း)
NLD CEC Aung Kyi Nyunt ဦးအောင်ကြည်ညွန့် (ယခင်ဓါတ်ပုံဟောင်း)

Sasakawa နဲ့ NLD တရားဝင် တွေ့ဆုံခဲ့ခြင်းမရှိ (ဦးအောင်ကြည်ညွန့်)

{{Zawgyi/Unicode}}

ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Yohei Sasakawa အနေနဲ့ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ခဲ့တယ်လို့ မနေ့က ပြောခဲ့တာအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေရောက်ခေါင်းဆောင်တွေနဲ့ ဒီလဆန်းမှာဖွဲ့ခဲ့တဲ့ NLD ဗဟိုအလုပ်ကော်မတီက ငြင်းလိုက်ပါတယ်။

Mr. SasaKawa နဲ့ နေပြည်တော်မှာတွေခဲ့တဲ လွှတ်တော်အမတ် ဒေါ်စုစုလွင်အနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဖို့ တာဝန်မပေးထားဘူးလို့၊ CWC လို့အတိုခေါက်ခေါ်တဲ့ ဒီ ဗဟိုအလုပ်ကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။

Mr Sasakawa ဟာ ရန်ကုန်မှာလည်း NLD ခေါင်းဆောင်ပိုင်းတချို.နဲ့ တွေ့ခဲ့တယ်လို့ သတင်းရရှိထားပါတယ်။ Mr. Sasakawa အနေနဲ့ NLD ခေါင်းဆောင်ပိုင်းနဲ့ တရားဝင်တွေ့ဆုံလိုလျှင်တော့၊ CWC ကို ဆက်သွယ်ဆောင်ရွက်ဖို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ VOA ရဲ့မေးမြန်းချက်ကို ဦးအောင်ကြည်ညွန့် ရှင်းလင်းပြောကြားထားတာကို နားဆင်ကြပါ။

(၁) အဲဒါ မဟုတ်ဘူးဗျ။ မဟုတ်ဘူးဆိုတာ ဆာဆာကာဝါ သူလာတာလည်း တကယ်တန်းပြောရမယ်ဆိုရင်တော့ဗျာ-ဂျပန်အစိုးရကို ကိုယ်စားပြုပြီးလာတဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး။ သူ ဖောင်ဒေးရှင်းအနေနဲ့လာတာပဲ။ သူ အဲဒီလိုပြောတယ်ဆိုတဲ့သတင်းကြားတယ်။ ဒါပေမယ့် တကယ်တန်းကျတော့ အခု ကျနော်တို့ NLD ပါတီမှာ တာဝန်ယူပြီးတော့ ဆောင်ရွက်နေတဲ့- တရားဝင်ကြေညာပြီးတော့ တာဝန်ယူဆောင်ရွက်နေတာက ဗဟိုအလုပ်ကော်မတီ (CWC) ဆိုတာ ရှိပါတယ်။ ..အဲဒီတော့ သူက တကယ်တော့ NLD ပါတီနဲ့တွေ့ချင်တယ်ဆိုရင် ပါတီကို ကိုယ်စားပြုပြီးတွေ့ချင်တယ်ဆိုရင် (CWC) နဲ့ချိတ်ဆက်ရမှာပေါ့။ (CWC) ကို ကမ်းလှမ်းဖို့ လိုတာပေါ့။ ကျနော်တို့ (CWC) ကို ဘာမှ ကမ်းလှမ်းတာလည်း မရှိသလို သူ့ရဲ့တွေ့ဆုံမှုဟာ ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာ …… ပဲဖြစ်ဖြစ်၊ (CWC) နဲ့တွေ့ဆုံတာမဟုတ်တဲ့အတွက် NLD ပါတီကို ကိုယ်စားပြုပြီး တွေ့ဆုံသွားတယ်ဆိုတာမျိုး မှတ်ယူလို့ကို မရဘူးဗျ။ အဲဒါ မမှန်ဘူး။

(၂) အဲတော့၊ ဒါကတော့ဗျာ၊ တခါတခါကျတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးအရ တဦးချင်းဆောင်ရွက်တဲ့အခါမှာ သူ့ရဲ့ leverage ကိုမြှင့်ချင်တာလား။ highlight လုပ်ချင်တာလား။ ဒီအပေါ်မှာပဲ မူတည်မယ်။ တကယ်တော့ NLD ပါတီကို လက်ရှိတာဝန်ယူနေတဲ့ NLD ရဲ့အစုအဖွဲ့တွေကို (CWC) ကို တရားဝင် ချိတ်ဆက်တာလည်းမရှိဘဲနဲ့ NLD ပါတီနဲ့တွေ့တယ်ဆိုတဲ့ အယူအဆမျိုးကတော့ မမှန်ကန်ဘူးပေါ့ဗျာ။ နော်…

(၃) တကယ်လို့ ဒေါ်စုစုလွင်နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်လည်းပဲ ဒါ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံတဲ့အနေအထား မျိုးမှာပဲရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု NLD ပါတီကို ကိုယ်စားပြုပြီးတော့ တွေ့ဆုံဖို့ရာအတွက် သူ့ကို တာဝန်ပေးအပ်ထားတာ မရှိဘူး။ နော်…။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေမျိုးမှာကျတော့ လုံခြုံရေးအခြေအနေအရရော၊ အခုလက်ရှိ NLD ပါတီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ NLD ရဲ့ ဆောင်ရွက်ချက်တွေထဲမှာလည်း သူက ပါဝင်ဆောင်ရွက်တာ မရှိဘူးလေ။


(၄) (CWC) ဆိုတာကို ကျနော်တို့ဖွဲ့ထားတယ်ဆိုတာက အခု လက်ရှိအခြေအနေမှာ ကျနော်တို့ကိုယ့် သဘော နဲ့ ကိုယ် စီစဉ်ပြီးတော့ ဖွဲ့ထားခဲ့တာမဟုတ်ဘူး။ တကယ်တန်းကျတော့ ကျနော်တို့ အပြင်ဘက်မှာကျတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အခုလောလောဆယ် ပါတီမှာကျန်နေခဲ့တဲ့ အပြင်ဘက်မှာက ပါတီနဲ့ပူးပေါင်းပြီးတော့ တာဝန်ယူဆောင်ရွက်နိုင်တဲ့အခြေအနေက လုံခြုံရေး အခြေအနေ ဘာ …ညာ …ပေါ့နော်။ ဒါတွေအပေါ်မှာ မူတည်ပြီးဆောင်ရွက်နေတဲ့ CEC က နှစ် ယောက်ပဲ ရှိတယ်ဗျ။ ဦးတင်ထွဋ်ဦး(မန္တလေး) နဲ့ကျနော်ပဲ ရှိတယ်။ အဲဒီတော့ ကျနော်တို့က ဘာလုပ်လဲ.. ဆိုတော့ အခု လက်ရှိအခြေအနေမျိုးမှာက ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီဘက်က လုပ်နေတာက တခြားနည်းတွေက ဘယ်လိုပဲ လုပ်လုပ် NLD ပါတီကို အပြီးတိုင် ဖျက်စီးချေမှုန်း မယ်ဆိုတဲ့ လုပ်ငန်းရပ်တွေက အပြင်းအထန် စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေမျိုးမှာရှိတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ပါတီထဲမှာ ဘယ်လိုအခြေအနေမျိုးတွေ ရှိနေလဲ၊ ဘယ်လိုပုံစံမျိုးတွေအထိ ကျနော်တို့ကို ဖိနှပ်မှုတွေရှိနေလဲဆိုတဲ့ ဆိုင်ရာကိစ္စရပ်တွေနဲ့ ပါတီကိစ္စရပ်တွေကိုဆောင်ရွက်ဖို့ လုပ်ဖို့ရာအလုပ်တွေက ရှိတယ်။ အဲဒီလို ရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဘာလုပ်လိုက်ရ သလဲဆိုရင် အဲဒီ CEC နှစ်ယောက်ရယ်၊ အခု ကျနော်တို့ NLD ပါတီရဲ့တာဝန်ကို ရယူနိုင်တဲ့ လုံခြုံရေး …….မှာရှိတဲ့ အရံ CEC တယောက်ရယ်၊ နောက်ပြီးတော့ အာဏာမသိမ်းခင်မှာ ၂၀၂၀၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ဥက္ကဋ္ဌအပါအဝင် ကျနော်တို့ CEC တွေအကုန်လုံး စုံညီရှိနေတဲ့အခြေအနေမျိုးမှာ Standing Committee ဆိုတာ ဖွဲ့ပေးခဲ့တာရှိတယ်။ အဲဒီ Standing Committee ထဲကနေပြီးတော့ အခု လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူတွေနဲ့စုပြီးတဲ့ အခါကျ တော့ ဒါကို ဖွဲ့လိုက်တာ။ ဆိုချင်တာက- ဖွဲ့တယ်ဆိုတဲ့နေရာမှာ ကျနော်တို့က အသစ်ဖွဲ့လိုက်တာ မဟုတ်ဘဲနဲ့ ဖွဲ့ပြီးသား၊ CEC ကနေ တာဝန်ပေးအပ်ထားပြီးသား steering committee နဲ့ CEC နှစ်ယောက်ရယ်၊ အရံ CEC ရယ် ပေါင်းစည်းလိုက်တာ။ ပေါင်းစည်းလိုက်ပြီးတော့ ဒီနေ့ NLD ပါတီကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတာ။ ဒါ့ကြောင့် ပါတီအနေအထားနဲ့သာ ဆက်သွယ် ဆောင်ရွက်မယ် ဆိုရင် အဲဒီဆောင်ရွက်နေတဲ့ (CWC) ဆက်သွယ်မှသာလျှင် ပါတီကို တရားဝင်ဆက်သွယ်တယ်လို့ ပြောလို့ရမယ်။

တိုက်ရိုက် လင့်ခ်

.....................................................


{{Unicode}}









XS
SM
MD
LG