သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD နဲ႔ ေတြ႕ဆံုဖို႔ Sasakawa ႀကိဳးပမ္း


Mr. Yohei Sasakawa met with ANP party in his Myanmar trip (date by Nov 15th 2021/Photo Credit to ANP)

NLD နဲ႔ ေတြ႕ဆံုဖို႔ Sasakawa ႀကိဳးပမ္း

ျမန္မာႏိုင္ငံမွာေရာက္ရွိေနတဲ့ Nippon Foundation ဥကၠဌ ဆာဆာကာဝါက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နီးစပ္တဲ့ NLD အမတ္ေဟာင္း ေဒၚစုစုလြင္နဲ႔ အျပင္မွာ ေတြ႔ခဲ့တယ္လုိ႔ အမည္မေဖာ္လိုတဲ့ မ်က္ျမင္သက္ေသတစ္ဦးကဆိုပါတယ္။
Yohei Sasakawa အေနနဲ႔လည္း၊ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္ေတြနဲ႔ေတြ႔ဖို႔ ႀကိဳးစားေနတယ္လို႔၊ ရခိုင္ခရီးစဥ္မွာ တနလၤာေန႔က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ ဘာေၾကာင့္ အခုလို ေတြ႔ဆံုမူ စျဖစ္လာတာနဲ႔ ဘာေတြေမွ်ာ္လင့္ႏိုင္တာကို Mr Sasakawa နဲ႔ ရန္ကုန္မွာ မေန႔ကေတြ႔ခဲ့တဲ့ ဦးကိုကိုႀကီးနဲ႔၊ ေနာက္ ျမန္မာ့အေရးေလ့လာသံုးသပ္သူ သီေပါၿမိဳ.နယ္က ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းတို႕ကို ကိုဝင္းမင္းက ေမးထားပါတယ္။

###

ကုိ၀င္းမင္း။ ။ ဟုတ္ကဲ့ရခုိင္ျပည္နယ္ၿငိမ္းခ်မ္းေရးအတြက္ အဓိကေဆြးေႏြးခဲ့တဲ့ မစၥတာဆာဆာကာ၀ါ အေနနဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ့နီးစပ္သူ အရင္သမတေဟာင္း ဦးထင္ေက်ာ္ရဲ့ဇနီးလည္းျဖစ္တဲ့ ေဒၚစုစုလြင့္နဲ့ ေနျပည္ေတာ္မွာ တနဂၤေႏြေန့ကတည္းကေတြ့ခဲ့တယ္လုိ့ အခုလုိေျပာလာတဲ့အေပၚ ျပည္သူ့ပါတီဥကၠဌ ဦးကုိကုိႀကီးက၊

ဦးကုိကုိႀကီး။ ။သူအဲဒါေတာ့သူ ဘာမွက်ေနာ့ကုိ၊ အဲဒါေတာ့ထုတ္ေျပာတာမရွိပါဘူး၊ ဒါေပမယ့္တခုကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က၊ သူ့အေဖဗုိလ္ခ်ဳပ္ေအာင္ဆန္း လက္ထက္ကဂ်ပန္ဒါးကုိျပုျပင္ဖုိ့ေပါ့ေလေျပာ ထားတဲ့ဟာကုိ ကတယ္ကုိမူရင္းအတုိင္းေလာက္ျဖစ္ေအာင္က်ိဳးစားထားတဲ့ ဟာေပါ့ေလ သူအဲဒါဓာတ္ပုံေလး ေတာ့ျပပါတယ္။ ဆုိေတာ့ဒါေလးကုိလည္း ေဒၚေအာင္ဆန္းစုၾကည္လက္ထဲကုိျပန္ၿပီးေတာ့ ျပန္ေပးရမလဲေပါ့၊ ဘယ္လုိျပန္ၿပီးျပသရမလဲဆုိဒါေလးေတာင္မွ သူအမွတ္တယေျပာသြားတာရွိတယ္။

ကုိ၀င္းမင္း။ ။ အဲဒိေတာ့ အခုလိုေျပာလာတာက ေဒၚေအာင္ဆန္းစုၾကည္နဲ့ေတြ့ႏုိင္ဖုိ့လမ္းေၾကာင္းစရွာတဲ့ သေဘာမ်ိဳးလားလုိ့ေမးရာမွာ ဦးကုိကုိႀကီးက၊

ဦးကုိကုိႀကီး။ ။ ဟုတ္ပါတယ္၊ ဟုိေနာက္တခုကသူလည္းျမန္မာ့ႏုိင္ငံေရးနဲ့ပတ္သက္လုိ့ စိတ္၀င္တစားနဲ့ ေတာက္ေလ်ာက္ အထူးသျဖင့္ေတာ့ဒီတုိင္းရင္းသားျပႆနာ ေနာက္တုိင္းရင္းသားႏုိင္ငံေရးပါတီ ေတြနဲ့အျခား ဒီမုိကေရစီပါတီေတြ သူတုိ့အားလုံးရဲ့ဒီႏုိင္ငံေရးအခန္းက႑၊ ဒီ NLD အပါအ၀င္ျပန္ၿပီးေတာ့အေရးပါလာဖုိ့၊ ႏုိင္ငံေရးနည္းလမ္းအေပၚမွာ လူထုျပန္လည္ယုံၾကည္လာဖုိ့ အေရးႀကီးတယ္ဆုိတာကုိေတာ့ က်ေနာ္တုိ့ ႏွစ္ဦးနွစ္ဖက္ေပါ့ေလ အျပန္အလွန္ေဆြးေႏြးျဖစ္သြားတယ္၊

ကုိ၀င္းမင္း။ ။အဲဒိေတာ့ဘာေၾကာင့္အခုလုိ ေဒၚစုစုလြင့္နဲ့ေတြ့ဆုံမွု ျဖစ္လာတာလဲလုိ့ေမးရာမွာ ဦးရဲထြန္း ကလည္း။

ဦးရဲထြန္း။ ။ ဂ်ပန္အေနနဲ့ကေတာ့ အရင္တုန္းကတည္းကေပါ့ေနာ္ျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ပဌိပကၡေတြ ၾကားမွာ၊ ၾကား၀င္ၿပီးေတာ့ ေစ့စပ္ညွိႏုိင္းေပးခ်င္တဲ့ဆႏၵေပါ့ေနာ္ စိတ္ေစတနာေကာင္းရွိတယ္လုိ့ယူဆတယ္။ အဲအရင္ဒီ NLD လက္ထက္မွာ တုန္းကလည္းရခုိင္အေရးကိစၥနဲ့ပတ္သက္လုိ့ရွိရင္ ဒီလက္ႏွက္ကုိအျပစ္အခတ္ ရပ္ဆဲေရးေဆာင္ရြက္ေပးခဲ့တာ အစဥ္အလာေလးေတြရွိတယ္၊ အခုတေခါက္မွာလည္း ျမန္မာႏုိင္ငံရဲ့ျဖစ္ေနတဲ့ ပဌိပကၡေတြကုိ ေျပလည္သြားဖုိ့ညွိႏုိင္းေဆြးေႏြးဖုိ့ဆုိရင္ေဒၚေအာင္ဆန္းစုၾကည္ဟာ အေရးႀကီးတဲ့ဆုံခ်က္ အဓိကေခါင္းေဆာင္ျဖစ္တယ္လုိတာ သူသေဘာေပါက္ပုံရတယ္။ ဒါေၾကာင့္မုိ့လုိ့ေဒၚေအာင္ဆန္းစုၾကည္နဲ့ ေတြ့ခြင့္မရတဲ့အခါက်ေတာ့ တနည္းနည္းနဲ့သတင္းစကားေရာက္ႏုိင္တဲ့ ပုဂၢိဳလ္ဟုိ၊ နစက ကလည္းမကန့္ကြက္ တဲ့သူနဲ့ ေတြ့ႏုိင္တဲ့ဒီ NLD ကပုဂၢိဳလ္တေယာက္ေယာက္နဲ့ေတြ့ၿပီးေတာ့၊ NLD ကပုဂၢိဳလ္တခ်ဳိနဲ့က်ိဳးစားေတြ့တယ္ လုိ့ဘဲထင္ပါတယ္။

ကုိ၀င္းမင္း။ ။ဒါ့အျပင္ မစၥတာဆာဆာကာ၀ါ ဘက္ကလည္းသူေျပာခဲ့သလုိ အခုရန္ကုန္မွာ NLD ေခါင္း ေဆာင္ေတြနဲ့ေတြ့ဖုိ့က်ိုဳးစားေနတယ္။ ျဖစ္မျဖစ္ေတာ့မေသျခာေသဘူးလုိ့ NLD ေခါင္းေဆာင္အဖဲြ့နဲ့နီးစပ္ သူအမည္အမေဖၚလုိသူတဦးကလည္းေျပာပါတယ္။ ဒီအေပၚဦးကုိကုိႀကီးကုိဆက္ၿပီးေမးရာမွာ။

ဦးကုိကုိႀကီး။ ။ မီဒီယာမွာေတြ့တာကေတာ့ NLD ဘက္ကပုဂၢိဳလ္ေတြနဲ့လည္းေတြ့ဆုံမယ္လုိ့တာေတြ့တဲ့ အခါက်ေတာ့ ဘာေတြမ်ားထူးျခားလာမလဲဆုိတာကုိေတာ့ေတာ္ေတာ္ေလး၊ စိတ္လွုပ္ရွားတယ္ေပါ့ေလ၊ အဲဒါေတာ့ က်ေနာ္ကေတာ့ တခုသူ့ကုိ အဓိက ေျပာလုိက္တာက က်ေနာ္တုိ့ႏုိင္ငံ မွာဒီႏုိင္ငံေရးအၾကပ္အတည္း ကုိေက်ာ္လႊားႏုိင္ဖုိ့ အထူးသျဖင့့္ေတာ့ဟုိ အရင့္အရင္ေရြးေကာက္ပဲြမတုိင္ခင္ မွာႏုိင္ငံေရးသေဘာ တူညီမွုဘာမွ မရဘဲနဲ့ကုိ ေရြးေကာက္ပဲြေတြကုိ ျဖတ္သန္းရင္းျဖတ္သန္းရင္းနဲ့ေနာက္ဆုံးဒီအေျခအေနေရာက္သြား တယ္ဒါေၾကာင့္မုိ့လုိ့ အခုေျခအေနမွာအေရးတႀကီးလုိအပ္ေနတာက transitional agreementအသြင္ကူးေျပာင္းေရး သေဘာတူညီမွုရဖုိ့အတြက္တဦးျခင္း က်ိဳစားၾကတဲ့ပုဂၢိဳလ္ေတြေရာ ႏုိင္ငံအလုိက္က်ိဳးစား ၾကတဲ့ပုဂၢိဳလ္ေတြေရာ အထူးသျဖင့္ေတာ့အာစီယံအထူးကုိယ္စားလွယ္ရဲ့ၾကား၀င္ေဆာင္ရြက္မွုဟာ အခုကေတာ့ ဆံုခ်က္လုိျဖစ္ေနတာေပါ့ေနာ္ အဲဒါကုိအားလုံးက၀ုိင္းၿပီးေတာ့ အားေပးေဆာင္ရြက္ၾကဖုိ့ တုိက္တြန္းခဲ့ပါတယ္။

ကုိ၀င္းမင္း။ ။ အဲဒိေတာ့ အခုလုိေတြ့ဆုံမွုေတြကေနဘာေတြ ဘာေတြအဓိကေမွ်ာ္လင့္ႏုိင္ပါသလဲလုိ့ ေမးရာမွာဦးရဲထြန္းကလည္း။

ဦးရဲထြန္း။ ။အင္းတကယ္လုိ့ နစက အေနနဲ့ေတြ့ဆုံေဆြးေႏြးဖို့ေနာင္မွာ လုိလားမွုရွိတယ္ဆုိရင္ေတာ့ ေနာင္မွာ ဒီလမ္းေၾကာင္းကုိ မသခ်င္ေယာင္ေဆာင္ေနလု္ိ့ရတာေပါ့ ကယ္လုိ့သူ့အေနနဲ့ အဲဒါကုိ လုံး၀မလုိလားဘူး ဆုိလုိ့ရွိရင္ေတာ့ ဒီလမ္းေၾကာင္းကုိ ျဖတ္ေတာက္မွာေပါ့ေနာ္။ တဘက္ကျပန္လာတဲ့ သေဘာထားအေပၚမွာေစာင့္ၾကည္ရမွာ လုိ့ထင္တယ္။ အဲဒိအေပၚမွာ တုိးတက္မွုရွိတယ္ဆုိလုိ့ရွိရင္ေတာ့ ဂ်ပန္အေနနဲ့လည္း ဆက္ၿပီးေတာ့ေဆာင္ရြက္ေပးဖုိ့အတြက္ အားတက္မွာေပါဗ်ာ။

ကုိ၀င္းမင္း။ ။တကယ္ေတာ့ အာစီယံထိပ္သီးပဲြမွာဖယ္က်ဥ္ခံခဲ့ရတဲ့ ျမန္မာစစ္ေကာင္စီ ေခါင္းေဆာင္ကုိ မစတာဆာဆာကာ၀ါအအျပင္ ကမၻာ့အင္အားႀကီး အေမရိကန္နဲ့တရုတ္ႏုိင္ငံေတြက ၀ါရင့္ပုဂၢိဳလ္နဲ့ကုိယ္ စားလွယ္ေတြလာေရာက္ေတြဆုံခဲ့ၿပီးအခုလုိဆက္ျဖစ္လာတာပါခင္ဗ်ား။

##

NLD နဲ႔ ေတြ႕ဆံုဖို႔ Sasakawa ႀကိဳးပမ္း
please wait

No media source currently available

0:00 0:04:17 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

NLD နဲ့ တွေ့ဆုံဖို့ Sasakawa ကြိုးပမ်း

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ Nippon Foundation ဥက္ကဌ ဆာဆာကာဝါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ NLD အမတ်ဟောင်း ဒေါ်စုစုလွင်နဲ့ အပြင်မှာ တွေ့ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတစ်ဦးကဆိုပါတယ်။
Yohei Sasakawa အနေနဲ့လည်း၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့တွေ့ဖို့ ကြိုးစားနေတယ်လို့၊ ရခိုင်ခရီးစဉ်မှာ တနင်္လာနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဘာကြောင့် အခုလို တွေ့ဆုံမူ စဖြစ်လာတာနဲ့ ဘာတွေမျှော်လင့်နိုင်တာကို Mr Sasakawa နဲ့ ရန်ကုန်မှာ မနေ့ကတွေ့ခဲ့တဲ့ ဦးကိုကိုကြီးနဲ့၊ နောက် မြန်မာ့အရေးလေ့လာသုံးသပ်သူ သီပေါမြို.နယ်က ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

###

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အဓိကဆွေးနွေးခဲ့တဲ့ မစ္စတာဆာဆာကာဝါ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်သူ အရင်သမတဟောင်း ဦးထင်ကျော်ရဲ့ဇနီးလည်းဖြစ်တဲ့ ဒေါ်စုစုလွင့်နဲ့ နေပြည်တော်မှာ တနင်္ဂနွေနေ့ကတည်းကတွေ့ခဲ့တယ်လို့ အခုလိုပြောလာတဲ့အပေါ် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက၊

ဦးကိုကိုကြီး။ ။သူအဲဒါတော့သူ ဘာမှကျနော့ကို၊ အဲဒါတော့ထုတ်ပြောတာမရှိပါဘူး၊ ဒါပေမယ့်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က၊ သူ့အဖေဗိုလ်ချုပ်အောင်ဆန်း လက်ထက်ကဂျပန်ဒါးကိုပြုပြင်ဖို့ပေါ့လေပြော ထားတဲ့ဟာကို ကတယ်ကိုမူရင်းအတိုင်းလောက်ဖြစ်အောင်ကျိုးစားထားတဲ့ ဟာပေါ့လေ သူအဲဒါဓာတ်ပုံလေး တော့ပြပါတယ်။ ဆိုတော့ဒါလေးကိုလည်း ဒေါ်အောင်ဆန်းစုကြည်လက်ထဲကိုပြန်ပြီးတော့ ပြန်ပေးရမလဲပေါ့၊ ဘယ်လိုပြန်ပြီးပြသရမလဲဆိုဒါလေးတောင်မှ သူအမှတ်တယပြောသွားတာရှိတယ်။

ကိုဝင်းမင်း။ ။ အဲဒိတော့ အခုလိုပြောလာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့နိုင်ဖို့လမ်းကြောင်းစရှာတဲ့ သဘောမျိုးလားလို့မေးရာမှာ ဦးကိုကိုကြီးက၊

ဦးကိုကိုကြီး။ ။ ဟုတ်ပါတယ်၊ ဟိုနောက်တခုကသူလည်းမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်တစားနဲ့ တောက်လျောက် အထူးသဖြင့်တော့ဒီတိုင်းရင်းသားပြဿနာ နောက်တိုင်းရင်းသားနိုင်ငံရေးပါတီ တွေနဲ့အခြား ဒီမိုကရေစီပါတီတွေ သူတို့အားလုံးရဲ့ဒီနိုင်ငံရေးအခန်းကဏ္ဍ၊ ဒီ NLD အပါအဝင်ပြန်ပြီးတော့အရေးပါလာဖို့၊ နိုင်ငံရေးနည်းလမ်းအပေါ်မှာ လူထုပြန်လည်ယုံကြည်လာဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ကျနော်တို့ နှစ်ဦးနှစ်ဖက်ပေါ့လေ အပြန်အလှန်ဆွေးနွေးဖြစ်သွားတယ်၊

ကိုဝင်းမင်း။ ။အဲဒိတော့ဘာကြောင့်အခုလို ဒေါ်စုစုလွင့်နဲ့တွေ့ဆုံမှု ဖြစ်လာတာလဲလို့မေးရာမှာ ဦးရဲထွန်း ကလည်း။

ဦးရဲထွန်း။ ။ ဂျပန်အနေနဲ့ကတော့ အရင်တုန်းကတည်းကပေါ့နော်မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပဌိပက္ခတွေ ကြားမှာ၊ ကြားဝင်ပြီးတော့ စေ့စပ်ညှိနိုင်းပေးချင်တဲ့ဆန္ဒပေါ့နော် စိတ်စေတနာကောင်းရှိတယ်လို့ယူဆတယ်။ အဲအရင်ဒီ NLD လက်ထက်မှာ တုန်းကလည်းရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ရှိရင် ဒီလက်နှက်ကိုအပြစ်အခတ် ရပ်ဆဲရေးဆောင်ရွက်ပေးခဲ့တာ အစဉ်အလာလေးတွေရှိတယ်၊ အခုတခေါက်မှာလည်း မြန်မာနိုင်ငံရဲ့ဖြစ်နေတဲ့ ပဌိပက္ခတွေကို ပြေလည်သွားဖို့ညှိနိုင်းဆွေးနွေးဖို့ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ဆုံချက် အဓိကခေါင်းဆောင်ဖြစ်တယ်လိုတာ သူသဘောပေါက်ပုံရတယ်။ ဒါကြောင့်မို့လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတဲ့အခါကျတော့ တနည်းနည်းနဲ့သတင်းစကားရောက်နိုင်တဲ့ ပုဂ္ဂိုလ်ဟို၊ နစက ကလည်းမကန့်ကွက် တဲ့သူနဲ့ တွေ့နိုင်တဲ့ဒီ NLD ကပုဂ္ဂိုလ်တယောက်ယောက်နဲ့တွေ့ပြီးတော့၊ NLD ကပုဂ္ဂိုလ်တချိုနဲ့ကျိုးစားတွေ့တယ် လို့ဘဲထင်ပါတယ်။

ကိုဝင်းမင်း။ ။ဒါ့အပြင် မစ္စတာဆာဆာကာဝါ ဘက်ကလည်းသူပြောခဲ့သလို အခုရန်ကုန်မှာ NLD ခေါင်း ဆောင်တွေနဲ့တွေ့ဖို့ကျိုုးစားနေတယ်။ ဖြစ်မဖြစ်တော့မသေခြာသေဘူးလို့ NLD ခေါင်းဆောင်အဖွဲ့နဲ့နီးစပ် သူအမည်အမဖေါ်လိုသူတဦးကလည်းပြောပါတယ်။ ဒီအပေါ်ဦးကိုကိုကြီးကိုဆက်ပြီးမေးရာမှာ။

ဦးကိုကိုကြီး။ ။ မီဒီယာမှာတွေ့တာကတော့ NLD ဘက်ကပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဆုံမယ်လို့တာတွေ့တဲ့ အခါကျတော့ ဘာတွေများထူးခြားလာမလဲဆိုတာကိုတော့တော်တော်လေး၊ စိတ်လှုပ်ရှားတယ်ပေါ့လေ၊ အဲဒါတော့ ကျနော်ကတော့ တခုသူ့ကို အဓိက ပြောလိုက်တာက ကျနော်တို့နိုင်ငံ မှာဒီနိုင်ငံရေးအကြပ်အတည်း ကိုကျော်လွှားနိုင်ဖို့ အထူးသဖြင့်တော့ဟို အရင့်အရင်ရွေးကောက်ပွဲမတိုင်ခင် မှာနိုင်ငံရေးသဘော တူညီမှုဘာမှ မရဘဲနဲ့ကို ရွေးကောက်ပွဲတွေကို ဖြတ်သန်းရင်းဖြတ်သန်းရင်းနဲ့နောက်ဆုံးဒီအခြေအနေရောက်သွား တယ်ဒါကြောင့်မို့လို့ အခုခြေအနေမှာအရေးတကြီးလိုအပ်နေတာက transitional agreementအသွင်ကူးပြောင်းရေး သဘောတူညီမှုရဖို့အတွက်တဦးခြင်း ကျိုစားကြတဲ့ပုဂ္ဂိုလ်တွေရော နိုင်ငံအလိုက်ကျိုးစား ကြတဲ့ပုဂ္ဂိုလ်တွေရော အထူးသဖြင့်တော့အာစီယံအထူးကိုယ်စားလှယ်ရဲ့ကြားဝင်ဆောင်ရွက်မှုဟာ အခုကတော့ ဆုံချက်လိုဖြစ်နေတာပေါ့နော် အဲဒါကိုအားလုံးကဝိုင်းပြီးတော့ အားပေးဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုဝင်းမင်း။ ။ အဲဒိတော့ အခုလိုတွေ့ဆုံမှုတွေကနေဘာတွေ ဘာတွေအဓိကမျှော်လင့်နိုင်ပါသလဲလို့ မေးရာမှာဦးရဲထွန်းကလည်း။

ဦးရဲထွန်း။ ။အင်းတကယ်လို့ နစက အနေနဲ့တွေ့ဆုံဆွေးနွေးဖို့နောင်မှာ လိုလားမှုရှိတယ်ဆိုရင်တော့ နောင်မှာ ဒီလမ်းကြောင်းကို မသချင်ယောင်ဆောင်နေလို့ရတာပေါ့ ကယ်လို့သူ့အနေနဲ့ အဲဒါကို လုံးဝမလိုလားဘူး ဆိုလို့ရှိရင်တော့ ဒီလမ်းကြောင်းကို ဖြတ်တောက်မှာပေါ့နော်။ တဘက်ကပြန်လာတဲ့ သဘောထားအပေါ်မှာစောင့်ကြည်ရမှာ လို့ထင်တယ်။ အဲဒိအပေါ်မှာ တိုးတက်မှုရှိတယ်ဆိုလို့ရှိရင်တော့ ဂျပန်အနေနဲ့လည်း ဆက်ပြီးတော့ဆောင်ရွက်ပေးဖို့အတွက် အားတက်မှာပေါဗျာ။

ကိုဝင်းမင်း။ ။တကယ်တော့ အာစီယံထိပ်သီးပွဲမှာဖယ်ကျဉ်ခံခဲ့ရတဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင်ကို မစတာဆာဆာကာဝါအအပြင် ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့တရုတ်နိုင်ငံတွေက ဝါရင့်ပုဂ္ဂိုလ်နဲ့ကိုယ် စားလှယ်တွေလာရောက်တွေဆုံခဲ့ပြီးအခုလိုဆက်ဖြစ်လာတာပါခင်ဗျား။

XS
SM
MD
LG