သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်ခံရတဲ့သတင်းထောက်သားဖြစ်သူထံ ဆော်ဒီအိမ်ရှေ့စံ ဝမ်းနည်းစကားဆို


ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်
ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်

ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က ဆော်ဒီ သတင်းထောက် Jamal Khashoggi ရဲ့ သားဖြစ်သူကို ဒီကနေ့ တနလာၤနေ့မှာ တယ်လီဖုန်းဆက်ပြီး ဖခင်ဖြစ်သူ အသတ်ခံရမှု အတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောဆိုခဲ့ပါတယ်။

သတင်းထောက် Khashoggi က အောက်တိုဘာလ ၂ ရက်နေ့တုန်းက တူရကီ နိုင်ငံ အစ္စတန်ဘူလ်းက ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲကို ဝင်ရောက်သွားပြီးနောက် အသတ်ခံခဲ့ရတာပါ။ တူရကီ သမ္မတ Recep Tayyip Erdogan ကတော့ သတင်းထောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင် ဖော်ထုတ်မယ်လို့ လွှတ်တော်ကို ပြောတဲ့ မိန့်ခွန်းမှာ အခိုင်အမာ ပြောဆိုသွားပါတယ်။

တရားမျှတမှုရှိရေး ကြိုးပမ်းနေတာ ဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေ အတိုင်း မဟုတ်ဘဲ အမှန်တရား အတိုင်း ဖော်ထုတ်မယ်လို့ တူရကီ သမ္မတက မနေ့ တနင်္ဂနွေနေ့က အစ္စတန်ဘူလ်းမြို့က လူထု စည်းဝေးပွဲမှာ ပြောဆိုသွားတာပါ။ အမေရိကန် သမ္မတ Donald Trump နဲ့လည်း မနေ့ တနင်္ဂနွေနေ့တုန်းက တူရကီ သမ္မတက တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။

သတင်းထောက် Khashoggi အသတ်ခံရမှုမှာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းဆောင် နှစ်ဦးတို့ သဘောတူခဲ့ကြကြောင်း တူရကီ နိုင်ငံပိုင် သတင်းစာက ဖော်ပြပါတယ်။ တူရကီ နိုင်ငံ အစ္စတန်ဘူလ်းမြို့က ဆော်ဒီအာရေးဗျ ကောင်စစ်ဝန်ရုံး အတွင်းမှာ သတင်းထောက် Khashoggi သတ်ဖြတ်ခံရမှုဟာဆိုရင် ဆိုးရွားလှတဲ့ အမှားကြီး ဖြစ်ပါတယ်လို့ ဆော်ဒီအာရေးဗျဘက်က ပြောဆိုလိုက်ပြီး တာဝန်ရှိသူတွေ အားလုံးကို အရေးယူမယ်လို့လည်း ကတိပြု ပြောဆိုပါတယ်။ ဆော်ဒီ သူလျှိုတွေ အနေနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ခဲ့ကြပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ် အဖြစ် ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir က Fox News ရုပ်သံကို မနေ့ တနင်္ဂနွေနေ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG