သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Games ျမန္မာ ေငြ ၂ ေၾကး ၈ ရရွိထားၿပီ


ဆီးဂိမ္းၿပိဳင္ပြဲ ဒီဇင္ဘာ ၁ ရက္ေန႔အထိ ဆုရရွိမႈ အေနအထား။

(Zawgyi / Unicode)

ဖိလစ္ပိုင္ႏုိင္ငံမွာ က်င္းပေနတဲ့ အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ SEA Games မွာ ျမန္မာက ေငြတံဆိပ္ ၂ ခု၊ ေၾကးတံဆိပ္ ၈ ခု ဆြတ္ခူးထားပါတယ္။

တနဂၤေႏြေန႔က ကိုယ္ခံပညာ အားကစားတမ်ိဳးျဖစ္တဲ့ အားနစ္စ္ (Arnis) အားကစားမွာ ျမန္မာက အမ်ိဳးသား ၅၅ ကီလိုတန္းမွာ စိုးပိုင္က ေငြတံဆိပ္၊ အမ်ိဳးသမီး ၆၀-၆၅ ကီလိုတန္းမွာ သက္ေ၀ဦးတို႔က ေငြတံဆိပ္တခုဆီ ဆြတ္ခူးထားပါတယ္။

အမ်ိဳးသား ၅၅-၆၀ ကီလိုတန္းမွာ ၀င္းသက္ပိုင္၊ အမ်ိဳးသား ၆၀-၆၅ ကီလိုတန္းမွာ သက္ႏုိင္ဦး၊ အမ်ိဳးသား ၆၅-၇၀ ကီလိုတန္းမွာ ဗန္လ်န္ေခါလ္တို႔က ေၾကးတံဆိပ္ေတြ အသီးသီး ဆြတ္ခူးထားပါတယ္။

အမ်ိဳးသမီး ၅၀ ကီလိုတန္းမွာ သႏၱာခိုင္၊ အမ်ိဳးသမီး ၅၀-၅၅ ကီလိုတန္းမွာေတာ့ လွႏြယ္ေအး၊ အမ်ိဳးသမီး ၅၅-၆၀ ကီလိုတန္းမွာေတာ့ မိုးမိုးေအးတို႔က ေၾကးတံဆိပ္ဆု အသီးသီး ဆြတ္ခူးရရွိထားပါတယ္။

တနဂၤေႏြေန႔ကယွဥ္ၿပိဳင္တဲ့ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမွာေတာ့ အမ်ိဳးသမီးပိုက္ေက်ာ္ျခင္း အသင္းက တတိယဆု ေၾကးတံဆိပ္ ဆြတ္ခူးရရွိထားပါၿပီ။

နပန္းၿပိဳင္ပြဲ (Kurash) ၉၀ ကီလိုအထက္ ၿပိဳင္ပြဲမွာေတာ့ ျမင့္ဇင္က ေၾကးတံဆိပ္ ဆြတ္ခူးရရွိထားပါတယ္။

ဖိလစ္ပိုင္ SEA Games မွာေတာ့ အိမ္ရွင္ ဖိလစ္ပိုင္က အခုအခ်ိန္ထိ ေရႊ ၂၂ ခုနဲ႔ ဦးေဆာင္ေနၿပီး ဗီယက္နမ္က ေရႊ ၁၀ ခုနဲ႔ ဒုတိယေနရာ လုိက္ေနၿပီး ထုိင္းႏုိင္ငံကေတာ့ ေရႊတံဆိပ္ ၅ ခုနဲ႔ တတိယေနရာ လိုက္ေနပါတယ္။ ျမန္မာကေတာ့ ဆုတံဆိပ္ စုစုေပါင္း ၁၀ ခုနဲ႔ ႏုိင္ငံ ၁၀ ႏုိင္ငံထဲမွာ အဆင့္ ၈ မွာ ရပ္တည္ေနပါတယ္။

---------------------------

(Unicode)

SEA Games မြန်မာ ငွေ ၂ ကြေး ၈ ရရှိထားပြီ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် SEA Games မှာ မြန်မာက ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၈ ခု ဆွတ်ခူးထားပါတယ်။

တနင်္ဂနွေနေ့က ကိုယ်ခံပညာ အားကစားတမျိုးဖြစ်တဲ့ အားနစ်စ် (Arnis) အားကစားမှာ မြန်မာက အမျိုးသား ၅၅ ကီလိုတန်းမှာ စိုးပိုင်က ငွေတံဆိပ်၊ အမျိုးသမီး ၆၀-၆၅ ကီလိုတန်းမှာ သက်ဝေဦးတို့က ငွေတံဆိပ်တခုဆီ ဆွတ်ခူးထားပါတယ်။

အမျိုးသား ၅၅-၆၀ ကီလိုတန်းမှာ ဝင်းသက်ပိုင်၊ အမျိုးသား ၆၀-၆၅ ကီလိုတန်းမှာ သက်နိုင်ဦး၊ အမျိုးသား ၆၅-၇၀ ကီလိုတန်းမှာ ဗန်လျန်ခေါလ်တို့က ကြေးတံဆိပ်တွေ အသီးသီး ဆွတ်ခူးထားပါတယ်။

အမျိုးသမီး ၅၀ ကီလိုတန်းမှာ သန္တာခိုင်၊ အမျိုးသမီး ၅၀-၅၅ ကီလိုတန်းမှာတော့ လှနွယ်အေး၊ အမျိုးသမီး ၅၅-၆၀ ကီလိုတန်းမှာတော့ မိုးမိုးအေးတို့က ကြေးတံဆိပ်ဆု အသီးသီး ဆွတ်ခူးရရှိထားပါတယ်။

တနင်္ဂနွေနေ့ကယှဉ်ပြိုင်တဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာတော့ အမျိုးသမီးပိုက်ကျော်ခြင်း အသင်းက တတိယဆု ကြေးတံဆိပ် ဆွတ်ခူးရရှိထားပါပြီ။

နပန်းပြိုင်ပွဲ (Kurash) ၉၀ ကီလိုအထက် ပြိုင်ပွဲမှာတော့ မြင့်ဇင်က ကြေးတံဆိပ် ဆွတ်ခူးရရှိထားပါတယ်။

ဖိလစ်ပိုင် SEA Games မှာတော့ အိမ်ရှင် ဖိလစ်ပိုင်က အခုအချိန်ထိ ရွှေ ၂၂ ခုနဲ့ ဦးဆောင်နေပြီး ဗီယက်နမ်က ရွှေ ၁၀ ခုနဲ့ ဒုတိယနေရာ လိုက်နေပြီး ထိုင်းနိုင်ငံကတော့ ရွှေတံဆိပ် ၅ ခုနဲ့ တတိယနေရာ လိုက်နေပါတယ်။ မြန်မာကတော့ ဆုတံဆိပ် စုစုပေါင်း ၁၀ ခုနဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

SEA Games ျမန္မာ ေငြ ၂ ေၾကး ၈ ရရွိထားၿပီ
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG