သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Game မွာ ျမန္မာ ယူ-၂၂ ေဘာလုံးအသင္း အုပ္စု ဦးေဆာင္


ျမန္မာ ယူ-၂၂ အသင္း နဲ႔ တီေမာလက္စေတအသင္း ကစားစဥ္ ( ဓါတ္ပံု -Myanmar Football Federation)

(Zawgyi/Unicode)

အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပဲြြမွာေတာ့ ျမန္မာ ယူ-၂၂ ေဘာလုံးအသင္းဟာ တီေမာလက္စေတအသင္းကို အနုိင္ရၿပီး အုပ္စုမွာ ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။ ျမန္မာအသင္းဟာ ဒီကေန႔ အနုိင္ရသြားတဲ့အတြက္ အုပ္စုက အႀကိဳဗုိလ္လုပဲြတက္ဖို႔ အလားအလာေကာင္းသြားေပမယ့္၊ ကေမာၻဒီးယားနဲ႔ အုပ္စုေနာက္ဆုံးပဲြစဥ္ အႀကိတ္အနယ္ကစားရမွာျဖစ္ပါတယ္။ ျမန္မာအသင္းဒီကေန႔ ကစားသြားခဲ့တဲ့ပဲြအေပၚသုံးသပ္ခ်က္ နဲ႔ လာမယ့္ကေမာၻဒီးယားပဲြအေပၚ ခန္႔မွန္းခ်က္ေတြကို ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံမွာက်င္းေနတဲ့ အႀကိမ္ ၃၀ ေျမာက္ SEA Games အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပဲြ ေဘာလုံးပဲြေတြမွာေတာ့ ျမန္မာ ယူ-၂၂ အသင္းဟာ အုပ္စု တတိယပဲြစဥ္အျဖစ္နဲ႔ တီေမာလက္စေတအသင္း နဲ႔ ဒီကေန႔မွာ ကစားခဲ့ၿပီး ျမန္မာအသင္းက တီေမာကို ၃ ဂိုး ၁ ဂိုး နဲ႔ ႏုိင္သြားပါတယ္။ ျမန္မာအသင္းအတြက္ ပထမဂိုးကို ပထမပိုင္း ၁၀ မိနစ္မွာ တုိက္စစ္မွဴးေအာင္ေကာင္းမာန္က အဖြင့္ဂိုးသြင္းခဲ့ၿပီး၊ ၃၅ မိနစ္မွာ ထက္ၿဖိဳးေ၀က ျမန္မာအတြက္ ဒုတိယဂိုးသြင္းပါတယ္။ တီေမာလက္စေတအသင္း မိနစ္ ၄၀ မွာ ၁ ဂိုး ျပန္သြင္းခဲ့တာေၾကာင့္ ပထမပိုင္းမွာ ၂ ဂိုး ၁ ဂိုး နဲ႔ ဦးေဆာင္ခဲ့တာပါ။ ဒုတိယပိုင္း ၅၃ မိနစ္မွာေတာ့ အသင္းေခါင္းေဆာင္ လႈိင္းဘုိဘုိက ေထာင့္ကန္ေဘာကို ၀င္ပိတ္ၿပီး ျမန္မာအသင္းအတြက္ တတိယ ဂိုးသြင္းေပးခဲ့ၿပိး ေနာက္ဆုံးမွာ ျမန္မာအသင္းက ၃ ဂုိး ၁ ဂိုး နဲ႔ ႏုိင္သြားပါတယ္။ ဒီကေန႔ ျမန္မာအသင္းကစားပုံနဲ႔ ပတ္သက္ၿပီး အားကစားကေလာင္ရွင္ ကိုေဇာ္မ်ိဳးသန္႔ က အခုလို သုံးသပ္ပါတယ္။

“က်ေနာ္႔အျမင္ကေတာ့ ပိုၿပီးေတ့ာ ဆိုးလာတယ္လို႔ပဲ ျမင္ပါတယ္ဆရာရယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ တီေမာဆိုတာ ဒီအုပ္စုထဲမွာ ေျခလွမ္းအနိမ့္ဆံုးအသင္းေလ။ အနိမ့္ဆံုးအသင္းဆိုေတာ့ ကိုယ္က ဖိဖိစီးစီးနဲ႔ အႏိုင္ရဖို႔အတြက္ကို ကစားကြက္နဲ႔ ကစားႏိုင္ရမွာ။ ကစားကြက္ကလည္းေပ်ာက္၊ ကစားသမားေတြကလည္း Confident မရွိ အဲလိုျဖစ္ေနတယ္။ ေျပာရရင္ေတာ့ ဖိလစ္ပိုင္ကို ႏိုင္ခဲ့တဲ့ ပြဲ ၊ မေလးရွားနဲ႔ ေသေရက်ခဲ့တဲ့ ပြဲထက္ေတာင္မွ ဒီပြဲမွာ ေျခလွမ္းပိုင္းအရ ပ်က္တာေတြ ေတာ္ေတာ္ မ်ားမ်ား ရွိတယ္လို႔ က်ေနာ္ကေတာ့ သံုးသပ္တယ္၊ အႏိုင္ရတာကေတာ့ ရတယ္ေပါ့ဗ်ာ ဒါေပမယ့္ ေျခလွမ္းအရေတာ့ ပထမ ၂ ပြဲထက္စာရင္ ေျခလွမ္းပိုင္းက ပ်က္လာတဲ့ သေဘာမ်ိဳးရွိတယ္လို႔ က်ေနာ္က်ေတာ့ အဲလိုသံုးသပ္ခ်င္တယ္။ အဓိကေတာ့ေနာက္တန္းကေတာ့ ထံုးစံအတိုင္းေပါ့ဗ်ာ။ ဒီေန႔ပြဲမွာေတာ့ ကြင္းလယ္ပိုင္းက ကစားသမားေတြက တည္တည္ၿငိမ္ၿငိမ္နဲ႔ ကိုယ့္ကစားသမားကို ဂိုးသြင္းခြင့္ေတြရေအာင္ ဖန္တီးေပးရမယ့္အစား တကိုယ္ေတာ္ ဂိုးသြင္းခ်င္စိတ္ေတြ မ်ားတယ္၊ ေနာက္ ကြင္း အခ်ိတ္အဆက္ေတြအရ ေတာ္ေတာ္ေလးကို လြဲေခ်ာ္ေနတယ္ ၊ ေနာက္တခုက ထံုးစံအတိုင္း ေဘာ္လံုးကို တေယာက္တည္း ကစားခ်င္တဲ့ စိတ္က မ်ားေနတဲ့အခါက်ေတာ့ တီေမာအသင္းကေတာင္မွ ေတာ္ေတာ္ေလးကို ခက္ခက္ခဲခဲ ကစားရတဲ့ ေနအထားျဖစ္သြားတယ္။”

ျမန္မာအသင္းဟာ ဒီပြဲနုိင္သြားတဲ့အတြက္ အုပ္စု ၃ ပဲြ ကစားၿပီးခ်ိန္ွမွာ ၂ ပဲြ ႏုိင္ ၁ ပဲြ သေရ ၇ မွတ္ နဲ႔ အုပ္စုပထမနဲ႔ ထိပ္ဆုံးမွာရွိေနပါတယ္။ တီေမာကို အႏုိင္ရသြားတာက ျမန္မာအသင္းေနာက္တဆင့္တက္ဖို႔အတြက္ကိုဘယ္ေလာက္ထိ အေထာက္အကူျဖစ္ေစခဲ့ၿပီး ၊ အုပ္စုကေန တက္ၿပီလို႔ ေျပာႏုိင္မလား။ အားကစားကေလာင္ရွင္ ကိုေဇာ္မ်ိဳးသန္႔ ကေတာ့

“တီေမာကို ႏိုင္လိုက္တဲ့အတြက္ေၾကာင့္ ဘယ္ေလာက္အထိျဖစ္သြားေစသလဲဆိုေတာ့ အဓိကေတာ့ ကေမာၻဒီးယားနဲ႔ ပြဲအတြက္ကို တြန္းအားျဖစ္သြားတာေပါ့ဗ်ာ။ ကေမာၻဒီးယားကို ငါတို႔ ႏိုင္ေအာင္ ကန္ရင္ ေနာက္တဆင့္တက္ၿပီဆိုတဲ့ တြန္းအားတခုျဖစ္သြားတယ္ အဲဒါေၾကာင့္မို႔ ဒီေန႔ပြဲမွာ အႏိုင္ရရံုနဲ႔ ႀကိဳကစားသြားတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကေမာၻဒီးယားနဲ႔ ပြဲအတြက္ကို ခ်န္ၿပီးေတာ့ေလ ၊ ေနာက္တခုကေတာ့ ကစားသမားေတြကလည္း ယံုၾကည္မႈ ပိုရွိသြားတယ္ေပါ့။ ေနာက္အေရးႀကီးဆံုးအခ်က္ကေတာ့ ကေမာၻဒီးယားနဲ႔ မေလးရွားကို ဖိအားေပးလိုက္ႏိုင္တဲ့ သေဘာမ်ိဳးျဖစ္သြားတာေပါ့။”

ျမန္မာအသင္းဟာ လာမယ့္ ဒီဇင္ဘာ ၂ ရက္ေန႔မွာေတာ့ အုပ္စုေနာက္ဆုံးပဲြစဥ္အျဖစ္နဲ႔ ကေမာၻဒီးယားအသင္းနဲ႔ ကစားရမွာပါ။ ကေမာၻဒီးယားအသင္းဟာ ႏုိ၀င္ဘာ ၂၉ ရက္ေန႔တုန္းကေတာ့ တီေမာအသင္းကို ၅ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္ထားပါတယ္။ ဆုိေတာ့ ျမန္မာနဲ႔ ကေမာၻဒီးယားတုိ႔ပဲြကို အားကစားကေလာင္ရွင္ ကိုေဇာ္မ်ိဳးသန္႔ က ဘယ္လိုခန္႔မွန္းပါသလဲ။

“က်ေနာ့္အျမင္ေျပာရမယ္ဆိုရင္ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲ ကစားရမယ့္အေနအထားမွာရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔နဲ႔ သူတို႔က AFF ယူ-၂၂ ပဲြမွာတုန္းက ဆံုခဲ့ၿပီးၿပီ။ က်ေနာ္တို႔က ၂ ဂိုး ဂိုးမရွိနဲ႔ ရံႈးထားတယ္။ ကစားသမားေတြကေတာ့ ဒီကစားသမားေတြပဲ အေျပာင္းအလဲ သိပ္မရွိဘူး။ သို႔ေသာ္လည္း အႏိုင္ရဖို႔ဆိုရင္ ကစားသမားေတြက ပိုၿပီးေတာ့ေကာင္းေအာင္၊ ပိုၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္၊ ပိုၿပီးေတ့ာ ျဖည့္စြမ္းျပႏိုင္မွပဲ အႏိုင္ရမယ္လို႔ အဲလိုပဲ သံုးသပ္ခ်င္တယ္။ အဲလိုမွ မဟုတ္ပဲနဲ႔ ပထမ ၃ ပြဲတုန္းက ေျခလွမ္းအတိုင္းပဲ ျဖစ္ေနမယ္ဆိုရင္ ကေမာၻဒီးယားက ျမန္မာကို အႏိုင္ရသြားမယ္လို႔ က်ေနာ္ကေတာ့ အဲလိုသံုးသပ္ခ်င္တယ္။

ေမး ။ ။ အဲဒီေတာ့ ျမန္မာအေနနဲ႔ လိုခ်င္တဲ့ ဒီပြဲရလဒ္ကို ရဖို႔ ရႏိုင္မယ္လို႔ ထင္လား ၊ အဲဒီပြဲမွာ။

ေျဖ။ ။ လိုခ်င္တဲ့ ပဲြရလာဒ္မ်ိဳး ရႏိုင္မယ္ ထင္လားဆိုရင္ေတာ့ ကစားခဲ့ၿပီးတဲ့ ၃ ပဲြမွာ ျပခဲ့တဲ့ ေျခစြမ္းတိုင္းဆိုရင္ေတာ့ မရႏိုင္ဘူး။ မရႏိုင္ဘူးဆိုတာ နည္းျပအေနနဲ႔ တျခား အေျပာင္းအလဲပံုစံေတြ လုပ္ၿပီးေတာ့ ပဲြထြက္လာႏိုင္တယ္ဆိုရင္ေတာ့ တမ်ိဳးေပါ့။ အဲ့ဒီလိုမဟုတ္ဘဲနဲ႔ အေနာက္တန္းက ၃ ေယာက္၊ အလယ္တန္း ၅ ေယာက္၊ တိုက္စစ္မွဴးနဲ႔ အဲ့ဒီလိုပံုစံမ်ိဳး ပဲြထြက္လာၿပီးေတာ့ ေဘာလံုးကို အပိုင္ကန္ၿပီးေတာ့ အသာစီးရေအာင္ အားထုတ္တဲ့ နည္းဗ်ဳဟာမ်ိဳးနဲ႔ပဲ ပဲြထြက္လာႏိုင္တယ္ဆိုရင္ေတာ့ ကေမာၻဒီးယားကို အႏိုင္ရဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးလို႔ က်ေနာ္ေတာ့ အဲ့ဒီလိုမ်ိဳး ပဲထင္တယ္ဗ်။ နည္းဗ်ဳဟာေျပာင္းၿပီးေတာ့ ပဲြထြက္လာမွပဲ အႏိုင္ရဖို႔ အတြက္ ေမ်ွာ္လင့္ခ်က္ရွိႏိုင္လိမ့္မယ္လို႔ က်ေနာ္ေတာ့ အဲ့ဒီလိုပဲ သံုးသပ္ခ်င္ပါတယ္။”

ျမန္မာအသင္း နဲ႔ ကေမာၻဒီးယားတို႔ ေနာက္ဆုံးအႀကိမ္ AFF ယူ-၂၂ ပဲြ မွာ ေတြ႔ခဲ့တုန္းက ကေမာၻဒီးယားက ၂ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္ထားတာပါ။ ဒါေၾကာင့္ ျမန္မာအသင္းအေနနဲ႔ အဲဒီရႈံးေႂကြးကို ဆပ္ၿပီး အုပ္စုမွာ ရႈံးပဲြမရွိနဲ႔အႀကိဳဗုိလ္လုပဲြကို တက္ႏုိင္မလား။ ဆီမီးဖုိင္နယ္ပဲြစဥ္ေတြကိုေတာ့ မနီလာၿမိဳ႕မွာ လာမယ့္ ဒီဇင္ဘာ ၇ ရက္ေန႔မွာ ကစားၾကမွာျဖစ္ၿပီး၊ ဖုိင္နယ္ကိုေတာ့ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ကစားၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........................

SEA Game မှာ မြန်မာ ယူ-၂၂ ဘောလုံးအသင်း အုပ်စု ဦးဆောင်

(Unicode)

အရှေ့တောင်အာရှအားကစားပြိုင်ပွဲွမှာတော့ မြန်မာ ယူ-၂၂ ဘောလုံးအသင်းဟာ တီမောလက်စတေအသင်းကို အနိုင်ရပြီး အုပ်စုမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ မြန်မာအသင်းဟာ ဒီကနေ့ အနိုင်ရသွားတဲ့အတွက် အုပ်စုက အကြိုဗိုလ်လုပွဲတက်ဖို့ အလားအလာကောင်းသွားပေမယ့်၊ ကမ္ဘောဒီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် အကြိတ်အနယ်ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းဒီကနေ့ ကစားသွားခဲ့တဲ့ပွဲအပေါ်သုံးသပ်ချက် နဲ့ လာမယ့်ကမ္ဘောဒီးယားပွဲအပေါ် ခန့်မှန်းချက်တွေကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာကျင်းနေတဲ့ အကြိမ် ၃၀ မြောက် SEA Games အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲတွေမှာတော့ မြန်မာ ယူ-၂၂ အသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ်နဲ့ တီမောလက်စတေအသင်း နဲ့ ဒီကနေ့မှာ ကစားခဲ့ပြီး မြန်မာအသင်းက တီမောကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ မြန်မာအသင်းအတွက် ပထမဂိုးကို ပထမပိုင်း ၁၀ မိနစ်မှာ တိုက်စစ်မှူးအောင်ကောင်းမာန်က အဖွင့်ဂိုးသွင်းခဲ့ပြီး၊ ၃၅ မိနစ်မှာ ထက်ဖြိုးဝေက မြန်မာအတွက် ဒုတိယဂိုးသွင်းပါတယ်။ တီမောလက်စတေအသင်း မိနစ် ၄၀ မှာ ၁ ဂိုး ပြန်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ ဦးဆောင်ခဲ့တာပါ။ ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ အသင်းခေါင်းဆောင် လှိုင်းဘိုဘိုက ထောင့်ကန်ဘောကို ဝင်ပိတ်ပြီး မြန်မာအသင်းအတွက် တတိယ ဂိုးသွင်းပေးခဲ့ပြိး နောက်ဆုံးမှာ မြန်မာအသင်းက ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ ဒီကနေ့ မြန်မာအသင်းကစားပုံနဲ့ ပတ်သက်ပြီး အားကစားကလောင်ရှင် ကိုဇော်မျိုးသန့် က အခုလို သုံးသပ်ပါတယ်။

“ကျနော့်အမြင်ကတော့ ပိုပြီးတေ့ာ ဆိုးလာတယ်လို့ပဲ မြင်ပါတယ်ဆရာရယ်၊ ဘာဖြစ်လို့လဲဆိုတော့ တီမောဆိုတာ ဒီအုပ်စုထဲမှာ ခြေလှမ်းအနိမ့်ဆုံးအသင်းလေ။ အနိမ့်ဆုံးအသင်းဆိုတော့ ကိုယ်က ဖိဖိစီးစီးနဲ့ အနိုင်ရဖို့အတွက်ကို ကစားကွက်နဲ့ ကစားနိုင်ရမှာ။ ကစားကွက်ကလည်းပျောက်၊ ကစားသမားတွေကလည်း Confident မရှိ အဲလိုဖြစ်နေတယ်။ ပြောရရင်တော့ ဖိလစ်ပိုင်ကို နိုင်ခဲ့တဲ့ ပွဲ ၊ မလေးရှားနဲ့ သေရေကျခဲ့တဲ့ ပွဲထက်တောင်မှ ဒီပွဲမှာ ခြေလှမ်းပိုင်းအရ ပျက်တာတွေ တော်တော် များများ ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်၊ အနိုင်ရတာကတော့ ရတယ်ပေါ့ဗျာ ဒါပေမယ့် ခြေလှမ်းအရတော့ ပထမ ၂ ပွဲထက်စာရင် ခြေလှမ်းပိုင်းက ပျက်လာတဲ့ သဘောမျိုးရှိတယ်လို့ ကျနော်ကျတော့ အဲလိုသုံးသပ်ချင်တယ်။ အဓိကတော့နောက်တန်းကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဒီနေ့ပွဲမှာတော့ ကွင်းလယ်ပိုင်းက ကစားသမားတွေက တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကစားသမားကို ဂိုးသွင်းခွင့်တွေရအောင် ဖန်တီးပေးရမယ့်အစား တကိုယ်တော် ဂိုးသွင်းချင်စိတ်တွေ များတယ်၊ နောက် ကွင်း အချိတ်အဆက်တွေအရ တော်တော်လေးကို လွဲချော်နေတယ် ၊ နောက်တခုက ထုံးစံအတိုင်း ဘော်လုံးကို တယောက်တည်း ကစားချင်တဲ့ စိတ်က များနေတဲ့အခါကျတော့ တီမောအသင်းကတောင်မှ တော်တော်လေးကို ခက်ခက်ခဲခဲ ကစားရတဲ့ နေအထားဖြစ်သွားတယ်။”

မြန်မာအသင်းဟာ ဒီပွဲနိုင်သွားတဲ့အတွက် အုပ်စု ၃ ပွဲ ကစားပြီးချိန်ှမှာ ၂ ပွဲ နိုင် ၁ ပွဲ သရေ ၇ မှတ် နဲ့ အုပ်စုပထမနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ တီမောကို အနိုင်ရသွားတာက မြန်မာအသင်းနောက်တဆင့်တက်ဖို့အတွက်ကိုဘယ်လောက်ထိ အထောက်အကူဖြစ်စေခဲ့ပြီး ၊ အုပ်စုကနေ တက်ပြီလို့ ပြောနိုင်မလား။ အားကစားကလောင်ရှင် ကိုဇော်မျိုးသန့် ကတော့

“တီမောကို နိုင်လိုက်တဲ့အတွက်ကြောင့် ဘယ်လောက်အထိဖြစ်သွားစေသလဲဆိုတော့ အဓိကတော့ ကမ္ဘောဒီးယားနဲ့ ပွဲအတွက်ကို တွန်းအားဖြစ်သွားတာပေါ့ဗျာ။ ကမ္ဘောဒီးယားကို ငါတို့ နိုင်အောင် ကန်ရင် နောက်တဆင့်တက်ပြီဆိုတဲ့ တွန်းအားတခုဖြစ်သွားတယ် အဲဒါကြောင့်မို့ ဒီနေ့ပွဲမှာ အနိုင်ရရုံနဲ့ ကြိုကစားသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘောဒီးယားနဲ့ ပွဲအတွက်ကို ချန်ပြီးတော့လေ ၊ နောက်တခုကတော့ ကစားသမားတွေကလည်း ယုံကြည်မှု ပိုရှိသွားတယ်ပေါ့။ နောက်အရေးကြီးဆုံးအချက်ကတော့ ကမ္ဘောဒီးယားနဲ့ မလေးရှားကို ဖိအားပေးလိုက်နိုင်တဲ့ သဘောမျိုးဖြစ်သွားတာပေါ့။”

မြန်မာအသင်းဟာ လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ကစားရမှာပါ။ ကမ္ဘောဒီးယားအသင်းဟာ နိုဝင်ဘာ ၂၉ ရက်နေ့တုန်းကတော့ တီမောအသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ နိုင်ထားပါတယ်။ ဆိုတော့ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ပွဲကို အားကစားကလောင်ရှင် ကိုဇော်မျိုးသန့် က ဘယ်လိုခန့်မှန်းပါသလဲ။

“ကျနော့်အမြင်ပြောရမယ်ဆိုရင် တော်တော်လေး ခက်ခက်ခဲခဲ ကစားရမယ့်အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ သူတို့က AFF ယူ-၂၂ ပွဲမှာတုန်းက ဆုံခဲ့ပြီးပြီ။ ကျနော်တို့က ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားတယ်။ ကစားသမားတွေကတော့ ဒီကစားသမားတွေပဲ အပြောင်းအလဲ သိပ်မရှိဘူး။ သို့သော်လည်း အနိုင်ရဖို့ဆိုရင် ကစားသမားတွေက ပိုပြီးတော့ကောင်းအောင်၊ ပိုပြီးတော့ တည်တည်ငြိမ်ငြိမ်၊ ပိုပြီးတေ့ာ ဖြည့်စွမ်းပြနိုင်မှပဲ အနိုင်ရမယ်လို့ အဲလိုပဲ သုံးသပ်ချင်တယ်။ အဲလိုမှ မဟုတ်ပဲနဲ့ ပထမ ၃ ပွဲတုန်းက ခြေလှမ်းအတိုင်းပဲ ဖြစ်နေမယ်ဆိုရင် ကမ္ဘောဒီးယားက မြန်မာကို အနိုင်ရသွားမယ်လို့ ကျနော်ကတော့ အဲလိုသုံးသပ်ချင်တယ်။

မေး ။ ။ အဲဒီတော့ မြန်မာအနေနဲ့ လိုချင်တဲ့ ဒီပွဲရလဒ်ကို ရဖို့ ရနိုင်မယ်လို့ ထင်လား ၊ အဲဒီပွဲမှာ။

ဖြေ။ ။ လိုချင်တဲ့ ဒီပွဲရလဒ်မျိုး ရနိုင်မယ်ထင်လားဆိုရင်တော့ ကစားခဲ့ပြီးတဲ့ ၃ ပွဲမှာ ပြတဲ့ ခြေလှမ်းအတိုင်းဆိုရင် မရနိုင်ဘူး။ မရနိုင်ဘူးဆိုတာက နည်းပြအနေနဲ့ အပြောင်းအလဲပုံစံတွေ လုပ်ပြီးတော့ ပွဲထွက်လာနိုင်မယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ ။ အဲလိုမဟုတ်ပဲနဲ့ အနောက်တန်းက ၃ ယောက်၊ အလယ်တန်းက ၅ ယောက် ၊ တိုက်စစ်မှူးနဲ့ အဲလိုပုံစံမျိုးနဲ့ ပွဲထက်လာပြီးတော့ ဘောလုံးကို အသာစီးရအောင် ပွဲထွက်လာတာမျိုးနဲ့ဆိုရင်တော့ ကမ္ဘောဒီးယားကို ဘယ်လိုမှ အနိုင်မရနိုင်ဘူးလို့ ကျနော်အဲလိုသုံးသပ်ချင်တယ်။ နည်းဗျူဟာပြောင်းပြီးတော့ ပွဲထွက်လာမှပဲ အနိုင်ရဖို့ အတွက် မျှော်လင့်ချက်ရှိနိုင်မယ်လို့ ကျနော်အဲလိုပဲ သုံးသပ်ပါတယ်။”

မြန်မာအသင်း နဲ့ ကမ္ဘောဒီးယားတို့ နောက်ဆုံးအကြိမ် AFF ယူ-၂၂ ပွဲ မှာ တွေ့ခဲ့တုန်းက ကမ္ဘောဒီးယားက ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ထားတာပါ။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အဲဒီရှုံးကြွေးကို ဆပ်ပြီး အုပ်စုမှာ ရှုံးပွဲမရှိနဲ့အကြိုဗိုလ်လုပွဲကို တက်နိုင်မလား။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ မနီလာမြို့မှာ လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကစားကြမှာဖြစ်ပြီး၊ ဖိုင်နယ်ကိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG