သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Games ၿပိဳင္ပြဲကာလ အဆင္မေျပမႈမ်ားအတြက္ သမၼတဒူတာေတး ေတာင္းပန္


SEA Games ၿပိဳင္ပြဲက်င္းပေနစဥ္

(Zawgyi/Unicode)

ဖိလစ္ပိုင္ႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ (SEA Games) ဖြင့္ပြဲမတိုင္ခင္မွာ သယ္ယူပို႔ေဆာင္ေရးအပါအဝင္ တျခားျပႆနာေတြ၊ ေနာက္ဆံုးအခ်ိန္ထိ ေဆာက္လုပ္ေရးလုပ္ငန္း မၿပီးျပတ္ေသးတာေတြ အတြက္ သမၼတ Rodrigo Duterte က ေတာင္းပန္လိုက္ၿပီး စံုစမ္းစစ္ေဆးမယ္လို႔ ကတိျပဳလိုက္ပါတယ္။

SEA Games ၿပိဳင္ပြဲေတြမွာ အႀကီးဆံုးျဖစ္တဲ့ ဒီႏွစ္ၿပိဳင္ပြဲအတြက္ ေထာင္ေပါင္းမ်ားစြာေသာ အားကစားသမားေတြ မနီလာ ၿမိဳ႕ေတာ္ကို ေရာက္လာၾကတာနဲ႔အမွ် သယ္ယူပို႔ေဆာင္ေရး၊ ေနရာထိုင္ခင္းနဲ႔ စားေသာက္ေရးေတြမွာ အဆင္မေျပျဖစ္ၾကတာကို ၿပိဳင္ပြဲဝင္အသင္း အေတာ္မ်ားမ်ား ၾကံဳခဲ့ၾကရတာပါ။ ဒါ့အျပင္ ေနာက္သီတင္းပတ္အေစာပိုင္းမွာ ဖိလစ္ပိုင္ကို တိုင္ဖုန္းမုန္တိုင္း ဝင္တိုက္မယ္ဆိုတဲ့ ခန္႔မွန္းခ်က္ကလည္း ရွိေနပါေသးတယ္။

ျမန္မာ U-22 ေဘာလံုးအသင္းဆိုရင္ မနီလာကိုေရာက္တဲ့ေန႔က တည္းခိုရမယ့္ ေဟာ္တယ္ကိုသြားဖို႔ ေလဆိပ္မွာ အခ်ိန္အေတာ္ ၾကာ ေစာင့္ခဲ့ၾကရၿပီး လာႀကိဳတဲ့ကားေတြဟာလည္း သက္ေသာင့္သက္သာမရွိဘဲ က်ပ္က်ပ္တည္းတည္းစီးၿပီး သြားခဲ့ၾကရတာပါ။

“ႏုိင္ငံကိုယ္စား က်ေနာ္ တကယ့္ကိုပဲ ေတာင္းပန္ပါတယ္၊ အစိုးရအေနနဲ႔ စိတ္ေက်နပ္မႈမရွိဘူးဆိုတာကို သူတို႔ ဒီမွာရွိေနဆဲ ျဖစ္တဲ့အခ်ိန္ သိေစခ်င္ပါတယ္” လို႔ ေသာၾကာေန႔ကထုတ္လႊင့္တဲ့ ေတြ႔ဆံုေမးျမန္းခန္းတခုမွာ သမၼတ ဒူတာေတးက ေျပာသလို စံုစမ္းစစ္ေဆးဖို႔ သူၫႊန္ၾကားထားၿပီလို႔လည္း ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

SEA Games ပြိုင်ပွဲကာလ အဆင်မပြေမှုများအတွက် သမ္မတဒူတာတေး တောင်းပန်

(Unicode)

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲမတိုင်ခင်မှာ သယ်ယူပို့ဆောင်ရေးအပါအဝင် တခြားပြဿနာတွေ၊ နောက်ဆုံးအချိန်ထိ ဆောက်လုပ်ရေးလုပ်ငန်း မပြီးပြတ်သေးတာတွေ အတွက် သမ္မတ Rodrigo Duterte က တောင်းပန်လိုက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုလိုက်ပါတယ်။

SEA Games ပြိုင်ပွဲတွေမှာ အကြီးဆုံးဖြစ်တဲ့ ဒီနှစ်ပြိုင်ပွဲအတွက် ထောင်ပေါင်းများစွာသော အားကစားသမားတွေ မနီလာ မြို့တော်ကို ရောက်လာကြတာနဲ့အမျှ သယ်ယူပို့ဆောင်ရေး၊ နေရာထိုင်ခင်းနဲ့ စားသောက်ရေးတွေမှာ အဆင်မပြေဖြစ်ကြတာကို ပြိုင်ပွဲဝင်အသင်း အတော်များများ ကြုံခဲ့ကြရတာပါ။ ဒါ့အပြင် နောက်သီတင်းပတ်အစောပိုင်းမှာ ဖိလစ်ပိုင်ကို တိုင်ဖုန်းမုန်တိုင်း ဝင်တိုက်မယ်ဆိုတဲ့ ခန့်မှန်းချက်ကလည်း ရှိနေပါသေးတယ်။

မြန်မာ U-22 ဘောလုံးအသင်းဆိုရင် မနီလာကိုရောက်တဲ့နေ့က တည်းခိုရမယ့် ဟော်တယ်ကိုသွားဖို့ လေဆိပ်မှာ အချိန်အတော် ကြာ စောင့်ခဲ့ကြရပြီး လာကြိုတဲ့ကားတွေဟာလည်း သက်သောင့်သက်သာမရှိဘဲ ကျပ်ကျပ်တည်းတည်းစီးပြီး သွားခဲ့ကြရတာပါ။

“နိုင်ငံကိုယ်စား ကျနော် တကယ့်ကိုပဲ တောင်းပန်ပါတယ်၊ အစိုးရအနေနဲ့ စိတ်ကျေနပ်မှုမရှိဘူးဆိုတာကို သူတို့ ဒီမှာရှိနေဆဲ ဖြစ်တဲ့အချိန် သိစေချင်ပါတယ်” လို့ သောကြာနေ့ကထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သမ္မတ ဒူတာတေးက ပြောသလို စုံစမ်းစစ်ဆေးဖို့ သူညွှန်ကြားထားပြီလို့လည်း ဆိုပါတယ်။

XS
SM
MD
LG