သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားက်င္းပ


အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနား တြင္ ေတြ႔ရသည့္ ျမန္မာ အားကစားအဖြဲ႔။ ႏိုဝင္ဘာ ၃၀၊၂၀၁၉ (မနီလာ၊ ဖိလစ္ပိုင္)

(Zawgyi/Unicode)

ဖိလစ္ပိုင္ႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ (SEA Games) ဖြင့္ပြဲအခမ္းအနားကို ႏိုဝင္ဘာလ ၃၀ ရက္၊ စေနေန႔ညပိုင္းက မနီလာၿမိဳ႕ေတာ္မွာရွိတဲ့ Philippine Arena မိုးေလေလလံု အားကစား႐ံုႀကီးထဲမွာ က်င္းပပါတယ္။

ႏွစ္ႏွစ္တႀကိမ္က်င္းပတဲ့ ဒီအားကစားၿပိဳင္ပြဲကို ဖိလစ္ပိုင္ႏုိင္ငံ၊ ျပည္နယ္ ၆ ခုမွာ ခြဲၿပီး က်င္းေနၿပီးေတာ့ SEA Games သမိုင္းမွာ အႀကီးမားဆံုးၿပိဳင္ပြဲျဖစ္တယ္လို႔ AP သတင္းမွာ ေရးထားပါတယ္။

ဒီႏွစ္ၿပိဳင္ပြဲမွာ esports ၊ skateboarding နဲ႔ kurash နပန္းသတ္ အားကစားနည္း အသစ္ေတြအပါအဝင္ အားကစားနည္းေပါင္း ၅၆ မ်ဳိးမွာ အားကစားသမားေပါင္း ၅,၅၀၀ ပတ္ဝန္းက်င္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကပါတယ္။

အႀကိမ္ ၃၀ ေျမာက္ SEA Games ၿပိဳင္ပြဲ တရားဝင္ဖြင့္လွစ္ေၾကာင္း သမၼတ ႐ိုဒရီဂို ဒူတာေတးက အခမ္းအနားအတြင္း ေၾကညာပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံဟာ SEA Games ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပတာ ဒီတႀကိမ္နဲ႔ဆိုရင္ ေလးႀကိမ္ရွိၿပီျဖစ္ၿပီး ဒီ့မတိုင္ခင္ ေနာက္ဆံုး လက္ခံက်င္းပခဲ့တာက ၂၀၀၅ ခုႏွစ္ကပါ။

ၿပိဳင္ပြဲကို ဒီဇင္ဘာလ ၁၁ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ပါတယ္။

ျမန္မာ U-22 အသင္းဟာ ဒီဇင္ဘာလ ၂ ရက္၊ တနဂၤေႏြေန႔မွာ အုပ္စုေနာက္ဆံုးပြဲအျဖစ္ ကေမာၻဒီယားအသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။ အဲဒီပြဲကို အႏိုင္ရရင္ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တဆင့္တက္မွာျဖစ္ၿပီး သေရက်ရင္ေတာင္မွ အုပ္စုဒုတိယနဲ႔ တက္မွာပါ။

ဒါေပမယ့္ ႐ံႈးသြားမယ္ဆိုရင္ေတာ့ မေလးရွားနဲ႔ ဖိလစ္ပိုင္အသင္းေတြရဲ႕ က်န္တဲ့ပြဲစဥ္ ရလဒ္ေတြ ေပၚ မူတည္မွာျဖစ္ပါတယ္။

------------------------------------

(Unicode)

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

(Zawgyi/Unicode)

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်၊ စနေနေ့ညပိုင်းက မနီလာမြို့တော်မှာရှိတဲ့ Philippine Arena မိုးလေလေလုံ အားကစားရုံကြီးထဲမှာ ကျင်းပပါတယ်။

နှစ်နှစ်တကြိမ်ကျင်းပတဲ့ ဒီအားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပြည်နယ် ၆ ခုမှာ ခွဲပြီး ကျင်းနေပြီးတော့ SEA Games သမိုင်းမှာ အကြီးမားဆုံးပြိုင်ပွဲဖြစ်တယ်လို့ AP သတင်းမှာ ရေးထားပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ esports ၊ skateboarding နဲ့ kurash နပန်းသတ် အားကစားနည်း အသစ်တွေအပါအဝင် အားကစားနည်းပေါင်း ၅၆ မျိုးမှာ အားကစားသမားပေါင်း ၅,၅၀၀ ပတ်ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

အကြိမ် ၃၀ မြောက် SEA Games ပြိုင်ပွဲ တရားဝင်ဖွင့်လှစ်ကြောင်း သမ္မတ ရိုဒရီဂို ဒူတာတေးက အခမ်းအနားအတွင်း ကြေညာပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ SEA Games ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဒီတကြိမ်နဲ့ဆိုရင် လေးကြိမ်ရှိပြီဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံး လက်ခံကျင်းပခဲ့တာက ၂၀၀၅ ခုနှစ်ကပါ။

ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာ U-22 အသင်းဟာ ဒီဇင်ဘာလ ၂ ရက်၊ တနင်္ဂနွေနေ့မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘောဒီယားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲကို အနိုင်ရရင် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်တက်မှာဖြစ်ပြီး သရေကျရင်တောင်မှ အုပ်စုဒုတိယနဲ့ တက်မှာပါ။

ဒါပေမယ့် ရှုံးသွားမယ်ဆိုရင်တော့ မလေးရှားနဲ့ ဖိလစ်ပိုင်အသင်းတွေရဲ့ ကျန်တဲ့ပွဲစဉ် ရလဒ်တွေ ပေါ် မူတည်မှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG