၂၀၁၉ ခုႏွစ္ဟာ အပူခ်ိန္ မွတ္တမ္းတင္ဖူးသမွ် ဒုတိယ အပူျပင္းဆံုးႏွစ္ျဖစ္ၿပီး ဒီ့မတိုင္ခင္ အပူျပင္းဆံုးႏွစ္ျဖစ္တဲ့ ၂၀၁၆ ခုႏွစ္နဲ႔ အတူတူနီးပါးေလာက္ ရွိခဲ့တယ္လုိ႔ ဥေရာပသမဂၢ EU ရဲ႕ ဥတုရာသီေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔က ေျပာပါတယ္။
၂၀၁၉ ခုႏွစ္က ကမာၻလံုးဆိုင္ရာ အပူခ်ိန္ဟာ ၂၀၁၆ ခုႏွစ္ကထက္ ၀.၀၄ ဒီဂရီဆဲလ္ဆီးယပ္စ္ပဲ ပိုနည္းတယ္လုိ႔ Copernicus ဥတုရာသီေျပာင္းလဲမႈဆိုင္ရာဌာန (C3S) က ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြမွာ ေတြ႔ရပါတယ္။ ၂၀၁၆ ခုႏွစ္က ရာစုႏွစ္တခုမွာမွ တႀကိမ္ပဲၾကံဳရတတ္တဲ့ El Nino ဥတုရာသီအေျခအေနေၾကာင့္ ကမာၻ႔အပူခ်ိန္ဟာ ၀ ဒသမ ၁၂ ဒီဂရီ ဆဲလ္ဆီးယပ္စ္အထိ တက္သြားခဲ့ တာပါ။
ၿပီးခဲ့တဲ့ငါးႏွစ္ဟာ မွတ္တမ္းတင္ဖူးသမွ် အပူဆံုးျဖစ္ၿပီး စတင္ မွတ္တမ္းတင္ခ်ိန္ ကတည္းကဆိုရင္ ၂၀၁၀ ကေန ၂၀၁၉ ခုႏွစ္အထိ ကာလဟာ အပူျပင္းဆံုး ဆယ္စုႏွစ္ ျဖစ္တယ္လို႔ C3S ကေျပာပါတယ္။
၂၀၁၉ ခုႏွစ္က ကမာၻလံုးဆိုင္ရာ အပူခ်ိန္ဟာ ၁၉၈၁ ခုႏွစ္ကေန ၂၀၁၀ ျပည့္ႏွစ္ကာလအတြင္း ပွ်မ္းမွ်အပူခ်ိန္ထက္ ၀ ဒသမ ၆ ဒီဂရီ ဆဲလ္ဆီးယပ္စ္ ပိုမ်ားပါတယ္။ ၿပီးခဲ့တဲ့ငါးႏွစ္အတြင္း ကမာၻေျမရဲ႕အပူခ်ိန္ဟာ စက္မႈထြန္းကားတဲ့ ကာလမတိုင္ခင္ ႏွစ္ေတြကထက္ ၁ ဒသမ ၁ ကေန ၁ ဒသမ ၂ ဒီဂရီဆဲလ္ဆီးယပ္စ္အထိ ပိုမ်ားပါတယ္။
၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမ သီတင္းပတ္ အတြင္းမွာကိုပဲ ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ ေတာမီးေလာင္ကၽြမ္းတာနဲ႔ အင္ဒိုနီးရွားမွာ ေရႀကီးတာေၾကာင့္ လူဒါဇင္ေပါင္းမ်ားစြာ ေသဆံုးခဲ့ရတာလို ဥတုရာသီနဲ႔ ဆက္စပ္တဲ့ သဘာဝေဘးအႏၲရာယ္ေတြ ၾကံဳထား ရၿပီးပါၿပီ။ အပူခ်ိန္ျမင့္တက္လာတာနဲ႔ အမွ် ဒီလို ကပ္ေဘးဆိုးေတြ မၾကာခန ၾကံဳလာရမွာျဖစ္သလို ပိုၿပီးေတာ့လည္း ျပင္းထန္လာမယ္လုိ႔ သိပၸံ ပညာရွင္ေတြက ေျပာပါတယ္။
(Unicode)
၂၀၁၉ ဟာ မှတ်တမ်းရှိသမျှထဲ ဒုတိယ အပူဆုံးနှစ်
၂၀၁၉ ခုနှစ်ဟာ အပူချိန် မှတ်တမ်းတင်ဖူးသမျှ ဒုတိယ အပူပြင်းဆုံးနှစ်ဖြစ်ပြီး ဒီ့မတိုင်ခင် အပူပြင်းဆုံးနှစ်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်နဲ့ အတူတူနီးပါးလောက် ရှိခဲ့တယ်လို့ ဥရောပသမဂ္ဂ EU ရဲ့ ဥတုရာသီစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
၂၀၁၉ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ ၂၀၁၆ ခုနှစ်ကထက် ဝ.၀၄ ဒီဂရီဆဲလ်ဆီးယပ်စ်ပဲ ပိုနည်းတယ်လို့ Copernicus ဥတုရာသီပြောင်းလဲမှုဆိုင်ရာဌာန (C3S) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်က ရာစုနှစ်တခုမှာမှ တကြိမ်ပဲကြုံရတတ်တဲ့ El Nino ဥတုရာသီအခြေအနေကြောင့် ကမ္ဘာ့အပူချိန်ဟာ ၀ ဒသမ ၁၂ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ တက်သွားခဲ့ တာပါ။
ပြီးခဲ့တဲ့ငါးနှစ်ဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံးဖြစ်ပြီး စတင် မှတ်တမ်းတင်ချိန် ကတည်းကဆိုရင် ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိ ကာလဟာ အပူပြင်းဆုံး ဆယ်စုနှစ် ဖြစ်တယ်လို့ C3S ကပြောပါတယ်။
၂၀၁၉ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း ပျှမ်းမျှအပူချိန်ထက် ၀ ဒသမ ၆ ဒီဂရီ ဆဲလ်ဆီးယပ်စ် ပိုများပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်း ကမ္ဘာမြေရဲ့အပူချိန်ဟာ စက်မှုထွန်းကားတဲ့ ကာလမတိုင်ခင် နှစ်တွေကထက် ၁ ဒသမ ၁ ကနေ ၁ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ်စ်အထိ ပိုများပါတယ်။
၂၀၂၀ ပြည့်နှစ်ရဲ့ ပထမ သီတင်းပတ် အတွင်းမှာကိုပဲ သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းတာနဲ့ အင်ဒိုနီးရှားမှာ ရေကြီးတာကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတာလို ဥတုရာသီနဲ့ ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံထား ရပြီးပါပြီ။
အပူချိန်မြင့်တက်လာတာနဲ့ အမျှ ဒီလို ကပ်ဘေးဆိုးတွေ မကြာခန ကြုံလာရမှာဖြစ်သလို ပိုပြီးတော့လည်း ပြင်းထန်လာမယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။