သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အလုပ်သမားရေးဝန်ကြီးသစ် အထက်လွှတ်တော်အတည်ပြု


အမေရိကန်လွှတ်တော်မှာ ကြားနာပွဲမှာတွေ့ရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေးဝန်ကြီးဖြစ်လာသူ Lori Chavez-DeRemer (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅)
အမေရိကန်လွှတ်တော်မှာ ကြားနာပွဲမှာတွေ့ရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေးဝန်ကြီးဖြစ်လာသူ Lori Chavez-DeRemer (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေးဝန်ကြီးအဖြစ် Lori Chavez-DeRemer ကို ခန့်ထားရေး အထက်လွှတ်တော်က မနေ့က တနင်္လာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

အစိုးရအမှုထမ်းတွေ ထောင်နဲ့ချီပြီး အလုပ်ကရပ်နားဖို့ သမ္မတ Trump အစိုးရ ကြိုးစားနေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေး အခွင့်အရေးနဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့ အမြင့်ဆုံး တာဝန်ကို Lori Chavez-DeRemer ရယူလိုက်တာပါ။

Lori Chavez-DeRemer ကြီးကြပ်မယ့် အလုပ်သမားရေး ဝန်ကြီးဌာနဟာ အစိုးရလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ရယူနေတာ၊ ဝန်ထမ်းတွေကို အလုပ်ဖြုတ်နေတာကြောင့် ဘီလျံနာ သူဌေးကြီး Elon Musk ဦးဆောင်တဲ့ အစိုးရ လုပ်ငန်းများမြန်ဆန် ထိရောက်ရေးဌာန DOGE ကို တရားစွဲဆိုနေတဲ့ အုပ်ချုပ်ရေး ဌာနတော်တော်များများထဲကတခု ဖြစ်ပါတယ်။

အလုပ်သမားရေးဝန်ကြီးဌာနဟာ အမြဲတမ်း တာဝန်ထမ်းတဲ့ ဝန်ထမ်း တသောင်းခြောက်ထောင်လောက် ရှိပြီး ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် ၁၃ ဒသမ ၉ ဘီလျံ တောင်းခံထားပါတယ်။ အချိန်အားလျှော်စွာ တိုင်းပြည်အတွင်း အလုပ်လက်မဲ့ အခြေအနေကို ထုတ်ပြန်တာအပြင် လုပ်ငန်းလုံခြုံရေး စည်းမျဉ်းတွေ ချမှတ်ဖို့နဲ့ အနည်းဆုံးလုပ်အားခတွေ စုံစမ်းစစ်ဆေးရေး၊ အသက်မပြည့်သေးသူတွေကို အလုပ်ခိုင်းစေမှုရှိမရှိ၊ အပိုချိန်လုပ်အားခ အငြင်းပွားမှုတွေနဲ့ သမဂ္ဂတွေရဲ့ ဥပဒေတွေ ပြဌာန်းရေး၊ ဥပဒေမဲ့ အလုပ်က ရပ်နားတာတွေကို ကာကွယ်ရေးစတဲ့ တာဝန်တွေကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG