သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းတွေ ထပ်လျှော့ဖို့ Trump အစိုးရညွှန်ကြား


အလုပ်ဖြုတ်ခံရတဲ့ USAID ဝန်ထမ်းတချို့ကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅)
အလုပ်ဖြုတ်ခံရတဲ့ USAID ဝန်ထမ်းတချို့ကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စု အစိုးရဌာနတွေမှာ ဝန်ထမ်းတွေကို နောက်ထပ် သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဖက်ဒရယ်အေဂျင်စီတွေကို ဗုဒ္ဓဟူးနေ့က အမိန့်ပေးလိုက်ပါတယ်။

ဖယ်ဒရယ်အစိုးရဝန်ထမ်းတွေ သိသိသာသာလျှော့ချမယ့် အစီအစဉ်တွေကို မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားတင်ပြဖို့ Trump အစိုးရက အစိုးရဌာနတွေကို ညွှန်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်ဆိုင်ရာ အိမ်ဖြူတော်ညွှန်ကြားရေးမှူး Russell Vought နဲ့ အစိုးရဝန်ထမ်း စီမံခန့်ခွဲမှုရေးရာရုံး OPM ယာယီအကြီးအကဲ Charles Ezell တို့က ညွှန်ကြားစာမှာ လက်မှတ်ထိုးထားပါတယ်။

လောလောဆယ်အထိ အလုပ်ဖြုတ်ခံခဲ့ရသူတွေဟာ လုပ်သက် ၁ နှစ်အောက် အစမ်းခန့်ကာလတာဝန်ထမ်းနေကြသူတွေဖြစ်ပါတယ်။ အခုတခေါက်မှာတော့ လုပ်သက်ရင့် ဝန်ထမ်းတွေအပါအဝင် အများအပြားကို လျှော့ချဖို့ အစီအစဉ်ဖြစ်ပါတယ်။ သမ္မတ Trump ဒုတိယအကြိမ် သမ္မတတာဝန်ယူခဲ့ပြီးချိန်ကစလို့ ပြည်ထောင်စု အစိုးရဝန်ထမ်း ၂.၃ သန်းထဲက အလုပ်ကဖြုတ်ခံရသူ ဒါမှမဟုတ် ငွေကြေးမက်လုံးနဲ့ အလုပ်ကထွက်ခဲ့သူ ၁ သိန်းလောက်ရှိပါတယ်။

အစိုးရလုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးနဲ့ ဖယ်ဒရယ်အစိုးရအသုံးစရိတ် သိသိသာသာလျှော့ချရေးအတွက်လုပ်ဆောင်ဖို့ သမ္မတ တာဝန်ပေးထားတဲ့ ဘီလျံနာသူဋ္ဌေး Elon Musk ရဲ့ လုပ်ဆောင်မှုတွေကို ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ Cabinet ဝန်ကြီးအဖွဲ့ အစည်းအဝေးအတွင်း သမ္မတ Trump က ချီးကျူးပြောကြားခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေ ထပ်လျှော့ဖို့ Trump အစိုးရညွှန်ကြား
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG