သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားရံုးခ်ဳပ္ တရားသူႀကီးေနရာအတြက္ Amy Coney Barrett ကို ကန္အထက္္လႊန္ေတာ္ တရားေရးေကာ္မတီအတည္ျပဳ


(Zawgyi/Unicode)

လစ္လပ္ေနတဲ့ တရားရံုးခ်ဳပ္ တရားသူႀကီးေနရာအတြက္ သမၼတေဒၚနယ္ထရမ့္ အမည္စာရင္းတင္သြင္းထားတဲ့ Amy Coney Barrett ကို ရီပတ္ဘလစ္ကင္ေတြ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္တရားေရးေကာ္မတီက ၾကာသပေတးေန႔မွာ အတည္ျပဳေပးလုိက္ၿပီျဖစ္ၿပီး ဒါကို အထက္လႊတ္ေတာ္ တရပ္လံုးအေနနဲ႔ ဆက္လက္စဥ္းစားဆံုးျဖတ္ ရေတာ့မွာ ျဖစ္ပါတယ္။

ကြယ္လြန္သူ တရားရံုးခ်ဳပ္တရားသူႀကီး Ruth Bader Ginsburg ေနရာအတြက္ အစားထိုးခန္႔အပ္ဖို႔ ေရြးေကာက္ပြဲက်င္းပဖို႔ သိပ္နီးကပ္ေနခ်ိန္မ်ိဳးမွာ လုပ္ေဆာင္တာကို ဒီမိုကရက္တစ္ပါတီက ကန္႔ကြက္ေၾကာင္း အထက္လႊတ္ေတာ္ ဒီမိုကရက္ေခါင္းေဆာင္ Chuck Schumer က ထပ္ေလာင္း ေျပာၾကားခဲ့ၿပီး ဒီရာထူးအတြက္ ႏိုဝင္ဘာ ၃ ရက္ ေရြးေကာက္ပြဲ အၿပီး အႏိုင္ရတဲ့ သမၼတကပဲ ေရြးခ်ယ္သင့္တယ္လုိ႔ ေျပာပါတယ္။

၂၀၁၆ တုန္းကလည္း သမၼတေရြးေကာက္ပြဲမတိုင္ခင္ တရားရံုးခ်ဳပ္ တရားသူႀကီးေနရာ လစ္လပ္သြားတဲ့အတြက္ အဲဒီအခ်ိန္က သမၼတျဖစ္တဲ့ Barack Obama က တရားသူႀကီး Merrick Garland ကို အမည္စာရင္း တင္သြင္းခဲ့တာ ျဖစ္ေပမယ့္ ေနာက္တက္လာတဲ့ သမၼတကပဲ ေရြးခ်ယ္သင့္ေၾကာင္း အလားတူ အျငင္းပြါးခဲ့တာျဖစ္ၿပီး ေရြးေကာက္ပြဲ ၿပီးတဲ့ အထိ ေစာင့္ခဲ့ရတာ ျဖစ္ပါတယ္။

အခု Barrett အတြက္ အတည္ျပဳေရး လုပ္ေဆာင္ခ်က္ေတြဟာ သိပ္ကို အေလာတႀကီးႏိုင္ၿပီး ပါတီစြဲႀကီးႀကီးနဲ႔ လုပ္ေဆာင္တာ ျဖစ္ေနသလို တရားရံုးခ်ဳပ္တရားသူႀကီး အတြက္ အမည္စာရင္း တင္သြင္းတဲ့ တရားဝင္လုပ္ထံုး လုပ္နည္းအနည္းပါးဆံုး ျဖစ္ေနတယ္လုိ႔လည္း Schumer က ေျပာပါတယ္။

အမည္စာရင္း အတင္သြင္းခံရတဲ့ တရားသူႀကီး Barrett အတြက္ အတည္ျပဳေရး မဲခြဲမႈကို ဒီမိုကရက္တစ္ပါတီက သပိတ္ေမွာက္ခဲ့တာဟာ အက်ိဳးမဲ့ေစတဲ့ လုပ္ရပ္တခု ျဖစ္ေၾကာင္း နဲ႔ သူမဟာ တရားရံုးခ်ဳပ္နဲ႔ထိုက္တန္သူျဖစ္သလို ဒီရာထူးအတြက္ အတည္ျပဳခံရမွာ ျဖစ္ေၾကာင္းလည္း တရားေရးေကာ္မတီအႀကီးအကဲ Lindsey Graham ကေျပာပါတယ္။ အထက္လႊတ္ေတာ္မွာ ရီပတ္ဘလစ္ကင္ေတြက အမတ္ ၅၃ ေနရာနဲ႔ ဒီမိုကရက္ေတြက ၄၇ ေနရာရွိတာေၾကာင့္ သူမကို အတည္ျပဳဖို႔ မ်ားေနတာပါ။

သူမကို အတည္ျပဳေရးအတြက္ တနလၤာေန႔မွာ ေနာက္ဆံုးမဲခြဲ ဆံုးျဖတ္ ႏိုင္ေအာင္ အထက္လႊတ္ေတာ္ တရပ္လံုးရဲ့ မဲခြဲမႈကို တနဂၤေႏြေန႔မွာ က်င္းပဖုိ႔ အထက္လႊတ္ေတာ္ အမတ္အမ်ားစုေခါင္းေဆာင္ Mitch McConnell က စီစဥ္ထားတာ ျဖစ္ပါတယ္။ တကယ္လို႔. တရားရံုးခ်ဳပ္အတြက္ တသက္တာ တာဝန္ထမ္းေဆာင္ဖုိ႔ Barrett ကို အတည္ျပဳခဲ့မယ္ ဆိုရင္ တရားရံုးခ်ဳပ္မွာ ေရွးရိုးဆန္တဲ့ ကြန္ဆာေဗးတစ္ေတြက လစ္ဘရယ္ျဖစ္သူေတြထက္ ၆ ေယာက္ ၃ ေယာက္နဲ႔ အသာစီးရသြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

တရားရုံးချုပ် တရားသူကြီးနေရာအတွက် Amy Coney Barrett ကို ကန်အထက်လွှန်တော် တရားရေးကော်မတီအတည်ပြု
(Unicode)

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာအတွက် သမ္မတဒေါ်နယ်ထရမ့် အမည်စာရင်းတင်သွင်းထားတဲ့ Amy Coney Barrett ကို ရီပတ်ဘလစ်ကင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်တရားရေးကော်မတီက ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီဖြစ်ပြီး ဒါကို အထက်လွှတ်တော် တရပ်လုံးအနေနဲ့ ဆက်လက်စဉ်းစားဆုံးဖြတ် ရတော့မှာ ဖြစ်ပါတယ်။

ကွယ်လွန်သူ တရားရုံးချုပ်တရားသူကြီး Ruth Bader Ginsburg နေရာအတွက် အစားထိုးခန့်အပ်ဖို့ ရွေးကောက်ပွဲကျင်းပဖို့ သိပ်နီးကပ်နေချိန်မျိုးမှာ လုပ်ဆောင်တာကို ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ကြောင်း အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က ထပ်လောင်း ပြောကြားခဲ့ပြီး ဒီရာထူးအတွက် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ အပြီး အနိုင်ရတဲ့ သမ္မတကပဲ ရွေးချယ်သင့်တယ်လို့ ပြောပါတယ်။

၂၀၁၆ တုန်းကလည်း သမ္မတရွေးကောက်ပွဲမတိုင်ခင် တရားရုံးချုပ် တရားသူကြီးနေရာ လစ်လပ်သွားတဲ့အတွက် အဲဒီအချိန်က သမ္မတဖြစ်တဲ့ Barack Obama က တရားသူကြီး Merrick Garland ကို အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပေမယ့် နောက်တက်လာတဲ့ သမ္မတကပဲ ရွေးချယ်သင့်ကြောင်း အလားတူ အငြင်းပွါးခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ပြီးတဲ့ အထိ စောင့်ခဲ့ရတာ ဖြစ်ပါတယ်။

အခု Barrett အတွက် အတည်ပြုရေး လုပ်ဆောင်ချက်တွေဟာ သိပ်ကို အလောတကြီးနိုင်ပြီး ပါတီစွဲကြီးကြီးနဲ့ လုပ်ဆောင်တာ ဖြစ်နေသလို တရားရုံးချုပ်တရားသူကြီး အတွက် အမည်စာရင်း တင်သွင်းတဲ့ တရားဝင်လုပ်ထုံး လုပ်နည်းအနည်းပါးဆုံး ဖြစ်နေတယ်လို့လည်း Schumer က ပြောပါတယ်။

အမည်စာရင်း အတင်သွင်းခံရတဲ့ တရားသူကြီး Barrett အတွက် အတည်ပြုရေး မဲခွဲမှုကို ဒီမိုကရက်တစ်ပါတီက သပိတ်မှောက်ခဲ့တာဟာ အကျိုးမဲ့စေတဲ့ လုပ်ရပ်တခု ဖြစ်ကြောင်း နဲ့ သူမဟာ တရားရုံးချုပ်နဲ့ထိုက်တန်သူဖြစ်သလို ဒီရာထူးအတွက် အတည်ပြုခံရမှာ ဖြစ်ကြောင်းလည်း တရားရေးကော်မတီအကြီးအကဲ Lindsey Graham ကပြောပါတယ်။ အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေက အမတ် ၅၃ နေရာနဲ့ ဒီမိုကရက်တွေက ၄၇ နေရာရှိတာကြောင့် သူမကို အတည်ပြုဖို့ များနေတာပါ။

သူမကို အတည်ပြုရေးအတွက် တနင်္လာနေ့မှာ နောက်ဆုံးမဲခွဲ ဆုံးဖြတ် နိုင်အောင် အထက်လွှတ်တော် တရပ်လုံးရဲ့ မဲခွဲမှုကို တနင်္ဂနွေနေ့မှာ ကျင်းပဖို့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Mitch McConnell က စီစဉ်ထားတာ ဖြစ်ပါတယ်။ တကယ်လို့. တရားရုံးချုပ်အတွက် တသက်တာ တာဝန်ထမ်းဆောင်ဖို့ Barrett ကို အတည်ပြုခဲ့မယ် ဆိုရင် တရားရုံးချုပ်မှာ ရှေးရိုးဆန်တဲ့ ကွန်ဆာဗေးတစ်တွေက လစ်ဘရယ်ဖြစ်သူတွေထက် ၆ ယောက် ၃ ယောက်နဲ့ အသာစီးရသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG