သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္တရားရံုးခ်ဳပ္တရားသူႀကီး ခန္႔အပ္ေရး ၾကားနာမႈ ေနာက္ဆံုးေန႔


ကန္တရားရံုးခ်ဳပ္တရာသူႀကီး ခန္႔အပ္ေရး ၾကားနာမႈ ေနာက္ဆံုးေန႔

(Zawgyi/Unicode)

လစ္လပ္ေနတဲ့ တရားရံုးခ်ဳပ္ တရားသူႀကီးေနရာမွာ အစားထိုးခန္႔အပ္ဖုိ႔ သမၼတထရမ့္ အမည္စာရင္း တင္သြင္းထားတဲ့ Amy Coney Barrett ကို အတည္ျပဳ ခန္႔အပ္သင့္မသင့္ အထက္လႊတ္ေတာ္ တရားေရးေကာ္မတီေရွ႕ေမွာက္ ၄ ရက္ၾကာျပဳလုပ္တဲ့ ၾကားနာပြဲေတြဟာ ၾကာသပေတးေန႔မွာ အဆံုးသတ္မွာ ျဖစ္ပါတယ္။

Barrett အတြက္ ေကာ္မတီအဖြဲ႔ဝင္ေတြက အၿပီးသတ္ မဲေပးေရြးခ်ယ္ဖို႔ ေကာ္မတီရဲ့ ဆံုးျဖတ္ခ်က္ကို လာမယ့္ ၾကာသပေတးေန႔ အထိ ေရႊ႕ဆိုင္းဖို႔ ဒီမိုကရက္ေတြက ပန္ၾကားခဲ့ပါတယ္။ သူမအတြက္ အထက္လႊတ္ေတာ္ တရပ္လံုးရဲ႕ မဲေပးမႈကိုေတာ့ ႏိုဝင္ဘာ ၃ ရက္ သမၼတေရြးေကာက္ပြဲနဲ႔ လႊတ္ေတာ္ေရြးေကာက္ပြဲေတြ မတိုင္ခင္ ရက္အနည္းငယ္အလို ဒီလကုန္ေလာက္မွာေပးဖို႔ ျဖစ္ႏိုင္ပါတယ္။

၄၈ ႏွစ္ရွိၿပီျဖစ္တဲ့ Barrett ကို အတည္ျပဳ ခန္အပ္ဖုိ႔ သူတို႔မွာ မဲအလံုအေလာက္ရွိေၾကာင္း အထက္လႊတ္ေတာ္ အမတ္အမ်ားစုေခါင္းေဆာင္ ရီပတ္ဘလစ္ကင္ပါတီက Mitch McConnell သူ႔ရဲ့ ျပည္နယ္ ျဖစ္တဲ့ Kentucky မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ ဒါ့အျပင္ သူမအတြက္ အထက္လႊတ္ေတာ္ တရပ္လံုးမွာ မဲခြဲ ဆံုးျဖတ္ဖို႔ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ ျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။

တကယ္လို႔ သူမကို အတည္ျပဳႏိုင္ခဲ့ရင္ Barrett ဟာ ပဥၥမေျမာက္ အမ်ိဳးသမီး တရားရံုးခ်ဳပ္ တရားသူႀကီး ျဖစ္လာမွာပါ။

လက္ရွိ အယူခံတရားရံုး တရားသူႀကီး တဦးျဖစ္တဲ့ Barrett ကို တသက္တာတာဝန္ထမ္းေဆာင္ရတဲ့ ႏိုင္ငံေတာ္ တရားရံုးခ်ဳပ္ တရားသူႀကီး တဦးအျဖစ္ သမၼတ ေဒၚနယ္ထရမ့္က အမည္စာရင္းတင္သြင္းခဲ့တဲ့ အတြက္. တရားရံုးခ်ဳပ္တရားသူႀကီး ၉ ဦးမွာ ေရွးရိုးကြန္ဆာေဗးတစ္ အျမင္ရွိသူ တေယာက္ ထပ္တိုးလာရင္ ၆ ေယာက္ ၃ ေယာက္နဲ႔ လစ္ဘရယ္အယူရွိသူ အေရအတြက္ နည္းသြားႏိုင္တာေၾကာင့္ တရားရံုးခ်ဳပ္အတြက္ တရားေရးအျငင္းပြါးမႈ ဆိုင္ရာ ရလဒ္ေတြ အေပၚမွာ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီး သက္ေရာက္မႈေတြ ရွိလာႏုိင္ပါတယ္။

လႊတ္ေတာ္အမတ္ေတြရဲ့ ေမးျမန္းခ်က္ေတြကို အဂၤါနဲ႔ ဗုဒၶဟူးေန႔ေတြမွာ Barrett ဟာ နာရီေပါင္းမ်ားစြာ ေျဖၾကားခဲ့ရတာပါ။ ၾကာသပေတးေန႔မွာေတာ့ ရီပတ္ဘလစ္ကင္နဲ႔ ဒီမိုကရက္အမတ္ေတြက Barrett ကို အတည္ျပဳေရး မျပဳေရး. အတြက္ သူတို႔ တင္ျပခ်က္ေတြ ပိုခိုင္မာေစဖုိ႔ သက္ေသေတြ ဆင့္ေခၚေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ ေရွ႕ေနမ်ားအဖြဲ႔ American Bar Association ရဲ့ လက္ရွိေကာ္မတီဝင္ ၂ ဦးက Barrett ဟာ တရားရံုးခ်ဳပ္ တရားသူႀကီးတဦး ျဖစ္ထုိက္ေၾကာင္း သူတို႔ရဲ့ အကဲျဖတ္ခ်က္ကို ထြက္ဆိုခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


............

ကန်တရားရုံးချုပ်တရားသူကြီး ခန့်အပ်ရေး ကြားနာမှု နောက်ဆုံးနေ့

(Unicode)

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာမှာ အစားထိုးခန့်အပ်ဖို့ သမ္မတထရမ့် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett ကို အတည်ပြု ခန့်အပ်သင့်မသင့် အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ၄ ရက်ကြာပြုလုပ်တဲ့ ကြားနာပွဲတွေဟာ ကြာသပတေးနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

Barrett အတွက် ကော်မတီအဖွဲ့ဝင်တွေက အပြီးသတ် မဲပေးရွေးချယ်ဖို့ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ကြာသပတေးနေ့ အထိ ရွှေ့ဆိုင်းဖို့ ဒီမိုကရက်တွေက ပန်ကြားခဲ့ပါတယ်။ သူမအတွက် အထက်လွှတ်တော် တရပ်လုံးရဲ့ မဲပေးမှုကိုတော့ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် ရက်အနည်းငယ်အလို ဒီလကုန်လောက်မှာပေးဖို့ ဖြစ်နိုင်ပါတယ်။

၄၈ နှစ်ရှိပြီဖြစ်တဲ့ Barrett ကို အတည်ပြု ခန်အပ်ဖို့ သူတို့မှာ မဲအလုံအလောက်ရှိကြောင်း အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ရီပတ်ဘလစ်ကင်ပါတီက Mitch McConnell သူ့ရဲ့ ပြည်နယ် ဖြစ်တဲ့ Kentucky မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူမအတွက် အထက်လွှတ်တော် တရပ်လုံးမှာ မဲခွဲ ဆုံးဖြတ်ဖို့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

တကယ်လို့ သူမကို အတည်ပြုနိုင်ခဲ့ရင် Barrett ဟာ ပဉ္စမမြောက် အမျိုးသမီး တရားရုံးချုပ် တရားသူကြီး ဖြစ်လာမှာပါ။

လက်ရှိ အယူခံတရားရုံး တရားသူကြီး တဦးဖြစ်တဲ့ Barrett ကို တသက်တာတာဝန်ထမ်းဆောင်ရတဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး တဦးအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းခဲ့တဲ့ အတွက်. တရားရုံးချုပ်တရားသူကြီး ၉ ဦးမှာ ရှေးရိုးကွန်ဆာဗေးတစ် အမြင်ရှိသူ တယောက် ထပ်တိုးလာရင် ၆ ယောက် ၃ ယောက်နဲ့ လစ်ဘရယ်အယူရှိသူ အရေအတွက် နည်းသွားနိုင်တာကြောင့် တရားရုံးချုပ်အတွက် တရားရေးအငြင်းပွါးမှု ဆိုင်ရာ ရလဒ်တွေ အပေါ်မှာ ဆယ်စုနှစ်နဲ့ ချီပြီး သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

လွှတ်တော်အမတ်တွေရဲ့ မေးမြန်းချက်တွေကို အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ Barrett ဟာ နာရီပေါင်းများစွာ ဖြေကြားခဲ့ရတာပါ။ ကြာသပတေးနေ့မှာတော့ ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက်အမတ်တွေက Barrett ကို အတည်ပြုရေး မပြုရေး. အတွက် သူတို့ တင်ပြချက်တွေ ပိုခိုင်မာစေဖို့ သက်သေတွေ ဆင့်ခေါ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရှေ့နေများအဖွဲ့ American Bar Association ရဲ့ လက်ရှိကော်မတီဝင် ၂ ဦးက Barrett ဟာ တရားရုံးချုပ် တရားသူကြီးတဦး ဖြစ်ထိုက်ကြောင်း သူတို့ရဲ့ အကဲဖြတ်ချက်ကို ထွက်ဆိုခဲ့တာပါ။

XS
SM
MD
LG