သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားရံုးခ်ဳပ္ တရားသူႀကီးသစ္ကို ေနာက္သီတင္းပတ္အတြင္း ကန္အထက္လႊတ္ေတာ္ အတည္ျပဳဖို႔ရွိေန


တရားရံုးခ်ဳပ္

(Zawgyi/Unicode)

အေမရိကန္ တရား႐ုံးခ်ဳပ္တရားသူႀကီးအျဖစ္ အဆိုျပဳခံထားရသူ Amy Coney Barrett ကို ေရွ႕အပတ္တနလၤာေန႔မွာ အတည္ျပဳ ခန္႔အပ္နိုင္ေအာင္ အေမရိကန္ အထက္လႊတ္ေတာ္က ဒီသီတင္းပတ္ကုန္မွာ အနားမယူဘဲ ေဆြးေႏြးသြားဖို႔ ရွိပါတယ္။ သမၼတ ေဒၚနယ္ထရမ့္ အဆိုျပဳထားတဲ့ တရားသူႀကီး Barrett ကို ေရြးေကာက္ပြဲ မတိုင္ခင္ ခန္႔အပ္နိုင္ေရး လုပ္ထုံး လုပ္နည္းေတြ အားလုံး ေက်ာ္လႊား ၿပီးဆုံးနိုင္ေအာင္ ရစ္ပတ္ဘလင္ကန္ အမ်ားစု ႀကီးစိုးထားတဲ့ အထက္လႊတ္ေတာ္က ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

ဒီ ၾကာသပေတးေန႔မွာ အထက္လႊတ္ေတာ္ တရားေရး ေကာ္မတီက ၾကားနာေရး လုပ္ငန္းစဥ္ကို အဆုံးသတ္တာနဲ႔ တစ္ၿပိဳင္နက္ အတည္ျပဳ ခန္႔အပ္နိုင္ေရး လုပ္ငန္းစဥ္ကို စတင္သြားမယ္လို႔ အထက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ Mitch McConnell က ေျပာပါတယ္။

ရစ္ပတ္ဘလင္ကန္အမတ္ ၅၃ ေယာက္နဲ႔ ဒီမိုကရက္ အမတ္ ၄၇ ေယာက္ရွိတဲ့ အထက္လႊတ္ေတာ္မွာ ဒီမိုကရက္ေတြနဲ႔အတူ ရစ္ပတ္ ဘလင္ကန္အမတ္ ၂ ဦးကသာ တရားသူႀကီး Barrett ကို အတည္ျပဳ ခန္႔အပ္ေရးကို ဆန္႔က်င္တာေၾကာင့္ တရား႐ုံးခ်ဳပ္မွာ ေရွးရိုးဆန္ ကြန္ဆားေဗးတစ္ တရားသူႀကီး ေနာက္တစ္ဦးကို ခန္႔အပ္နိုင္မယ့္ဘက္က အားသာေနတာ ျဖစ္ပါတယ္။

အသက္ ၄၈ ႏွစ္အရြယ္Barrett ကို အထက္လႊတ္ေတာ္က အတည္ျပဳ ခန္႔အပ္မယ္ဆိုရင္ တရား႐ုံးခ်ဳပ္ကေရွးရိုးဆန္ ကြန္ဆား ေဗးတစ္ တရားသူႀကီးေတြအၾကား ဆဌမေျမာက္ ကြန္ဆားေဗးတစ္ တရားသူႀကီး ျဖစ္လာမွာပါ။ ဒါေၾကာင့္ အဖြဲ႕ဝင္ ၉ ေယာက္ရွိတဲ့ တရား႐ုံး ခ်ဳပ္မွာ ၆ မဲ ၃ မဲနဲ႔ လစ္ဘရယ္ တရားသူႀကီးေတြ အေပၚ ျပတ္ျပတ္သားသား အသာစီး ရသြားေစမွာ ျဖစ္ပါတယ္။

ဒီမိုကရက္အမတ္ေတြ အတြက္ကေတာ့ ဆန္႔က်င္မဲေပးတာကလြဲလို႔ တျခား ေရြးစရာနည္းလမ္း မရွိတာေၾကာင့္ အနည္းဆုံး ေနာက္ထပ္ ရစ္ပတ္ဘလင္ကန္ အမတ္ ၂ ဦးက ဆန္႔က်င္မွသာ Barrett ကို ခန္႔အပ္တာကို တားဆီးနိုင္မွာ ျဖစ္ပါတယ္။ ဒါကလည္း ျဖစ္နိုင္ေျခနည္းပါတယ္။

တရား႐ုံးခ်ဳပ္ တရားသူႀကီးတစ္ဦးကို သမၼတ ေရြးေကာက္ပြဲ ဒီလိုနီးကပ္ခ်ိန္မွာ ခန္႔အပ္ခဲ့ဖူးတဲ့အစဥ္အလာ အေမရိကန္နိုင္ငံသမိုင္းမွာ တစ္ခါမွ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

တရားရုံးချုပ် တရားသူကြီးသစ်ကို နောက်သီတင်းပတ်အတွင်း ကန်အထက်လွှတ်တော် အတည်ပြုဖို့ရှိနေ

(Unicode)

အမေရိကန် တရားရုံးချုပ်တရားသူကြီးအဖြစ် အဆိုပြုခံထားရသူ Amy Coney Barrett ကို ရှေ့အပတ်တနင်္လာနေ့မှာ အတည်ပြု ခန့်အပ်နိုင်အောင် အမေရိကန် အထက်လွှတ်တော်က ဒီသီတင်းပတ်ကုန်မှာ အနားမယူဘဲ ဆွေးနွေးသွားဖို့ ရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ တရားသူကြီး Barrett ကို ရွေးကောက်ပွဲ မတိုင်ခင် ခန့်အပ်နိုင်ရေး လုပ်ထုံး လုပ်နည်းတွေ အားလုံး ကျော်လွှား ပြီးဆုံးနိုင်အောင် ရစ်ပတ်ဘလင်ကန် အများစု ကြီးစိုးထားတဲ့ အထက်လွှတ်တော်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဒီ ကြာသပတေးနေ့မှာ အထက်လွှတ်တော် တရားရေး ကော်မတီက ကြားနာရေး လုပ်ငန်းစဉ်ကို အဆုံးသတ်တာနဲ့ တစ်ပြိုင်နက် အတည်ပြု ခန့်အပ်နိုင်ရေး လုပ်ငန်းစဉ်ကို စတင်သွားမယ်လို့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell က ပြောပါတယ်။

ရစ်ပတ်ဘလင်ကန်အမတ် ၅၃ ယောက်နဲ့ ဒီမိုကရက် အမတ် ၄၇ ယောက်ရှိတဲ့ အထက်လွှတ်တော်မှာ ဒီမိုကရက်တွေနဲ့အတူ ရစ်ပတ် ဘလင်ကန်အမတ် ၂ ဦးကသာ တရားသူကြီး Barrett ကို အတည်ပြု ခန့်အပ်ရေးကို ဆန့်ကျင်တာကြောင့် တရားရုံးချုပ်မှာ ရှေးရိုးဆန် ကွန်ဆားဗေးတစ် တရားသူကြီး နောက်တစ်ဦးကို ခန့်အပ်နိုင်မယ့်ဘက်က အားသာနေတာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ်Barrett ကို အထက်လွှတ်တော်က အတည်ပြု ခန့်အပ်မယ်ဆိုရင် တရားရုံးချုပ်ကရှေးရိုးဆန် ကွန်ဆား ဗေးတစ် တရားသူကြီးတွေအကြား ဆဌမမြောက် ကွန်ဆားဗေးတစ် တရားသူကြီး ဖြစ်လာမှာပါ။ ဒါကြောင့် အဖွဲ့ဝင် ၉ ယောက်ရှိတဲ့ တရားရုံး ချုပ်မှာ ၆ မဲ ၃ မဲနဲ့ လစ်ဘရယ် တရားသူကြီးတွေ အပေါ် ပြတ်ပြတ်သားသား အသာစီး ရသွားစေမှာ ဖြစ်ပါတယ်။

ဒီမိုကရက်အမတ်တွေ အတွက်ကတော့ ဆန့်ကျင်မဲပေးတာကလွဲလို့ တခြား ရွေးစရာနည်းလမ်း မရှိတာကြောင့် အနည်းဆုံး နောက်ထပ် ရစ်ပတ်ဘလင်ကန် အမတ် ၂ ဦးက ဆန့်ကျင်မှသာ Barrett ကို ခန့်အပ်တာကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေနည်းပါတယ်။

တရားရုံးချုပ် တရားသူကြီးတစ်ဦးကို သမ္မတ ရွေးကောက်ပွဲ ဒီလိုနီးကပ်ချိန်မှာ ခန့်အပ်ခဲ့ဖူးတဲ့အစဉ်အလာ အမေရိကန်နိုင်ငံသမိုင်းမှာ တစ်ခါမှ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG