(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စုတဝန္းက ၿမိဳ႕ႀကီးေတြမွာ Women's March လို႔ေခၚတဲ့ အမ်ဳိးသမီးထု ခ်ီတက္ပြဲႀကီး ဒီကေန႔လုပ္ဖို႔ရွိၿပီး ကိုဗစ္ကပ္ေရာဂါေဘး ရင္ဆိုင္ေနရတဲ့ ၾကားမွာပဲ လူေထာင္ေပါင္းမ်ားစြာ ပါဝင္ၾကမယ္လုိ႔ စီစဥ္သူေတြက ေမွ်ာ္လင့္ထားပါတယ္။
ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က ခ်ီတက္ပြဲကို စီစဥ္သူေတြကေတာ့ ႏုိင္ငံေရးအယူအဆအရ လက္ဝဲဘက္ကိုယိမ္းတဲ့ ကိစၥရပ္မ်ဳိးစံုအေပၚ အဓိက ဦးတည္ခ်က္ထား ေျပာဆိုဖို႔ စီစဥ္ထားပါတယ္။
ဒီထဲမွာ သမၼတ Donald Trump ကို ေထာက္ခံမဲမေပးဘဲ ျဖဳတ္ခ်ေရး အေမရိကန္ မဲဆႏၵရွင္ေတြကို တိုက္တြန္းဖို႔နဲ႔ ကြန္ဆာေဗးတစ္ဝါဒီ တရားသူႀကီး Amy Coney Barrett ကို တရား႐ံုးခ်ဳပ္ တရားသူႀကီးအျဖစ္ခန္႔ဖို႔ အမည္တင္သြင္းတဲ့အေပၚ ကန္႔ကြက္ဖို႔ ဆိုတာေတြ ပါဝင္ပါတယ္။
အေမရိကန္ ပန္းၿခံနဲ႔ သစ္ေတာမ်ားဆိုင္ရာဌာနက ထုတ္ေပးထားတဲ့ ခ်ီတက္ပြဲ ခြင့္ျပဳမိန္႔အရ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က Freedom Plaza မွာလုပ္မယ့္ ေန႔လယ္ပုိင္း စုေဝးပြဲမွာ လူေပါင္း ၆,၀၀၀ ကေန ၁၀,၀၀၀ ၾကားလာမယ္လုိ႔ ပြဲစီစဥ္သူေတြက ခန္႔မွန္းထားၿပီး အဲဒီကေန တရား႐ံုးခ်ဳပ္ေနရာကို ခ်ီတက္ၾကမွာ ျဖစ္ပါတယ္။
ကြန္ဆာေဗးတစ္ဝါဒီ အမ်ဳိးသမီးအဖြဲ႔တဖြဲ႔က စီစဥ္တဲ့ တန္ျပန္ဆႏၵျပပြဲတခုကိုလည္း တရား႐ုံးခ်ဳပ္မွာ ဒီကေန႔ လုပ္ဖို႔ရွိပါတယ္။ တရားသူႀကီး Barrett ကို တရား႐ံုးခ်ဳပ္ တရားသူႀကီးအျဖစ္ ခန္႔ထားဖို႔ အမည္တင္သြင္းတာကို ေထာက္ခံတဲ့အေနနဲ႔ "I'm With Her" ဆိုတဲ့ စုေဝးပြဲတခုကုိလုပ္ဖို႔ Indepdendent Women's Forum ဆိုတဲဲ့အဖြဲ႔က စီစဥ္ထားတာ ျဖစ္ပါတယ္။
----------------------------
(Unicode)
ကပ်ရောဂါကြားက အမျိုးသမီးထု ချီတက်ပွဲ
အမေရိကန်ပြည်ထောင်စုတဝန်းက မြို့ကြီးတွေမှာ Women's March လို့ခေါ်တဲ့ အမျိုးသမီးထု ချီတက်ပွဲကြီး ဒီကနေ့လုပ်ဖို့ရှိပြီး ကိုဗစ်ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ ကြားမှာပဲ လူထောင်ပေါင်းများစွာ ပါဝင်ကြမယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်က ချီတက်ပွဲကို စီစဉ်သူတွေကတော့ နိုင်ငံရေးအယူအဆအရ လက်ဝဲဘက်ကိုယိမ်းတဲ့ ကိစ္စရပ်မျိုးစုံအပေါ် အဓိက ဦးတည်ချက်ထား ပြောဆိုဖို့ စီစဉ်ထားပါတယ်။
ဒီထဲမှာ သမ္မတ Donald Trump ကို ထောက်ခံမဲမပေးဘဲ ဖြုတ်ချရေး အမေရိကန် မဲဆန္ဒရှင်တွေကို တိုက်တွန်းဖို့နဲ့ ကွန်ဆာဗေးတစ်ဝါဒီ တရားသူကြီး Amy Coney Barrett ကို တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်ဖို့ အမည်တင်သွင်းတဲ့အပေါ် ကန့်ကွက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။
အမေရိကန် ပန်းခြံနဲ့ သစ်တောများဆိုင်ရာဌာနက ထုတ်ပေးထားတဲ့ ချီတက်ပွဲ ခွင့်ပြုမိန့်အရ ဝါရှင်တန်ဒီစီမြို့တော်က Freedom Plaza မှာလုပ်မယ့် နေ့လယ်ပိုင်း စုဝေးပွဲမှာ လူပေါင်း ၆,၀၀၀ ကနေ ၁၀,၀၀၀ ကြားလာမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပြီး အဲဒီကနေ တရားရုံးချုပ်နေရာကို ချီတက်ကြမှာ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ်ဝါဒီ အမျိုးသမီးအဖွဲ့တဖွဲ့က စီစဉ်တဲ့ တန်ပြန်ဆန္ဒပြပွဲတခုကိုလည်း တရားရုံးချုပ်မှာ ဒီကနေ့ လုပ်ဖို့ရှိပါတယ်။ တရားသူကြီး Barrett ကို တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်ထားဖို့ အမည်တင်သွင်းတာကို ထောက်ခံတဲ့အနေနဲ့ "I'm With Her" ဆိုတဲ့ စုဝေးပွဲတခုကိုလုပ်ဖို့ Indepdendent Women's Forum ဆိုတဲ့အဖွဲ့က စီစဉ်ထားတာ ဖြစ်ပါတယ်။