သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟတီကို အေမရိကန္စစ္တပ္ ေစလႊတ္မည္မဟုတ္


APTOPIX Haiti President Killed

{{Zawgyi/Unicode}}

ေဟတီအေရးမွာ အေမရိကန္က စစ္ေရးအရ ပါဝင္ပတ္သက္မွာ မဟုတ္ေၾကာင္းနဲ႔ ေဟတီႏိုင္ငံ Port-au-Prince ၿမိဳ႕ေတာ္မွာ ရွိတဲ့ အေမရိကန္ သံရံုးလံုျခံဳေရး အတြက္ပဲ တပ္ေတြ ေစလႊတ္ဖို႔စီစဥ္ေနတယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာပါတယ္။

ေဟတီက အေမရိကန္သံရံုးကို အေမရိကန္မရိန္းတပ္သားေတြ ေစလႊတ္ဖို႔ရွိေၾကာင္း ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel နဲ႔အတူ သမၼတအိမ္ျဖဴက ပူးတြဲ သတင္းစာရွင္းလင္းပြဲ မွာ သတင္းေထာက္ေတြရဲ႕ အေမးကို သမၼတက ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ေဟတီသမၼတ Jovenel Moise ဟာ ဇူလိုင္လ ၇ ရက္ေန႔က Port-au-Prince မွာ ရွိတဲ့ သူ႔ေနအိမ္မွာ ေသနတ္သမားေတြရဲ႕ အလုပ္ၾကံခံရၿပီး ေသဆံုးခဲ့ရတာ ျဖစ္ၿပီး သမၼတကေတာ္ Martine Moise ကေတာ့ အသက္မေသပဲ ဒဏ္ရာရခဲ့ၿပီး ဖေလာ္ရီဒါျပည္နယ္ Miami မွာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတာပါ။

ေဟတီ သမၼတ အလုပ္ၾကံခံရတာအတြက္ သမၼတဘိုင္ဒန္က ရႈတ္ခ်ခဲ့သလို ဒီလုပ္ၾကံမႈနဲ႔ ပတ္သက္ၿပီး စံုစမ္း စစ္ေဆးရာမွာ အကူအညီေပးဖို႔ အေမရိကန္ အထူးကိုယ္စားလွယ္ အဖြဲ႔ တဖြဲ႔ကို ေစလႊတ္ခဲ့ပါတယ္။

Claude Joseph ဟာ အခု ေဟတီ ယာယီဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူေနတာပါ။ ဇူလိုင္ ၇ ရက္ သမၼတ အလုပ္ၾကံခံခဲ့ရၿပီးတဲ့ေနာက္ ယာယီဝန္ႀကီးခ်ဳပ္ Claude Joseph နဲ႔ ေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ ေဆြးေႏြးပြဲအတြင္း အေမရိကန္တပ္ေတြ ေဟတီကို ေစလႊတ္ဖို႔ ပန္ၾကားခဲ့တာ ျဖစ္ေၾကာင္း ေဟတီေရြးေကာက္ပြဲ ဆိုင္ရာ ဝန္ႀကီး Mathias Pierre က ေျပာပါတယ္။

ဒါ့အျပင္ Joseph ဟာ ဇူလိုင္လ ၈ရက္ေန႔မွာလည္း ကုလသမဂၢလံုျခံဳေရးေကာင္စီကို ေဟတီကိုကုလတပ္ေတြ ေစလႊတ္ေပးဖို႔ ပန္ၾကားခဲ့တယ္လို႔လည္း ေျပာပါတယ္။

ကုလသမဂၢလံုျခံဳေရး ေကာင္စီကလည္း ေဟတီကို ကုလရဲ ဒါမွမဟုတ္ ကုလ ၿငိမ္းခ်မ္းေရးထိန္းတပ္ေတြ ေစလႊတ္ဖို႔ အတည္ျပဳခ်က္ ေပးထား ပါတယ္။

..................................................

ေဟတီကို အေမရိကန္စစ္တပ္ ေစလႊတ္မည္မဟုတ္
please wait

No media source currently available

0:00 0:01:21 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဟေတီအရေးမှာ အမေရိကန်က စစ်ရေးအရ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်းနဲ့ ဟေတီနိုင်ငံ Port-au-Prince မြို့တော်မှာ ရှိတဲ့ အမေရိကန် သံရုံးလုံခြုံရေး အတွက်ပဲ တပ်တွေ စေလွှတ်ဖို့စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဟေတီက အမေရိကန်သံရုံးကို အမေရိကန်မရိန်းတပ်သားတွေ စေလွှတ်ဖို့ရှိကြောင်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel နဲ့အတူ သမ္မတအိမ်ဖြူက ပူးတွဲ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တွေရဲ့ အမေးကို သမ္မတက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဟေတီသမ္မတ Jovenel Moise ဟာ ဇူလိုင်လ ၇ ရက်နေ့က Port-au-Prince မှာ ရှိတဲ့ သူ့နေအိမ်မှာ သေနတ်သမားတွေရဲ့ အလုပ်ကြံခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပြီး သမ္မတကတော် Martine Moise ကတော့ အသက်မသေပဲ ဒဏ်ရာရခဲ့ပြီး ဖလော်ရီဒါပြည်နယ် Miami မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။

ဟေတီ သမ္မတ အလုပ်ကြံခံရတာအတွက် သမ္မတဘိုင်ဒန်က ရှုတ်ချခဲ့သလို ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရာမှာ အကူအညီပေးဖို့ အမေရိကန် အထူးကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

Claude Joseph ဟာ အခု ဟေတီ ယာယီဝန်ကြီးချုပ် အဖြစ်တာဝန်ယူနေတာပါ။ ဇူလိုင် ၇ ရက် သမ္မတ အလုပ်ကြံခံခဲ့ရပြီးတဲ့နောက် ယာယီဝန်ကြီးချုပ် Claude Joseph နဲ့ မေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဆွေးနွေးပွဲအတွင်း အမေရိကန်တပ်တွေ ဟေတီကို စေလွှတ်ဖို့ ပန်ကြားခဲ့တာ ဖြစ်ကြောင်း ဟေတီရွေးကောက်ပွဲ ဆိုင်ရာ ဝန်ကြီး Mathias Pierre က ပြောပါတယ်။

ဒါ့အပြင် Joseph ဟာ ဇူလိုင်လ ၈ ရက်နေ့မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဟေတီကိုကုလတပ်တွေ စေလွှတ်ပေးဖို့ ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီကလည်း ဟေတီကို ကုလရဲ ဒါမှမဟုတ် ကုလ ငြိမ်းချမ်းရေးထိန်းတပ်တွေ စေလွှတ်ဖို့ အတည်ပြုချက် ပေးထား ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG