သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီလုံခြုံရေးအခြေအနေအကဲဖြတ် ကန်စုံစမ်းရေးအဖွဲ့ စေလွှတ်


ဟေတီနိုင်ငံ Port-au-Prince မြို့တော်မှာတွေ့ရတဲ့ အမေရိကန်ပြည်ထောင်စုက အဖွဲ့။ (ဇူလိုင် ၁၁၊ ၂၀၂၁)
ဟေတီနိုင်ငံ Port-au-Prince မြို့တော်မှာတွေ့ရတဲ့ အမေရိကန်ပြည်ထောင်စုက အဖွဲ့။ (ဇူလိုင် ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ဟေတီနိုင်ငံမှာ သမ္မတ Jovenel Moise လုပ်ကြံခံရပြီးတဲ့နောက် လုံခြုံရေး အခြေအနေနဲ့ တခြား လိုအပ်ချက်တွေကို အကဲဖြတ် စစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက အဖွဲ့တဖွဲ့ မနေ့က စေလွှတ်လိုက်ပါတယ်။

ဒီအဖွဲ့မှာ ဘယ်အစိုးရ အေဂျင်စီတွေက ပါဝင်တယ်ဆိုတာတော့ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဟေတီမှာ ဖြစ်ပျက်နေတဲ့ ရှုပ်ထွေးမှုတွေနဲ့ ကသောင်းကနင်း အနေအထားမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိအနေထားထက် ပိုပြီး ပါဝင်မယ်၊ မပါဝင်ဘူး ဆုံးဖြတ်ချက် တစုံတရာ မချခင် အခု စေလွှတ်လိုက်တဲ့ အဖွဲ့က သမ္မတ Joe Biden ကို ပြန်အစီရင်မယ်လို့ အမေရိကန်အကြီးအတန်းအရာရှိ တဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သမ္မတ Moise လုပ်ကြံခံရပြီးတဲ့နောက် ကြိုကြား ပေါ်ပေါက်နေတဲ့ ဟေတီက အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ အမေရိကန်စစ်တပ် တပ်ဖွဲ့တွေ စေလွှတ်ပေးရေး ဟေတီဘက်က စောစောပိုင်းက တောင်းဆိုထားတာကိုတော့ အမေရိကန်ပြည်ထောင်စုက ငြင်းပယ်ထားပါတယ်။

သမ္မတ Moise ဟာ Port-au-Prince မြို့တော် သူ့နေအိမ်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သေနတ်နဲ့ ပစ်သတ် လုပ်ကြံခံခဲ့ရတာပါ။ ဒီလုပ်ကြံမှာ အမေရိကန်နိုင်ငံသားနှစ်ဦးနဲ့ ကိုလံဘီယာနိုင်ငံသား ၂၆ ဦး ပါဝင်ပတ်သက်နေတယ်လို့ ဟေတီရဲဘက်က စွပ်စွဲပြောဆိုထားပါတယ်။ ဟေတီအရေးအတွက် ဒေသတွင်းက လက်တွဲဖက်နိုင်ငံတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသွားမယ်လို့ အမေရိကန်အစိုးရဘက်က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG