သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟတီသမၼတကေတာ္ ခင္ပြန္းသည္လုပ္ႀကံခံရမႈအေပၚ တုံ႔ျပန္


လုပ္ႀကံခံလုိက္ရၿပီး ကြယ္လြန္သြားတဲ့ ေဟတီသမၼတ Jovenel Moise (ဝဲ) နဲ႔ ဒဏ္ရာရရွိခဲ့တဲ့ သမၼတကေတာ္ Martine Moïse.

(Zawgyi / Unicode)

ေဟတီႏုိင္ငံမွာ သမၼတ Jovenel Moise လုပ္ႀကံခံရခ်ိန္တုန္းက အသက္မေသ က်န္ရစ္တဲ့ သမၼတကေတာ္ Martine Moïse က သူ႔ခင္ပြန္းကို လုပ္ႀကံသူေတြဟာ သူ႔ခင္ပြန္းရဲ႕ ေဟတီႏိုင္ငံအတြက္ လုပ္ေဆာင္မႈေတြကို ဖ်က္ဆီးပစ္ခ်င္သူေတြ ျဖစ္ေၾကာင္း စြပ္စြဲျပစ္တင္လိုက္ပါတယ္။

သမၼတ လုပ္ႀကံခံရခ်ိန္တုန္းက ဒဏ္ရာရခဲ့ၿပီး ေဆးကုသမႈ ခံယူေနရတဲ့ သမၼတကေတာ္ Martine Moïse က သူဟာ အခုေတာ့ အေျခေနျပန္ေကာင္းေနၿပီလို႔ စေနေန႔မွာ ပထမဆံုးအႀကိမ္ အသံနဲ႔ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

“ေဟတီႏိုင္ငံသား ညီအစ္ကို၊ ေမာင္ႏွမေတြကို ေလးေလးစားစား ႏႈတ္ဆက္ပါေၾကာင္းနဲ႔ ဘုရားသခင္ေက်းဇူးေၾကာင့္ သူ အသက္မေသဘဲ အေျခအေနလည္း ေကာင္းမြန္ပါေၾကာင္း” Creole ဘာသာနဲ႔ ေျပာသြားတာပါ။

ဒါေပမယ့္ ႏွစ္ေပါင္းအစိတ္ေက်ာ္ အတူတကြ လက္တြဲတိုက္ပြဲဝင္ခဲ့တဲ့ သူ႔ခင္ပြန္း ဆံုးပါးခဲ့ရတဲ့အတြက္ သူေရာ သားသမီးေတြပါ ဝမ္းနည္းေၾကကြဲရေၾကာင္းနဲ႔ သူ႔ခင္ပြန္းရဲ႕ ႏိုင္ငံအတြက္ လွ်ပ္စစ္၊ ေသာက္သံုးေရနဲ႔ လမ္းစီမံကိန္းေတြ၊ ေရြးေကာက္ပြဲက်င္းပဖို႔ လုပ္ေဆာင္မႈေတြေၾကာင့္ သူ႔ခင္ပြန္းကို ေၾကးစားေတြငွါးၿပီး လုပ္ႀကံတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

သူ႔ခင္ပြန္းကို လုပ္ႀကံတဲ့ ေၾကးစားလူသတ္သမားေတြဟာ အခု အဖမ္းခံေနရၿပီျဖစ္ေပမယ့္ တျခား ေၾကးစားေတြက သူ႔ခင္ပြန္းရဲ႕ အေတြးအေခၚေတြ၊ အိပ္မက္ေတြ အေကာင္အထည္ မေပၚေအာင္ လုပ္ခ်င္ေနတာျဖစ္ေၾကာင္း ေျပာပါတယ္။

လုပ္ႀကံမႈနဲ႔ ဆက္ႏႊယ္ၿပီး ေဟတီရဲေတြက လူတဒါဇင္ေက်ာ္ကို ဖမ္းဆီးထားတာျဖစ္ၿပီး အဲဒီထဲက အမ်ားစုဟာ ကိုလံဘီယာ စစ္သားေဟာင္းေတြ ျဖစ္တယ္လို႔ ရဲက ေျပာပါတယ္။ အဖမ္းမခံရပဲ လြတ္ေျမာက္ေနသူေတြကို ဆက္လက္ရွာေဖြေနဆဲ ျဖစ္ေပမယ့္ သမၼတေနထိုင္ရာ အိမ္ကို တိုက္ခိုက္တဲ့အဖြဲ႔ကို ဘယ္သူက ငွါးရမ္းခဲ့တယ္ ဆိုတာကိုေတာ့ ခုထိ သဲသဲကြဲကြဲ မသိရေသးပါဘူး။

----------------------

(Unicode)

ဟေတီသမ္မတကတော် ခင်ပွန်းသည်လုပ်ကြံခံရမှုအပေါ် တုံ့ပြန်

ဟေတီနိုင်ငံမှာ သမ္မတ Jovenel Moise လုပ်ကြံခံရချိန်တုန်းက အသက်မသေ ကျန်ရစ်တဲ့ သမ္မတကတော် Martine Moïse က သူ့ခင်ပွန်းကို လုပ်ကြံသူတွေဟာ သူ့ခင်ပွန်းရဲ့ ဟေတီနိုင်ငံအတွက် လုပ်ဆောင်မှုတွေကို ဖျက်ဆီးပစ်ချင်သူတွေ ဖြစ်ကြောင်း စွပ်စွဲပြစ်တင်လိုက်ပါတယ်။

သမ္မတ လုပ်ကြံခံရချိန်တုန်းက ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေရတဲ့ သမ္မတကတော် Martine Moïse က သူဟာ အခုတော့ အခြေနေပြန်ကောင်းနေပြီလို့ စနေနေ့မှာ ပထမဆုံးအကြိမ် အသံနဲ့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

“ဟေတီနိုင်ငံသား ညီအစ်ကို၊ မောင်နှမတွေကို လေးလေးစားစား နှုတ်ဆက်ပါကြောင်းနဲ့ ဘုရားသခင်ကျေးဇူးကြောင့် သူ အသက်မသေဘဲ အခြေအနေလည်း ကောင်းမွန်ပါကြောင်း” Creole ဘာသာနဲ့ ပြောသွားတာပါ။

ဒါပေမယ့် နှစ်ပေါင်းအစိတ်ကျော် အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ သူ့ခင်ပွန်း ဆုံးပါးခဲ့ရတဲ့အတွက် သူရော သားသမီးတွေပါ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ သူ့ခင်ပွန်းရဲ့ နိုင်ငံအတွက် လျှပ်စစ်၊ သောက်သုံးရေနဲ့ လမ်းစီမံကိန်းတွေ၊ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်မှုတွေကြောင့် သူ့ခင်ပွန်းကို ကြေးစားတွေငှါးပြီး လုပ်ကြံတာဖြစ်ကြောင်းလည်း ပြောပါတယ်။

သူ့ခင်ပွန်းကို လုပ်ကြံတဲ့ ကြေးစားလူသတ်သမားတွေဟာ အခု အဖမ်းခံနေရပြီဖြစ်ပေမယ့် တခြား ကြေးစားတွေက သူ့ခင်ပွန်းရဲ့ အတွေးအခေါ်တွေ၊ အိပ်မက်တွေ အကောင်အထည် မပေါ်အောင် လုပ်ချင်နေတာဖြစ်ကြောင်း ပြောပါတယ်။

လုပ်ကြံမှုနဲ့ ဆက်နွှယ်ပြီး ဟေတီရဲတွေက လူတဒါဇင်ကျော်ကို ဖမ်းဆီးထားတာဖြစ်ပြီး အဲဒီထဲက အများစုဟာ ကိုလံဘီယာ စစ်သားဟောင်းတွေ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ အဖမ်းမခံရပဲ လွတ်မြောက်နေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပေမယ့် သမ္မတနေထိုင်ရာ အိမ်ကို တိုက်ခိုက်တဲ့အဖွဲ့ကို ဘယ်သူက ငှါးရမ်းခဲ့တယ် ဆိုတာကိုတော့ ခုထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG