သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ ကုလတပ္ေတြ လႊတ္ၿပီး အကာအကြယ္ေပးဖို႔ ေဟတီၾကားျဖတ္အစိုးရ ပန္ၾကား


ေဟတီသမၼတ လုပ္ႀကံခံရၿပီးေနာက္ ၿမိဳ႕ေတာ္ Port-au-Prince မွာ သံသယရွိသူေတြကို ရွာေဖြေနတဲ့ ေဟတီရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇူလုိင္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ေဟတီႏုိင္ငံမွာ သမၼတ Jovenel Moise လုပ္ႀကံခံလိုက္ရၿပီးတဲ့ေနာက္ ႏုိင္ငံရဲ႕ အဓိက အေျခခံအေဆာက္အအံုေတြကို အကာအကြယ္ေပးဖို႔ အေမရိကန္နဲ႔ ကုလသမဂၢတပ္ေတြ လႊတ္ေပးပါလို႔ ေဟတီ ၾကားျဖတ္အစိုးရက ပန္ၾကားထားပါတယ္။

ေဟတီ ၾကားျဖတ္အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ Claude Joseph နဲ႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ ဗုဒၶဟူးေန႔က ဆက္သြယ္ေျပာဆိုခ်ိန္အတြင္း အေမရိကန္တပ္ဖြဲ႔ေတြ လႊတ္ေပးဖို႔ ပန္ၾကားခဲ့တဲ့အေၾကာင္း ေဟတီ ေရြးေကာက္ပြဲဆိုင္ရာဝန္ႀကီး Mathias Pierre က ႐ိုက္တာနဲ႔ AFP အပါအဝင္ သတင္းဌာနေတြကို ေျပာပါတယ္။ ဒါ့အျပင္ ကုလသမဂၢတပ္ဖြဲ႔ေတြ လႊတ္ေပးဖို႔ကိုလည္း ဝန္ႀကီးခ်ဳပ္ Joseph က လံုၿခံဳေရးေကာင္စီကို ၾကာသပေတးေန႔မွာ ပန္ၾကားခဲ့တယ္လုိ႔ ဝန္ႀကီး Mathias Pierre က ေျပာပါတယ္။

"ဆိပ္ကမ္း၊ ေလဆိပ္နဲ႔ စြမ္းအင္ဆိုင္ရာလို အေျခခံအေဆာက္အအံုေတြကို ပစ္မွတ္ထားလာမယ့္ အေျခအေနနဲ႔ က်ေနာ္တို႔ ရင္ဆိုင္ေနရပါတယ္" လို႔ ဝန္ႀကီး Mathias Pierre က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

အေမရိကန္အေနနဲ႔ လက္ရွိအခ်ိန္မွာ စစ္ေရးအကူအညီေပးဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္အစိုးရအဖြဲ႔ အႀကီးတန္း တာဝန္ရွိသူတဦးက ေျပာတာကို ႐ိုက္တာသတင္းဌာနက ကိုးကားေဖာ္ျပထားပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ AFP က ဆက္သြယ္ေမးျမန္းတဲ့အေပၚ ကုလသမဂၢဘက္က တံု႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကန်နဲ့ ကုလတပ်တွေ လွှတ်ပြီး အကာအကွယ်ပေးဖို့ ဟေတီကြားဖြတ်အစိုးရ ပန်ကြား

ဟေတီနိုင်ငံမှာ သမ္မတ Jovenel Moise လုပ်ကြံခံလိုက်ရပြီးတဲ့နောက် နိုင်ငံရဲ့ အဓိက အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂတပ်တွေ လွှတ်ပေးပါလို့ ဟေတီ ကြားဖြတ်အစိုးရက ပန်ကြားထားပါတယ်။

ဟေတီ ကြားဖြတ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် Claude Joseph နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဗုဒ္ဓဟူးနေ့က ဆက်သွယ်ပြောဆိုချိန်အတွင်း အမေရိကန်တပ်ဖွဲ့တွေ လွှတ်ပေးဖို့ ပန်ကြားခဲ့တဲ့အကြောင်း ဟေတီ ရွေးကောက်ပွဲဆိုင်ရာဝန်ကြီး Mathias Pierre က ရိုက်တာနဲ့ AFP အပါအဝင် သတင်းဌာနတွေကို ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂတပ်ဖွဲ့တွေ လွှတ်ပေးဖို့ကိုလည်း ဝန်ကြီးချုပ် Joseph က လုံခြုံရေးကောင်စီကို ကြာသပတေးနေ့မှာ ပန်ကြားခဲ့တယ်လို့ ဝန်ကြီး Mathias Pierre က ပြောပါတယ်။

"ဆိပ်ကမ်း၊ လေဆိပ်နဲ့ စွမ်းအင်ဆိုင်ရာလို အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားလာမယ့် အခြေအနေနဲ့ ကျနော်တို့ ရင်ဆိုင်နေရပါတယ်" လို့ ဝန်ကြီး Mathias Pierre က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမေရိကန်အနေနဲ့ လက်ရှိအချိန်မှာ စစ်ရေးအကူအညီပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတဦးက ပြောတာကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ AFP က ဆက်သွယ်မေးမြန်းတဲ့အပေါ် ကုလသမဂ္ဂဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG