သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ဟာ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ကထက္ ပိုၿပီး လံုၿခံဳစိတ္ခ်ရၿပီ (ကာကြယ္ေရးဝန္ႀကီး)


အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin. (စက္တင္ဘာ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံဟာ လြန္ခဲ့တဲ့ အႏွစ္ ၂၀ ကနဲ႔စာရင္ အခု ပိုၿပီး လံုၿခံဳစိတ္ခ်ရမႈ ရွိေနၿပီလို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Lloyd Austin က ဗြီအိုေအကို ေျပာၾကားခဲ့ပါတယ္။

“ကမာၻတလႊား ၿခိမ္းေျခာက္မႈ မ်ိဳးစံုအတြက္ က်ေနာ္တို႔ရဲ႕ အခ်က္အလက္ စုေဆာင္းႏိုင္မႈနဲ႔ ဆန္းစစ္ႏိုင္မႈ၊ ေျခရာခံလိုက္ႏိုင္မႈေတြနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ရဲ႕ စြမ္းေဆာင္ႏိုင္မႈဟာ အဲဒီ ၂၀၀၁ ခုႏွစ္က စၾကည့္ရင္ အခုအခ်ိန္မွာ ဘယ္ေလာက္ ႀကီးႀကီးမားမား တိုးတက္ေျပာင္းလဲေနသလဲဆိုတာ ေတြ႔ႏိုင္ပါတယ္။ တိ္ုက္ခိုက္ႏိုင္စြမ္းကလည္း သိပ္ကိုႀကီးမားလာတာပါ။ အစိုးရတရပ္အတြက္ အေရးအႀကီးဆံုးကေတာ့ သတင္းအခ်က္အလက္ မွ်ေဝတာ၊ ပူးေပါင္းေဆာင္ရြက္တာနဲ႔ ပဋိပကၡ ေျဖရွင္းတာေတြကို သိပ္ေကာင္းေအာင္ လုပ္ႏိုင္ၿပီျဖစ္တဲ့အတြက္ အခုအခ်ိန္မွာ က်ေနာ္တို႔ေတြ ပိုၿပီး လံုၿခံဳစိတ္ခ်ရမႈ ရွိတယ္လို႔ ေျပာႏိုင္ပါတယ္။” လုိ႔ ကာကြယ္ေရးဝန္ႀကီးက ေျပာသြားတာပါ။

အခု 9/11 စက္တင္ဘာ ၁၁ ရက္ အႏွစ္ ၂၀ ျပည့္ ႏွစ္ပတ္လည္ေန႔မွာ အေမရိကန္ႏိုင္ငံရဲ႕ လံုၿခံဳမႈအေနအထားနဲ႔ ပတ္သက္ၿပီး အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ရဲ႕ ဗြီအိုေအ သတင္းတာဝန္ခံ Carla Babb ရဲ႕ ေမးျမန္းခ်က္ကို ျပန္လည္ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံမွာ ၂၀၀၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ေန႔က နယူးေယာက္၊ ပန္ဆယ္လ္ေဗးနီးယားနဲ႔ ဗာဂ်ီးနီးယားျပည္နယ္ေတြမွာ အတိုက္ခိုက္ခံခဲ့ရတာေၾကာင့္ လူေပါင္း ၃,၀၀၀ ေလာက္ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

9/11 တိုက္ခိုက္မႈ ျဖစ္ၿပီးတဲ့ေနာက္ ေလ့လာသူနဲ႔ ပညာရွင္ေတြက အေမရိကန္ျပည္ေထာင္စုဟာ 9/11 အလြန္ကာလမွာ အရင္အခ်ိန္ကာလေတြနဲ႔ အလားတူ အေျခအေနမ်ဳိး ဘယ္ေတာ့မွွ ျပန္ေရာက္ေတာ့မွာ မဟုတ္ဘူးလို႔ သံုးသပ္ေျပာဆိုခဲ့ၾကပါတယ္။ အဲဒီေနာက္ပိုင္းကာလေတြမွာ အေမရိကန္ႏုိင္ငံတဝန္း လံုၿခံဳေရးအစီအမံေတြ တိုးျမႇင့္လုပ္ေဆာင္ခဲ့ၿပီး အဓိကအားျဖင့္ လူစည္ကား ထင္ရွားတဲ့ေနရာေတြ၊ အေရးႀကီး ေနရာဌာနေတြမွာ အကာအရံေတြ၊ အတားအဆီးေတြကိုလည္း ပံုမွန္ေတြ႔လာၾကရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အမေရိကန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက် ပိုပြီး လုံခြုံစိတ်ချရပြီ (ကာကွယ်ရေးဝန်ကြီး)

အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့စာရင် အခု ပိုပြီး လုံခြုံစိတ်ချရမှု ရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Lloyd Austin က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“ကမ္ဘာတလွှား ခြိမ်းခြောက်မှု မျိုးစုံအတွက် ကျနော်တို့ရဲ့ အချက်အလက် စုဆောင်းနိုင်မှုနဲ့ ဆန်းစစ်နိုင်မှု၊ ခြေရာခံလိုက်နိုင်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စွမ်းဆောင်နိုင်မှုဟာ အဲဒီ ၂၀၀၁ ခုနှစ်က စကြည့်ရင် အခုအချိန်မှာ ဘယ်လောက် ကြီးကြီးမားမား တိုးတက်ပြောင်းလဲနေသလဲဆိုတာ တွေ့နိုင်ပါတယ်။ တိုက်ခိုက်နိုင်စွမ်းကလည်း သိပ်ကိုကြီးမားလာတာပါ။ အစိုးရတရပ်အတွက် အရေးအကြီးဆုံးကတော့ သတင်းအချက်အလက် မျှဝေတာ၊ ပူးပေါင်းဆောင်ရွက်တာနဲ့ ပဋိပက္ခ ဖြေရှင်းတာတွေကို သိပ်ကောင်းအောင် လုပ်နိုင်ပြီဖြစ်တဲ့အတွက် အခုအချိန်မှာ ကျနော်တို့တွေ ပိုပြီး လုံခြုံစိတ်ချရမှု ရှိတယ်လို့ ပြောနိုင်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးက ပြောသွားတာပါ။

အခု 9/11 စက်တင်ဘာ ၁၁ ရက် အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့မှာ အမေရိကန်နိုင်ငံရဲ့ လုံခြုံမှုအနေအထားနဲ့ ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ဗွီအိုအေ သတင်းတာဝန်ခံ Carla Babb ရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်၊ ပန်ဆယ်လ်ဗေးနီးယားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ အတိုက်ခိုက်ခံခဲ့ရတာကြောင့် လူပေါင်း ၃,၀၀၀ လောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

9/11 တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် လေ့လာသူနဲ့ ပညာရှင်တွေက အမေရိကန်ပြည်ထောင်စုဟာ 9/11 အလွန်ကာလမှာ အရင်အချိန်ကာလတွေနဲ့ အလားတူ အခြေအနေမျိုး ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကာလတွေမှာ အမေရိကန်နိုင်ငံတဝန်း လုံခြုံရေးအစီအမံတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အဓိကအားဖြင့် လူစည်ကား ထင်ရှားတဲ့နေရာတွေ၊ အရေးကြီး နေရာဌာနတွေမှာ အကာအရံတွေ၊ အတားအဆီးတွေကိုလည်း ပုံမှန်တွေ့လာကြရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG