သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယဥ္ေက်းမႈ ထိခိုက္တဲ့ စြပ္စဲြခ်က္နဲ႔ သင္ဇာဝင့္ေက်ာ္နဲ႔ နန္းေမြစံ အေရးယူခံရ 


ယဥ္ေက်းမႈ ထိခိုက္တဲ့ စြပ္စဲြခ်က္နဲ႔ သင္ဇာဝင့္ေက်ာ္နဲ႔ နန္းေမြစံ အေရးယူခံရ

ျမန္မာ မိုဒယ္ အမ်ဳိးသမီး ၂ ဦးျဖစ္ၾကတ့ဲ နန္းေမြစံ နဲ႔ သင္ဇာဝင့္ေက်ာ္ တို႔ကို ျမန္မာ့ယဥ္ေက်းမႈ ထိခိုက္ေစတဲ့ လိင္အသားေပး ဓါတ္ပုံေတြ နဲ႔ ဗြီဒီယုိဖိုင္ေတြ အင္တာနက္မွာ တင္ၿပီး အခေၾကးေငြယူတဲ့အတြက္ တရားစြဲဆိုလိုက္ေၾကာင္း စစ္ေကာင္စီက ေသာၾကာေန႔က ထုတ္ျပန္လိုက္ပါတယ္။

ယဥ္ေက်းမႈ ထိခိုက္တဲ့ စြပ္စဲြခ်က္နဲ႔ သင္ဇာဝင့္ေက်ာ္နဲ႔ နန္းေမြစံ အေရးယူခံရ

{{Zawgyi/Unicode}}
ျမန္မာ မိုဒယ္ အမ်ဳိးသမီး ၂ ဦးျဖစ္ၾကတ့ဲ နန္းေမြစံ နဲ႔ သင္ဇာဝင့္ေက်ာ္ တို႔ကို ျမန္မာ့ယဥ္ေက်းမႈ ထိခိုက္ေစတဲ့ လိင္အသားေပး ဓါတ္ပုံေတြ နဲ႔ ဗြီဒီယုိဖိုင္ေတြ အင္တာနက္မွာ တင္ၿပီး အခေၾကးေငြယူတဲ့အတြက္ တရားစြဲဆိုလိုက္ေၾကာင္း စစ္ေကာင္စီက ေသာၾကာေန႔က ထုတ္ျပန္လိုက္ပါတယ္။

သူတို႔ ၂ ဦးစလုံးဟာ အေမရိကန္ အေျခစိုက္ အရြယ္ေရာက္သူမ်ားသာ ၾကည့္ခြင့္ရွိတဲ့ လိင္ပိုင္းဆိုင္ရာ Website တခုကို လိင္အသားေပးဓါတ္ပုံ နဲ႔ ဗြီဒီယုိဖိုင္ေတြ ပို႔ေပးၿပီး တင္ေပးတဲ့အတြက္ ျပန္လည္ရရွိတဲ့ ေငြေၾကးေတြကေန ၇ဝ ရာခိုင္ႏႈန္း ခံစားခြင့္ရၾကတယ္လို႔လည္း ဆိုပါတယ္။

အဲဒီအတြက္ နန္းေမြ႕စံ နဲ႔ သင္ဇာဝင့္ေက်ာ္ တို႔ ၂ ဦးစလုံးကို အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္ရြက္ေရး ဥပေဒ ပုဒ္မ ၃၃ (က) အရ အမႈဖြင့္အေရးယူထားေၾကာင္းလည္း ပါရွိပါတယ္။
အဲဒီ ဥပေဒအရ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခံရရင္ ေထာင္ဒဏ္ အနည္းဆုံး ၇ ႏွစ္ ကေန အမ်ားဆုံး ၁၅ ႏွစ္အထိ ခ်မွတ္ႏိုင္ပါတယ္။

အခုအေရးယူခံလိုက္ရသူ ၂ ဦးစလုံးဟာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့ဖူးသူေတြလည္း ျဖစ္ပါတယ္။ ေမာ္ဒယ္သင္ဇာဝင့္ေက်ာ္ ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လဆန္းပိုင္းကလည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔တဖြဲ႔ျဖစ္တဲ့ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ဌာနခ်ဳပ္မွာ အဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ဗုိလ္မွဴးႀကီး စိုင္းဆု ရဲ႕သမီး မဂၤလာပြဲကို တက္ေရာက္ခဲ့ၿပီး အျပန္မွာ ေခတၱဖမ္းဆီးခံခဲ့ရဖူးပါတယ္။

ေမာ္ဒယ္နန္းေမြစံ ဟာ အရင္ကလည္း ျမန္မာ့ယဥ္ေက်းမႈနဲ႔ မကိုက္တဲ့ ၀တ္စားဆင္ယင္မႈ စြပ္စဲြခ်က္နဲ႔ ျမန္မာႏိုင္ငံ ေဆးေကာင္စီက ၂၀၁၉ ခုႏွစ္မွာ ေဆးကုသခြင့္ လိုင္စင္ကို သိမ္းခံခဲ့ရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................

ယဉ်ကျေးမှု ထိခိုက်တဲ့ စွပ်စွဲချက်နဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံ အရေးယူခံရ

{{Zawgyi/Unicode}}
မြန်မာ မိုဒယ် အမျိုးသမီး ၂ ဦးဖြစ်ကြတဲ့ နန်းမွေစံ နဲ့ သင်ဇာဝင့်ကျော် တို့ကို မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေတဲ့ လိင်အသားပေး ဓါတ်ပုံတွေ နဲ့ ဗွီဒီယိုဖိုင်တွေ အင်တာနက်မှာ တင်ပြီး အခကြေးငွေယူတဲ့အတွက် တရားစွဲဆိုလိုက်ကြောင်း စစ်ကောင်စီက သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ အမေရိကန် အခြေစိုက် အရွယ်ရောက်သူများသာ ကြည့်ခွင့်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ Website တခုကို လိင်အသားပေးဓါတ်ပုံ နဲ့ ဗွီဒီယိုဖိုင်တွေ ပို့ပေးပြီး တင်ပေးတဲ့အတွက် ပြန်လည်ရရှိတဲ့ ငွေကြေးတွေကနေ ၇ဝ ရာခိုင်နှုန်း ခံစားခွင့်ရကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီအတွက် နန်းမွေ့စံ နဲ့ သင်ဇာဝင့်ကျော် တို့ ၂ ဦးစလုံးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) အရ အမှုဖွင့်အရေးယူထားကြောင်းလည်း ပါရှိပါတယ်။
အဲဒီ ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ထောင်ဒဏ် အနည်းဆုံး ၇ နှစ် ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။

အခုအရေးယူခံလိုက်ရသူ ၂ ဦးစလုံးဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။ မော်ဒယ်သင်ဇာဝင့်ကျော် ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်မှာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု ရဲ့သမီး မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး အပြန်မှာ ခေတ္တဖမ်းဆီးခံခဲ့ရဖူးပါတယ်။

မော်ဒယ်နန်းမွေစံ ဟာ အရင်ကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်တဲ့ ဝတ်စားဆင်ယင်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ဆေးကောင်စီက ၂၀၁၉ ခုနှစ်မှာ ဆေးကုသခွင့် လိုင်စင်ကို သိမ်းခံခဲ့ရဖူးပါတယ်။

XS
SM
MD
LG