သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ် သတင်းသမားဖမ်းဆီးမှု ဒုတိယအများဆုံး မြန်မာနိုင်ငံ (RSF)


Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

ကမ္ဘာပေါ် သတင်းသမားဖမ်းဆီးမှု ဒုတိယအများဆုံး မြန်မာနိုင်ငံ (RSF)

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ ဆိုးဆိုးရွားရွား ကြုံခဲ့ရကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကပြောပါတယ်။ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေလို လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ သတင်းသမားတွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ ညှင်းပန်းတာ၊ အပျောက်ရှင်းပစ်တဲ့ အထိပါ ကျုးလွန်မှုတွေ ရှိခဲ့တယ်လို့လည်း စစ်အာဏာသိမ်းမှု နှစ်ပတ်လည်အဖြစ် အင်္ဂါနေ့က သတင်းထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့တဲ့ အလွတ်တန်းဓာတ်ပုံဆရာ ကိုစိုးနိုင်၊ မြဝတီခရိုင်၊ လေးကေ့ကော် ဒေသမှာ လက်နက်ကိုင် အင်အားစုတွေအပေါ် ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ ဒဏ်ရာရ သေဆုံးခဲ့တဲ့ ဖယ်ဒရယ်သတင်း ဂျာနယ် အယ်ဒီတာ စိုင်းဝင်းအောင် နဲ့ ခေါ်နုသုန် ချင်းသတင်းဌာနက Pu Tuidim အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ သတင်းသမား အနည်းဆုံး ၃ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။

အပြင်းအထန် ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ သတင်းသမား ၇ ယောက် ရှိခဲ့ပြီး၊ ၁ နှစ်အတွင်း ဖမ်းဆီးခံရသူ သတင်းမီဒီယာသမား ၁၁၅ ယောက် ရှိခဲ့တဲ့အထဲက ၁၄ ယောက်ဟာ ပြစ်ဒဏ်စီရင်ခံခဲ့ ရတယ်လို့လည်း ပြောပါတယ်။

မတရား ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာသမား ၅၇ ယောက် ရှိနေဆဲ ဖြစ်တာကြောင့် ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင်၊ သတင်းသမား ဖမ်းဆီးခံရမှု ဒုတိယ အများဆုံး အဖြစ်နဲ့လည်း ဖော်ပြထားတာပါ။

ဖေဖော်ဝါရီလ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး လပိုင်းအတွင်းမှာပဲ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပိတ်ပင်ခံရ၊ လုပ်ငန်းလိုင်စင် အသိမ်းခံရ၊ အရေးယူခံရတာတွေ ရှိခဲ့ပြီး စုစုပေါင်း မီဒီယာ ၁၂ ခု ပိတ်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

အင်တာနက် သုံးစွဲမှုတွေအပေါ် အခွန်တိုးမြှင့်တာ အပါအဝင် ကန့်သတ်တင်းကျပ်မှု အနည်းဆုံး ၂ ခု ရှိခဲ့ကြောင်းလည်း မှတ်တမ်းတင်ခဲ့တာပါ။ RSF အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရှိခဲ့ပါတယ်။

.........................................

ကမ္ဘာပေါ် သတင်းသမားဖမ်းဆီးမှု ဒုတိယအများဆုံး မြန်မာနိုင်ငံ (RSF)
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}






XS
SM
MD
LG