သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းနီ စာေပနဲ႔ ယဥ္ေက်းမႈေကာ္မတီ နာယက သတ္ျဖတ္ခံရမႈအတြက္ KIA ကိုစြပ္စဲြ


(Zawgyi / Unicode)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ေဟာင္ပါးေက်း႐ြာမွ ရွမ္းနီ စာေပနဲ႔ ယဥ္ေက်းမႈေကာ္မတီ နာယက သတ္ျဖတ္ခံရမႈဟာ KIA လက္ခ်က္အျဖစ္ ရွမ္းနီ အမ်ိဳးသားတပ္မေတာ္ SNA က စြပ္စြဲလိုက္ပါတယ္။ KIA ကေတာ့ အရပ္သားကို သတ္ျဖတ္ဖို႔ မူဝါဒမရွိေၾကာင္း ျငင္းဆိုထားသလို ဒီသတ္ျဖတ္ကို စုံစမ္းေျဖရွင္းသြားမွာ ျဖစ္ေၾကာင္း တုံျပန္ထားပါတယ္။ ရန္ကုန္ကေပးပို႔တဲ႔ သတင္းကို ကိုေဇာ္မိုးေက်ာ္ ေျပာျပေပးမွာပါ။

ဖားကန႔္ၿမိဳ႕နယ္ ေဟာင္ပါးေက်း႐ြာမွာ ဇြန္လ ၂၅ရက္ေန႔ ညေနပိုင္းက အမည္မသိ လက္နက္ကိုင္ ၂ဦးက ရွမ္းနီ စာေပနဲ႔ ယဥ္ေက်းမႈေကာ္မတီ နာယက ဦးသန္းေဖ (၆၁ႏွစ္)ကို ေသနတ္နဲ႔ ပစ္ခတ္ သတ္ျဖတ္ခဲ့ပါတယ္။ ဒီသတ္ျဖတ္မႈဟာ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA လက္ခ်က္ျဖစ္တယ္လို႔ ရွမ္းနီ အမ်ိဳးသား တပ္မေတာ္ SNAရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး စိုင္းေအာင္မိန္းက VOA ကို အခုလို ေျပာပါတယ္။

“ က်ေနာ္တို႔ စုံစမ္းထားခ်က္အရ သုံးသပ္ၾကည့္တာကေတာ့ KIA ကေနပဲ လုပ္တယ္လို႔ က်ေနာ္တို႔အေနနဲ႔ သုံးသပ္လို႔ ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ျပႆနာျဖစ္ထားတဲ့အခ်က္ေလးေတြ ရွိေနတဲ့အခါက်ေတာ့ KIA လက္ခ်က္အျဖစ္ပဲ က်ေနာ္တို႔ယူလို႔ ရပါတယ္ခင္ဗ်။ ”

SNA ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ဦးသန္းေဖဟာ ဖားကန႔္ၿမိဳ႕နယ္ရွိ ရွမ္းနီေတြ ေနထိုင္ရာေက်း႐ြာအဝင္မွာ ကခ်င္မေနာတိုင္ စိုက္ထူမႈနဲ႔ စာသင္ေက်ာင္း ကိစၥေတြနဲ႔ ပတ္သက္လို႔ ကခ်င္ ဘာသာေရး ေခါင္းေဆာင္တဦးနဲ႔ စကားအေခ်အတင္ျဖစ္ခဲ့ၿပီး အဲဒီ ညေနမွာပဲ သတ္ျဖတ္ခံရေၾကာင္း ေဖာ္ျပပါတယ္။ ဦးသန္းေဖဟာ အသက္ ၆၀ ရွိၿပီး ႏွစ္ေပါင္းမ်ားစြာ ရွမ္းနီ အေရး ေဆာင္႐ြက္ေနသူျဖစ္တဲ့အျပင္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ကတည္းက ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး တာဝန္ယူခဲ့ဖူးေၾကာင္းလည္း သိရပါတယ္။

KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူကေတာ့ KIA မွာ အရပ္သားေတြ သတ္ျဖတ္တဲ့ မူဝါဒ မရွိေၾကာင္း ဗဟိုက ၫႊန္ၾကားတာမ်ိဳးလည္းမရွိေၾကာင္း ေျပာပါတယ္။

“ အဲဒီ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ေတာ့ က်ေနာ္တို႔ KIO ကေတာ့ လုပ္ႀကံဖို႔၊ လူကို သတ္ဖို႔ဆိုတဲ့ မူဝါဒေတြ မရွိဘူး။ အခုျဖစ္စဥ္နဲ႔ ပတ္သက္လို႔လည္း က်ေနာ္တို႔ၫႊန္ၾကားတာ မရွိဘူး။ ဒုတိယအခ်က္ကေတာ့ က်ေနာ္တို႔လည္း စစ္ေဆးေနတယ္။ မည္သူ မည္ဝါကေန လုပ္တာလဲ။ ေနာက္ က်ေနာ္တို႔ ေရွ႕တန္းက လူေတြမ်ား လုပ္သလားေပါ့။ က်ေနာ္တို႔ မဟုတ္လို႔ရွိရင္ က်ေနာ္တို႔ သူတို႔နဲ႔ ျပန္ေဆြးေႏြးရမွာျဖစ္ပါတယ္။ ဟုတ္လို႔ရွိရင္ဘာေၾကာင့္ ဒီလိုျဖစ္တယ္ဆိုတာ က်ေနာ္တို႔လည္း ျပန္ၿပီး ေျဖရွင္းရမွာျဖစ္ပါတယ္။”

SNAက ဗိုလ္မႈးႀကီး စိုင္းေအာင္မိန္းက ဒီအျဖစ္အပ်က္ဟာ လူမ်ိဳးေရးျပႆနာကို ဦးတည္ေနတာေၾကာင့္ ျပင္းျပင္းထန္ထန္ တားျမစ္ထားဖို႔ လိုေၾကာင္း ဆက္ေျပာပါတယ္။

“ ဒီလို မျဖစ္ေအာင္ အရင္တုံးက က်ေနာ္တို႔ ေျပာဆိုခဲ့ဖူးတာရွိပါတယ္။ ဒီလိုလုပ္ရင္ လူမ်ိဳးေရး ျပႆနာေတြ ျဖစ္ပြားလာႏိုင္တယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါကို သူတို႔အေနနဲ႔ ဆက္ၿပီးေတာ့မွ က်ဴးလြန္လာတဲ့အခါက်ေတာ့ လူမ်ိဳးေရး ျပႆနာကို တမင္ဖန္တီးၿပီး လုပ္တယ္လို႔ က်ေနာ္တို႔အေနနဲ႔ ယူဆလို႔ ရပါတယ္။ လူမ်ိဳးေရး ပဋိပကၡေတြ မျဖစ္ေအာင္ သူတို႔ဘက္ကေန ျပင္းျပင္းထန္ထန္ကို တားျမစ္ထားမွ ရလိမ့္မယ္ဗ်။ ဒီလိုကိစၥေတြက က်ေနာ္တို႔ကေန စတင္ၿပီး က်ဴးလြန္တာမဟုတ္ပါဘူး။ ”

ဗိုလ္မွဴးႀကီး ေနာ္ဘူကေတာ့ ရွမ္းနဲ႔ကခ်င္ဟာ ကခ်င္ျပည္နယ္က ဌာေနတိုင္းရင္းသားေတြ ျဖစ္တာေၾကာင့္ လူမ်ိဳးေရး ပဋိပကၡျဖစ္ေစတာမ်ိဳးကို မလႈံ႔ေဆာ္ၾကဖို႔ လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။

“ လူမ်ိဳးေရး ျပႆနာေတြ ျဖစ္ေအာင္ေတာ့ မလႈ႔ံေဆာ္တာ အေကာင္းဆုံးျဖစ္ပါတယ္။ ရွမ္းနဲ႔ ကခ်င္ဆိုတဲ့ လူမ်ိဳးေရးျဖစ္ေစတဲ့ အသုံးအႏႈန္းေတြကေတာ့ မလုပ္ေကာင္းပါဘူး။ က်ေနာ္တို႔ ရွမ္းတိုင္းရင္းသားေတြ၊ ကခ်င္တိုင္းရင္းသားေတြ အားလုံး အတူတူပါပဲ။ က်ေနာ္တို႔ ကခ်င္ျပည္နယ္က ဌာေနသားေတြပဲ ျဖစ္ပါတယ္။ ဆိုေတာ့ လူမ်ိဳးေရး ျပႆနာျဖစ္ေအာင္ေပါ့ေနာ္ လႈံ႔ေဆာ္တာေတြကေတာ့ မျဖစ္သင့္ဘူးလို႔ က်ေနာ္ ထင္ပါတယ္။”

ဖားကန႔္ေဒသခံတစ္ဦးကေတာ့ ေလာေလာဆယ္ လူမ်ိဳးေရးျပႆနာ ျဖစ္ပြားေစႏိုင္မယ့္ အရိပ္လကၡဏာ မရွိေၾကာင္းနဲ႔ အမွန္တကယ္ KIA က သတ္ျဖတ္ခဲ့ရင္လည္း ႏွစ္ဘက္ညႇိႏႈိင္း ေျဖရွင္းေစလိုေၾကာင္း ေျပာပါတယ္။

“ ေလာေလာဆည္ကေတာ့ ရွမ္းနီနဲ႔ လက္ရွိ ကခ်င္ လူမ်ိဳးစုထဲမွာေတာ့ လူမ်ိဳးေရးအေနအထား တစ္စုံတစ္ရာေတာ့ အဲဒီ အရိပ္အေငြ႕ေတြေတာ့ မေတြ႕ဘူးေပါ့။ ဒီလိုျဖစ္တဲ့အေပၚမွာ တစ္ဦးတစ္ဖြဲ႕ကလည္း ျပန္ၿပီး လက္နက္နဲ႔ သတ္ျဖတ္ၿပီး ေျဖရွင္းတယ္ဆိုတာထက္ အျပဳသေဘာ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ေအာင္ ခြင့္လႊတ္ႏိုင္ေအာင္ေျဖရွင္းတာေတာ့ ပိုၿပီး ေကာင္းတယ္လို႔ ထင္ပါတယ္။ ”

၂၀၂၀ခုႏွစ္ ဇူလိုင္လအတြင္းကလည္း ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ ရွမ္းနီလူငယ္ႏွစ္ဦး ဖမ္းဆီးသတ္ျဖတ္ခံခဲ့တာနဲ႔ပတ္သက္ၿပီး KIA နဲ႔ ရွမ္းနီ ႏိုင္ငံေရး၊ လူမႈေရးအသင္းအဖြဲ႕ေတြအၾကား တင္းမာမႈရွိခဲ့သလို ညႇိႏႈိင္း ေျဖရွင္းခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ နာယက သတ်ဖြတ်ခံရမှုအတွက် KIA ကိုစွပ်စွဲ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ နာယက သတ်ဖြတ်ခံရမှုဟာ KIA လက်ချက်အဖြစ် ရှမ်းနီ အမျိုးသားတပ်မတော် SNA က စွပ်စွဲလိုက်ပါတယ်။ KIA ကတော့ အရပ်သားကို သတ်ဖြတ်ဖို့ မူဝါဒမရှိကြောင်း ငြင်းဆိုထားသလို ဒီသတ်ဖြတ်ကို စုံစမ်းဖြေရှင်းသွားမှာ ဖြစ်ကြောင်း တုံပြန်ထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုဇော်မိုးကျော် ပြောပြပေးမှာပါ။

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှာ ဇွန်လ ၂၅ရက်နေ့ ညနေပိုင်းက အမည်မသိ လက်နက်ကိုင် ၂ဦးက ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းဖေ (၆၁နှစ်)ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA လက်ချက်ဖြစ်တယ်လို့ ရှမ်းနီ အမျိုးသား တပ်မတော် SNAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ စုံစမ်းထားချက်အရ သုံးသပ်ကြည့်တာကတော့ KIA ကနေပဲ လုပ်တယ်လို့ ကျနော်တို့အနေနဲ့ သုံးသပ်လို့ ရပါတယ်။ ဘာကြောင့်လဲဆိုရင် ပြဿနာဖြစ်ထားတဲ့အချက်လေးတွေ ရှိနေတဲ့အခါကျတော့ KIA လက်ချက်အဖြစ်ပဲ ကျနော်တို့ယူလို့ ရပါတယ်ခင်ဗျ။ ”

SNA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဦးသန်းဖေဟာ ဖားကန့်မြို့နယ်ရှိ ရှမ်းနီတွေ နေထိုင်ရာကျေးရွာအဝင်မှာ ကချင်မနောတိုင် စိုက်ထူမှုနဲ့ စာသင်ကျောင်း ကိစ္စတွေနဲ့ ပတ်သက်လို့ ကချင် ဘာသာရေး ခေါင်းဆောင်တဦးနဲ့ စကားအချေအတင်ဖြစ်ခဲ့ပြီး အဲဒီ ညနေမှာပဲ သတ်ဖြတ်ခံရကြောင်း ဖော်ပြပါတယ်။ ဦးသန်းဖေဟာ အသက် ၆၀ ရှိပြီး နှစ်ပေါင်းများစွာ ရှမ်းနီ အရေး ဆောင်ရွက်နေသူဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ဖူးကြောင်းလည်း သိရပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIA မှာ အရပ်သားတွေ သတ်ဖြတ်တဲ့ မူဝါဒ မရှိကြောင်း ဗဟိုက ညွှန်ကြားတာမျိုးလည်းမရှိကြောင်း ပြောပါတယ်။

“ အဲဒီ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ KIO ကတော့ လုပ်ကြံဖို့၊ လူကို သတ်ဖို့ဆိုတဲ့ မူဝါဒတွေ မရှိဘူး။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ညွှန်ကြားတာ မရှိဘူး။ ဒုတိယအချက်ကတော့ ကျနော်တို့လည်း စစ်ဆေးနေတယ်။ မည်သူ မည်ဝါကနေ လုပ်တာလဲ။ နောက် ကျနော်တို့ ရှေ့တန်းက လူတွေများ လုပ်သလားပေါ့။ ကျနော်တို့ မဟုတ်လို့ရှိရင် ကျနော်တို့ သူတို့နဲ့ ပြန်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဟုတ်လို့ရှိရင်ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျနော်တို့လည်း ပြန်ပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။”

SNAက ဗိုလ်မှုးကြီး စိုင်းအောင်မိန်းက ဒီအဖြစ်အပျက်ဟာ လူမျိုးရေးပြဿနာကို ဦးတည်နေတာကြောင့် ပြင်းပြင်းထန်ထန် တားမြစ်ထားဖို့ လိုကြောင်း ဆက်ပြောပါတယ်။

“ ဒီလို မဖြစ်အောင် အရင်တုံးက ကျနော်တို့ ပြောဆိုခဲ့ဖူးတာရှိပါတယ်။ ဒီလိုလုပ်ရင် လူမျိုးရေး ပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကို သူတို့အနေနဲ့ ဆက်ပြီးတော့မှ ကျူးလွန်လာတဲ့အခါကျတော့ လူမျိုးရေး ပြဿနာကို တမင်ဖန်တီးပြီး လုပ်တယ်လို့ ကျနော်တို့အနေနဲ့ ယူဆလို့ ရပါတယ်။ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်အောင် သူတို့ဘက်ကနေ ပြင်းပြင်းထန်ထန်ကို တားမြစ်ထားမှ ရလိမ့်မယ်ဗျ။ ဒီလိုကိစ္စတွေက ကျနော်တို့ကနေ စတင်ပြီး ကျူးလွန်တာမဟုတ်ပါဘူး။ ”

ဗိုလ်မှူးကြီး နော်ဘူကတော့ ရှမ်းနဲ့ကချင်ဟာ ကချင်ပြည်နယ်က ဌာနေတိုင်းရင်းသားတွေ ဖြစ်တာကြောင့် လူမျိုးရေး ပဋိပက္ခဖြစ်စေတာမျိုးကို မလှုံ့ဆော်ကြဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

“ လူမျိုးရေး ပြဿနာတွေ ဖြစ်အောင်တော့ မလှုံ့ဆော်တာ အကောင်းဆုံးဖြစ်ပါတယ်။ ရှမ်းနဲ့ ကချင်ဆိုတဲ့ လူမျိုးရေးဖြစ်စေတဲ့ အသုံးအနှုန်းတွေကတော့ မလုပ်ကောင်းပါဘူး။ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေ၊ ကချင်တိုင်းရင်းသားတွေ အားလုံး အတူတူပါပဲ။ ကျနော်တို့ ကချင်ပြည်နယ်က ဌာနေသားတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ လူမျိုးရေး ပြဿနာဖြစ်အောင်ပေါ့နော် လှုံ့ဆော်တာတွေကတော့ မဖြစ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။”

ဖားကန့်ဒေသခံတစ်ဦးကတော့ လောလောဆယ် လူမျိုးရေးပြဿနာ ဖြစ်ပွားစေနိုင်မယ့် အရိပ်လက္ခဏာ မရှိကြောင်းနဲ့ အမှန်တကယ် KIA က သတ်ဖြတ်ခဲ့ရင်လည်း နှစ်ဘက်ညှိနှိုင်း ဖြေရှင်းစေလိုကြောင်း ပြောပါတယ်။

“ လောလောဆည်ကတော့ ရှမ်းနီနဲ့ လက်ရှိ ကချင် လူမျိုးစုထဲမှာတော့ လူမျိုးရေးအနေအထား တစ်စုံတစ်ရာတော့ အဲဒီ အရိပ်အငွေ့တွေတော့ မတွေ့ဘူးပေါ့။ ဒီလိုဖြစ်တဲ့အပေါ်မှာ တစ်ဦးတစ်ဖွဲ့ကလည်း ပြန်ပြီး လက်နက်နဲ့ သတ်ဖြတ်ပြီး ဖြေရှင်းတယ်ဆိုတာထက် အပြုသဘော တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ခွင့်လွှတ်နိုင်အောင်ဖြေရှင်းတာတော့ ပိုပြီး ကောင်းတယ်လို့ ထင်ပါတယ်။ ”

၂၀၂၀ခုနှစ် ဇူလိုင်လအတွင်းကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ရှမ်းနီလူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့တာနဲ့ပတ်သက်ပြီး KIA နဲ့ ရှမ်းနီ နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့တွေအကြား တင်းမာမှုရှိခဲ့သလို ညှိနှိုင်း ဖြေရှင်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG