သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းဝန္ႀကီးခ်ဳပ္ခရီးစဥ္ပါ COVID-19 သံသယႏွစ္ဦး ဓာတ္ခြဲအေျဖေစာင့္ေနဆဲ


သတင္းဓာတ္ပံု - Shan State Government Office's Website

(Zawgyi/Unicode)

ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္နဲ႔ အဖဲြ႔ COVID-19 ေရာဂါပိုး သံသယရိွသူနဲ႔ ထိေတြ႔ခဲ့တာေၾကာင့္ သီးျခားခဲြေစာင့္ၾကည့္ခံေနရတဲ့ အေျခေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္းက တင္ဆက္ေပးမွာပါ။

ရွမ္းျပည္နယ္္ အေရွ႕ပိုင္းခရီးစဥ္အတြင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႕အဖြဲ႔ဟာ COVID-19 သံသယရွိသူေတြနဲ႕ေတြ႕ဆုံအျပီး လွဴဒါန္းထားတဲ့ Test Kit စက္နဲ႔ ေဆးစစ္ၾကည့္ရာမွာ ခရီးစဥ္ပါ အဖဲြ႔၀င္ႏွစ္ဦးမွာ ေရာဂါလကၡဏာရိွေၾကာင္း ေတြ႔ရတာပါ။ ဒါေပမဲ့ အဲဒီ စမ္းသပ္ကိရိယာကို WHO ကမၻာ့က်န္းမာေရးအဖဲြ႔ေရာ ျမန္မာက်န္းမာေရးဌာနကပါ အသိအမွတ္ မျပဳတာေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕ ဓါတ္ခဲြနမူနာေတြကို က်န္းမာေရးဌာနရဲ႕ အမ်ိဳးသားဓါတ္ခြဲဌာနကို ေပးပို႔ၿပီးထပ္မံ အတည္ျပဳ စစ္ေဆးေနတာပါ။ အဲဒီကာလအတြင္းမွာ ျပည္နယ္၀န္ႀကီးခ်ဳပ္အပါအ၀င္ ခရီးစဥ္မွာ ပါ၀င္သူေတြကိုလည္း သီးျခားခဲြေစာင့္ၾကည့္ေနပါတယ္။

မူလစမ္းသပ္ခ်က္အရ လႊတ္ေတာ္ဥကၠ႒ ယာဥ္ေမာင္းႏွင့္ရွမ္းျပည္နယ္ ရဲမႉးခ်ဳပ္ PSOတို႔မွာ ေရာဂါလကၡဏာ Positive ေတြ႕ခဲ့တယ္လို႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာပါတယ္။

“လႊတ္ေတာ္ဥကၠ႒ရဲ႕ယာဥ္ေမာင္း ရဲမႉးခ်ဳပ္ရဲ႕ PSO။ က်ေနာ္ေျပာတဲ့ ခရီးသြားတယ္။ သြားျပီးျပန္လာခါနီးမွာ Test Kit နဲ႕ ေဆးစစ္လိုက္တယ္ေပါ့ေလ။ Test Kit က အလွဴရွင္ကလွဴထားတဲ့အခါက်ေတာ့ ဘက္ထဲမွာလည္း ပစၥည္းရွိတဲ့ အခါက်ေတာ့ စမ္းၾကည့္တဲ့သေဘာဆိုျပီး စမ္းလိုက္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ အားလုံးေပါင္း ၃၀ ေက်ာ္စမ္းပါတယ္။ ခဏ ေျပာတဲ့ ႏွစ္ေယာက္က မထင္မရွားေလး လကၡဏာေလးေပၚတဲ့အခါက်ေတာ့ ပိုျပီးေသခ်ာေအာင္ဆိုျပီးေတာ့ သူတို႕ကို က်ေနာ္တို႔က က်ိဳင္းတုံမွာရွိတဲ့ အေဆာင္ထဲမွာထားတယ္။ ထားျပီးေတာ့ အမ်ိဳးသားဓါတ္ခြဲကို ႏွာေခါင္းတို႕က အာေခါင္တို႕က ပို႕ေပးလိုက္တာေပါ့။”

ျပီးခဲ့တဲ့ဧျပီ ၁၇ ရက္ေန႕က ၀န္ၾကီးခ်ဳပ္အပါ၀င္အဖြဲ႕တို႕ဟာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းက်ိဳင္းတုံခရီးစဥ္အတြင္း တာခ်ီ လိတ္ေဆးရံုမွာ ဆရာ၀န္ ၁၀ ဦး အပါ၀င္က်န္းမာေရး၀န္ထမ္းအမ်ားအျပားဟာ COVID-19 Case 64 နဲ႔ ဆက္စပ္ေနသူ Quarantine လုပ္ေဆာင္ခံထားမွဳအေျခအေနကို လာေရာက္ၾကည့္ရႈ႕အားေပးရင္း အျပန္ခရီးမွာ အခုလိုျဖစ္ခဲ့တာလို႔ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းကေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာ တာခ်ီလိတ္ Case 64 နဲ႕ပက္သက္ျပီးေတာ့ ဆရာ၀န္ ၁၀ ေယာက္အပါအ၀င္ တာခ်ီလိတ္ေဆးရံုက ၀န္ထမ္း ၂၁ ေယာက္ Quarantine အလုပ္ခံထားရတယ္။ အဲဒီလိုအလုပ္ခံထားရတဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႕၀န္ထမ္းေတြအားလုံးကလည္း စိတ္အားငယ္ေနမွာပဲ ဆိုျပီးမွ က်ေနာ္တို႔က ဒီခရီးစဥ္ကို ဆြဲျပီးေတာ့သြားလိုက္တာေပါ့။ ကိုယ္က အျပင္မွာ အၾကာၾကီးေနခဲ့တဲ့အခါက်ေတာ့ ျပန္လာရင္ေရာဂါေတြမကူးေအာင္ဆိုျပီးေတာ့ ေနတဲ့သေဘာေပါ့ေနာ္။”

ရွမ္းျပည္နယ္ ၀န္ၾကီးခ်ဳပ္အပါ၀င္္ ၀န္ႀကီး ၄ ဦး လႊတ္ေတာ္ဥကၠ႒နဲ႔ ျပည္နယ္ ရဲမႉးခ်ဳပ္တို႔ဟာ COVID-19 သံသယရွိသူေတြနဲ႕ ထိစပ္ခဲ့မႈေၾကာင့္ self quarantine ဝင္ေနေၾကာင္း ကိုယ္တိုင္ပါ၀င္ခဲ့သူ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ၀န္ၾကီး ေဒါက္တာေအာင္သန္းေမာင္ က ေျပာပါတယ္။

“self quarantine ယူတာပါ။ အေရွ႕ပိုင္းခရီးစဥ္ျပန္လာေတာ့ self quarantine ယူတာေပါ့။ အားလုံးေကာင္းေကာင္း မြန္မြန္ပါ။ ေအးေအးေဆးေဆးပါ။”

ဧၿပီ ၂၁ ရက္ ပထမ သုတ္အေနနဲ႕ ေတာင္ႀကီးၿမိဳ႕မွာ ေနထုိင္သူအသက္ ၂၁ႏွစ္ အရြယ္ အမ်ိဳးသမီးတဦး COVID-19 ေရာဂါပိုးေတြ႕ရွိေၾကာင္း လက္ရွိမွာ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္း ေဆးရံုမွာ ေဆးကုသ ခံယူေနရျပီး အဂၤလန္ မွ ျပန္လာသူျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

လက္ရွိရွမ္းျပည္နယ္အတြင္းမွာ COVID-19 ဗိုင္းရပ္စ္ ေရာဂါလူနာေတြ႕ရွိသူ ၆ ဦးေတြ႕ရွိထားလို႕ ေဒသခံေတြကလည္း စိုးရိမ္ေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းဝန်ကြီးချုပ်ခရီးစဉ်ပါ COVID-19 သံသယနှစ်ဦး ဓာတ်ခွဲအဖြေစောင့်နေဆဲ

ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့အဖွဲ့ COVID-19 ရောဂါပိုး သံသယရှိသူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးခြားခွဲစောင့်ကြည့်ခံနေရတဲ့ အခြေနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်းက တင်ဆက်ပေးမှာပါ။

ရှမ်းပြည်နယ် အရှေ့ပိုင်းခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ COVID-19 သံသယရှိသူတွေနဲ့တွေ့ဆုံအပြီး လှူဒါန်းထားတဲ့ Test Kit စက်နဲ့ ဆေးစစ်ကြည့်ရာမှာ ခရီးစဉ်ပါ အဖွဲ့ဝင်နှစ်ဦးမှာ ရောဂါလက္ခဏာရှိကြောင်း တွေ့ရတာပါ။ ဒါပေမဲ့ အဲဒီ စမ်းသပ်ကိရိယာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရော မြန်မာကျန်းမာရေးဌာနကပါ အသိအမှတ် မပြုတာကြောင့် သူတို့နှစ်ဦးရဲ့ ဓါတ်ခွဲနမူနာတွေကို ကျန်းမာရေးဌာနရဲ့ အမျိုးသားဓါတ်ခွဲဌာနကို ပေးပို့ပြီးထပ်မံ အတည်ပြု စစ်ဆေးနေတာပါ။ အဲဒီကာလအတွင်းမှာ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ခရီးစဉ်မှာ ပါဝင်သူတွေကိုလည်း သီးခြားခွဲစောင့်ကြည့်နေပါတယ်။

မူလစမ်းသပ်ချက်အရ လွှတ်တော်ဥက္ကဋ္ဌ ယာဉ်မောင်းနှင့်ရှမ်းပြည်နယ် ရဲမှူးချုပ် PSOတို့မှာ ရောဂါလက္ခဏာ Positive တွေ့ခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌရဲ့ယာဉ်မောင်း ရဲမှူးချုပ်ရဲ့ PSO။ ကျနော်ပြောတဲ့ ခရီးသွားတယ်။ သွားပြီးပြန်လာခါနီးမှာ Test Kit နဲ့ ဆေးစစ်လိုက်တယ်ပေါ့လေ။ Test Kit က အလှူရှင်ကလှူထားတဲ့အခါကျတော့ ဘက်ထဲမှာလည်း ပစ္စည်းရှိတဲ့ အခါကျတော့ စမ်းကြည့်တဲ့သဘောဆိုပြီး စမ်းလိုက်တယ်ပေါ့နော်။ ကျနော်တို့ အားလုံးပေါင်း ၃၀ ကျော်စမ်းပါတယ်။ ခဏ ပြောတဲ့ နှစ်ယောက်က မထင်မရှားလေး လက္ခဏာလေးပေါ်တဲ့အခါကျတော့ ပိုပြီးသေချာအောင်ဆိုပြီးတော့ သူတို့ကို ကျနော်တို့က ကျိုင်းတုံမှာရှိတဲ့ အဆောင်ထဲမှာထားတယ်။ ထားပြီးတော့ အမျိုးသားဓါတ်ခွဲကို နှာခေါင်းတို့က အာခေါင်တို့က ပို့ပေးလိုက်တာပေါ့။”

ပြီးခဲ့တဲ့ဧပြီ ၁၇ ရက်နေ့က ဝန်ကြီးချုပ်အပါဝင်အဖွဲ့တို့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံခရီးစဉ်အတွင်း တာချီ လိတ်ဆေးရုံမှာ ဆရာဝန် ၁၀ ဦး အပါဝင်ကျန်းမာရေးဝန်ထမ်းအများအပြားဟာ COVID-19 Case 64 နဲ့ ဆက်စပ်နေသူ Quarantine လုပ်ဆောင်ခံထားမှုအခြေအနေကို လာရောက်ကြည့်ရှု့အားပေးရင်း အပြန်ခရီးမှာ အခုလိုဖြစ်ခဲ့တာလို့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကပြောပါတယ်။

“ကျနော်တို့ဆီမှာ တာချီလိတ် Case 64 နဲ့ပက်သက်ပြီးတော့ ဆရာဝန် ၁၀ ယောက်အပါအဝင် တာချီလိတ်ဆေးရုံက ဝန်ထမ်း ၂၁ ယောက် Quarantine အလုပ်ခံထားရတယ်။ အဲဒီလိုအလုပ်ခံထားရတဲ့အချိန်မှာ ကျွန်တော်တို့ဝန်ထမ်းတွေအားလုံးကလည်း စိတ်အားငယ်နေမှာပဲ ဆိုပြီးမှ ကျနော်တို့က ဒီခရီးစဉ်ကို ဆွဲပြီးတော့သွားလိုက်တာပေါ့။ ကိုယ်က အပြင်မှာ အကြာကြီးနေခဲ့တဲ့အခါကျတော့ ပြန်လာရင်ရောဂါတွေမကူးအောင်ဆိုပြီးတော့ နေတဲ့သဘောပေါ့နော်။”

ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါဝင် ဝန်ကြီး ၄ ဦး လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ် ရဲမှူးချုပ်တို့ဟာ COVID-19 သံသယရှိသူတွေနဲ့ ထိစပ်ခဲ့မှုကြောင့် self quarantine ဝင်နေကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာအောင်သန်းမောင် က ပြောပါတယ်။

“self quarantine ယူတာပါ။ အရှေ့ပိုင်းခရီးစဉ်ပြန်လာတော့ self quarantine ယူတာပေါ့။ အားလုံးကောင်းကောင်း မွန်မွန်ပါ။ အေးအေးဆေးဆေးပါ။”

ဧပြီ ၂၁ ရက် ပထမ သုတ်အနေနဲ့ တောင်ကြီးမြို့မှာ နေထိုင်သူအသက် ၂၁နှစ် အရွယ် အမျိုးသမီးတဦး COVID-19 ရောဂါပိုးတွေ့ရှိကြောင်း လက်ရှိမှာ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသ ခံယူနေရပြီး အင်္ဂလန် မှ ပြန်လာသူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

လက်ရှိရှမ်းပြည်နယ်အတွင်းမှာ COVID-19 ဗိုင်းရပ်စ် ရောဂါလူနာတွေ့ရှိသူ ၆ ဦးတွေ့ရှိထားလို့ ဒေသခံတွေကလည်း စိုးရိမ်နေကြတာပါ။

XS
SM
MD
LG