သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 နဲ႔ ရင္ဆိုင္ေနရခ်ိန္ သဘာဝေဘးအတြက္ ဘာေတြျပင္ထားၿပီးၿပီလဲ


ရန္ကုန္ၿမိဳ႕ လမ္းတခုတြင္ ပိုးသတ္ေဆးျဖန္းေနတဲ့ ၀တ္စံုျပည့္၀တ္ထားတဲ့ မီးသတ္၀န္ထမ္း တခ်ိဳ႕ (ဧၿပီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕လက္ရွိ ရာသီဥတုအေျခအေနနဲ႔ COVID-19 ေရာဂါျဖစ္ေနခ်ိန္မၾကာခင္ေရာက္ရွိေတာ့မယ့္ မိုးရာသီမွာ ျဖစ္လာႏိုင္တဲ့ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးေတြကို ဘယ္လို ေဆာင္႐ြက္ၾကမလဲဆိုတဲ့ အေၾကာင္းကို ေျပာျပမွာပါ။

ဒီႏွစ္မွာ မိုးရာသီက တစ္ႏိုင္ငံလုံး မိုးနည္းၿပီး အပူခ်ိန္ျမင့္မားႏိုင္တယ္လို႔ မိုးေလဝသ ပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာ အပူခ်ိန္ေတြျမင့္တာေၾကာင့္ မိုးတိမ္ေတာင္ေတြျဖစ္ၿပီး ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသေတြမွာ ဒီရက္ပိုင္းအတြင္း ေလျပင္းတိုက္တာ၊ မိုးသီးေႂကြတာ၊ လွ်ပ္စီးလက္ၿပီး မိုးႀကိဳးပစ္တာေတြ ျဖစ္ေနပါတယ္။

ဒီႏွစ္ မိုးနည္းႏိုင္တဲ့ အတြက္ အဓိက ျမစ္ႀကီးေတြမွာ ေရႀကီးေရလွ်ံမႈေတြ ေလ်ာ့နည္းႏိုင္ေပမယ့္ ေနရာကြက္ၿပီးေတာ့ ဒါမွမဟုတ္ ေဒသအလိုက္ မိုးသည္းထန္တာေတြ ျဖစ္ေပၚလာႏိုင္ေခ်မ်ားတဲ့အတြက္ လွ်ပ္တျပတ္ ေရႀကီးတာ၊ ေျမၿပိဳတာ၊ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္တာ၊ ေနအိမ္ ထိခိုက္တာေတြ ျဖစ္လာႏိုင္တဲ့အတြက္ အထူးအေလးထား ျပင္ဆင္ထားဖို႔လိုတယ္လို႔ မိုးေလဝသ ပညာရွင္ေတြက ဆိုပါတယ္။ ဒီလို မိုးနည္းတဲ့ အတြက္ စိုက္ပ်ိဳးေရးေတြလည္း ထိခိုက္လာႏိုင္ပါတယ္။

မိုးရာသီကာလမွာ သဘာဝ ေဘးအႏၲရာယ္ တစ္ခုခု ႀကဳံေတြ႕ရရင္ ကူညီကယ္ဆယ္မႈလုပ္တဲ့ေနရာ ေတြမွာ COVID-19 ကို ကာကြယ္ဖို႔ အတြက္ ဘာေတြႀကိဳတင္ျပင္ဆင္ထားဖို႔လိုအပ္သလဲ ဆိုတာကို မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက အခုလို ေျပာျပပါတယ္။

“ဒီမိုးရာသီ ကာလေတြ မုတ္သုန္ အဝင္ကာလေတြမွာ တစ္ခုခု ျဖစ္တဲ့ အေနအထားဆိုရင္ က်ေနာ္တို႔က ဒီ ေဘးသင့္တဲ့ ျပည္သူေတြကို က်ေနာ္တို႔က အရင္တုန္းက လိုမ်ိဳး ဒီ ကယ္ဆယ္ေရး စခန္းေတြမွာထားလို႔ မရေတာ့ပါဘူး။ အရင္ကေတာ့ စုစည္းၿပီးေတာ့ထားတယ္ ခု COVID-19 ျဖစ္ေနတဲ့ အခါက်ေတာ့ အရင္က တစ္ေနရာတည္းထားလို႔ရတာကို ခုက် ၃၊ ၄ ေနရာေလာက္ ခြဲၿပီး ထားရမယ့္ အေနအထားမ်ိဳးျဖစ္ေနတယ္ေပါ့ေႏွာ္။ သဘာဝေဘး ျဖစ္လာၿပီဆိုရင္ အေဆာက္အဦး တစ္ခုတည္းမွာ စုၿပဳံတိုးေနတာနဲ႔ စာရင္ ၃၊ ၄ ခုေလာက္ထားတာတို႔ အျခား လူစုခြဲၿပီးေတာ့မွ ထားႏိုင္တဲ့ ေနရာမ်ိဳးေလးေတြ ခုကတည္းက ႀကိဳတင္ျပင္ဆင္ထားဖို႔ေတာ့ လိုပါတယ္”

ေဘးအႏၲရယ္ ခံစားရသူေတြကို ေနရာခ်ထားေပးဖို႔ အေဆာက္အဦးေတြက ခ်က္ခ်င္းလုပ္ေဆာင္လို႔ ရတာေတြ မဟုတ္တဲ့အတြက္ ခုကတည္းက ထားလို႔ အဆင္ေျပႏိုင္မယ့္ စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြနဲ႔ အျခားေနရာေတြကို ျပင္ဆင္ေနၿပီ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

သဘာဝေဘးအႏၲရာယ္ေတြ ႀကဳံလာခ်ိန္မွာ ကယ္ဆယ္ေရးစခန္းေတြမွာ COVID-19 ကာလ က်န္းမာေရးႏွင့္ ပတ္သက္တဲ့ ေဆာင္ရန္ ေရွာင္ရန္ ကိစၥေတြကို အားလုံးသိႏိုင္ေစဖို႔ အသိပညာေပးတာေတြကိုလည္း လုပ္ေဆာင္ေနတဲ့အေၾကာင္း ဦးေက်ာ္မိုးဦးက ေျပာျပပါတယ္။

“မျပင္ဆင္ရေသးတဲ့ အပိုင္းဆိုတာမ်ိဳးက ဘာလဲဆိုေတာ့ ေအာက္ေျခထိကို ၫႊန္ၾကားၿပီးေတာ့ ဒီကယ္ဆယ္၇ေးစခန္းေတြကို သဘာဝေဘးျဖစ္လာရင္ စခန္းေတြခြဲထားႏိုင္ဖို႔ကို က်န္းမာေရးပိုင္းႏွင့္ ပတ္သက္ၿပီးေတာ့ အသိရွိၾကဖို႔အတြက္ကိုေပါ့ ေနာက္ သဘာဝေဘးႏွင့္ ပတ္သက္တဲ့ အသိေတြေပါ့၊ အကုန္လုံး ျပည္ျပည့္စုံစုံ လုံလုံေလာက္ေလာက္ ျပည္သူေတြအထဲမွာ အသိရွိေနဖို႔ကို လုပ္ေတာ့ လုပ္ေနတာပဲေပါ့ေနာ္။ အစိုးရဌာနေတြလည္းလုပ္ေနတယ္၊ NGO တို႔ INGO တို႔လည္း လုပ္ေနၾကတယ္ေပါ့ေနာ္။ အကုန္လုံးျပည့္ျပည့္စုံစုံ တစ္ႏိုင္ငံလုံး လြမ္းၿခဳံလားဆိုေတာ့ မၿခဳံႏိုင္ေသးဘူး။”

အခုလို COVID-19 ျဖစ္ပြားေနတဲ့ ကာလမွာ သဘာဝေဘး တုံ႔ျပန္မႈေတြ အေနနဲ႔ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေရး ကိစၥေတြ၊ Quarantine ေနရာေတြ၊ COVID-19 ကူးစက္ေရာဂါ ကုသေနတဲ့ ေနရာေတြမွာ သဘာဝေဘးအႏၲရာယ္ႀကိဳတင္ျပင္ဆင္ေရးနဲ႔အျပင္ Covid 19 ကူးစက္ေရာဂါဆိုင္ရာ အသိျဖန႔္ေဝမႈေတြကိုပါ အစိုးရဌာနဆိုင္ရာေတြ ပူးေပါင္းလုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 နဲ့ ရင်ဆိုင်နေရချိန် သဘာဝဘေးအတွက် ဘာတွေပြင်ထားပြီးပြီလဲ

မြန်မာနိုင်ငံရဲ့လက်ရှိ ရာသီဥတုအခြေအနေနဲ့ COVID-19 ရောဂါဖြစ်နေချိန်မကြာခင်ရောက်ရှိတော့မယ့် မိုးရာသီမှာ ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတွေကို ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ အကြောင်းကို ပြောပြမှာပါ။

ဒီနှစ်မှာ မိုးရာသီက တစ်နိုင်ငံလုံး မိုးနည်းပြီး အပူချိန်မြင့်မားနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အပူချိန်တွေမြင့်တာကြောင့် မိုးတိမ်တောင်တွေဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ ဒီရက်ပိုင်းအတွင်း လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်ပြီး မိုးကြိုးပစ်တာတွေ ဖြစ်နေပါတယ်။

ဒီနှစ် မိုးနည်းနိုင်တဲ့ အတွက် အဓိက မြစ်ကြီးတွေမှာ ရေကြီးရေလျှံမှုတွေ လျော့နည်းနိုင်ပေမယ့် နေရာကွက်ပြီးတော့ ဒါမှမဟုတ် ဒေသအလိုက် မိုးသည်းထန်တာတွေ ဖြစ်ပေါ်လာနိုင်ချေများတဲ့အတွက် လျှပ်တပြတ် ရေကြီးတာ၊ မြေပြိုတာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ နေအိမ် ထိခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် အထူးအလေးထား ပြင်ဆင်ထားဖို့လိုတယ်လို့ မိုးလေဝသ ပညာရှင်တွေက ဆိုပါတယ်။ ဒီလို မိုးနည်းတဲ့ အတွက် စိုက်ပျိုးရေးတွေလည်း ထိခိုက်လာနိုင်ပါတယ်။

မိုးရာသီကာလမှာ သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကြုံတွေ့ရရင် ကူညီကယ်ဆယ်မှုလုပ်တဲ့နေရာ တွေမှာ COVID-19 ကို ကာကွယ်ဖို့ အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သလဲ ဆိုတာကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အခုလို ပြောပြပါတယ်။

“ဒီမိုးရာသီ ကာလတွေ မုတ်သုန် အဝင်ကာလတွေမှာ တစ်ခုခု ဖြစ်တဲ့ အနေအထားဆိုရင် ကျနော်တို့က ဒီ ဘေးသင့်တဲ့ ပြည်သူတွေကို ကျနော်တို့က အရင်တုန်းက လိုမျိုး ဒီ ကယ်ဆယ်ရေး စခန်းတွေမှာထားလို့ မရတော့ပါဘူး။ အရင်ကတော့ စုစည်းပြီးတော့ထားတယ် ခု COVID-19 ဖြစ်နေတဲ့ အခါကျတော့ အရင်က တစ်နေရာတည်းထားလို့ရတာကို ခုကျ ၃၊ ၄ နေရာလောက် ခွဲပြီး ထားရမယ့် အနေအထားမျိုးဖြစ်နေတယ်ပေါ့နှော်။ သဘာဝဘေး ဖြစ်လာပြီဆိုရင် အဆောက်အဦး တစ်ခုတည်းမှာ စုပြုံတိုးနေတာနဲ့ စာရင် ၃၊ ၄ ခုလောက်ထားတာတို့ အခြား လူစုခွဲပြီးတော့မှ ထားနိုင်တဲ့ နေရာမျိုးလေးတွေ ခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါတယ်”

ဘေးအန္တရယ် ခံစားရသူတွေကို နေရာချထားပေးဖို့ အဆောက်အဦးတွေက ချက်ချင်းလုပ်ဆောင်လို့ ရတာတွေ မဟုတ်တဲ့အတွက် ခုကတည်းက ထားလို့ အဆင်ပြေနိုင်မယ့် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အခြားနေရာတွေကို ပြင်ဆင်နေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ကြုံလာချိန်မှာ ကယ်ဆယ်ရေးစခန်းတွေမှာ COVID-19 ကာလ ကျန်းမာရေးနှင့် ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန် ကိစ္စတွေကို အားလုံးသိနိုင်စေဖို့ အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်နေတဲ့အကြောင်း ဦးကျော်မိုးဦးက ပြောပြပါတယ်။

“မပြင်ဆင်ရသေးတဲ့ အပိုင်းဆိုတာမျိုးက ဘာလဲဆိုတော့ အောက်ခြေထိကို ညွှန်ကြားပြီးတော့ ဒီကယ်ဆယ်၇ေးစခန်းတွေကို သဘာဝဘေးဖြစ်လာရင် စခန်းတွေခွဲထားနိုင်ဖို့ကို ကျန်းမာရေးပိုင်းနှင့် ပတ်သက်ပြီးတော့ အသိရှိကြဖို့အတွက်ကိုပေါ့ နောက် သဘာဝဘေးနှင့် ပတ်သက်တဲ့ အသိတွေပေါ့၊ အကုန်လုံး ပြည်ပြည့်စုံစုံ လုံလုံလောက်လောက် ပြည်သူတွေအထဲမှာ အသိရှိနေဖို့ကို လုပ်တော့ လုပ်နေတာပဲပေါ့နော်။ အစိုးရဌာနတွေလည်းလုပ်နေတယ်၊ NGO တို့ INGO တို့လည်း လုပ်နေကြတယ်ပေါ့နော်။ အကုန်လုံးပြည့်ပြည့်စုံစုံ တစ်နိုင်ငံလုံး လွမ်းခြုံလားဆိုတော့ မခြုံနိုင်သေးဘူး။”

အခုလို COVID-19 ဖြစ်ပွားနေတဲ့ ကာလမှာ သဘာဝဘေး တုံ့ပြန်မှုတွေ အနေနဲ့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကိစ္စတွေ၊ Quarantine နေရာတွေ၊ COVID-19 ကူးစက်ရောဂါ ကုသနေတဲ့ နေရာတွေမှာ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့အပြင် Covid 19 ကူးစက်ရောဂါဆိုင်ရာ အသိဖြန့်ဝေမှုတွေကိုပါ အစိုးရဌာနဆိုင်ရာတွေ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG