သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသံတိတ္သပိတ္ လႈပ္ရွားမယ့္ သူေတြကုိ စစ္ေကာင္စီ သတိေပး


Myanmar (ယခင္မွတ္တမ္းဓါတ္ပုံ)

အသံတိတ္သပိတ္ လႈပ္ရွားမယ့္ သူေတြကုိ စစ္ေကာင္စီ သတိေပး

{{Zawgyi/Unicode}}

စစ္တပ္ကအာဏာသိမ္းတာ ၁ ႏွစ္ျပည့္အျဖစ္ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ေသြးမထြက္တဲ့ ဆန႔္က်င္ဆႏၵျပ လႈပ္ရွားမႈအျဖစ္ Silent Strike (အသံတိတ္သပိတ္) မွာပူးေပါင္းပါဝင္သူ၊ သပိတ္မွာ ပါဝင္လာဖို႔ စည္း ႐ုံးသူ ေတြကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ အပါအဝင္ ႏွစ္ ရွည္ေထာင္ခ် ႏိုင္တဲ့ ဥပေဒေတြနဲ႔ ျပင္းျပင္း ထန္ထန္ အေရးယူမယ္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ လိုက္ပါတယ္။ ဒီလိုထုတ္ျပန္ လိုက္တာက ျပည္သူတဦးခ်င္းဆီရဲ႕ လြတ္လပ္ခြင့္ကို ဘယ္ေလာက္ထိခိုက္ ေစပါသလဲ။ ထုတ္ျပန္ ခ်က္ေတြက ဥပေဒနဲ႔ညီပါရဲ႕လား ဆိုတာနဲ႔ပတ္သတ္ လို႔ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကုိေအာင္လြင္ဦးကေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရ ဆီကေန စစ္တပ္က အာဏာသိမ္း ယူခဲ့တာ တႏွစ္ျပည့္တဲ့ လာမယ့္ ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာ တႏိုင္ငံလုံး စစ္အာဏာသိမ္းမႈကုိ ဆန႔္က်င္တဲ့ Silent Strike (အသံတိတ္သပိတ္) လႈပ္ရွားၾကဖို႔ လူမႈကြန္ရက္ေတြမွာ တက္ၾကြလႈပ္ရွားသူေတြ တုိက္တြန္းေနခ်ိန္မွာပဲ စစ္ေကာင္စီရဲ႕ သတိေပးခ်က္ ထြက္ေပၚလာတာပါ။ အသံတိတ္သပိတ္ လႈပ္ရွားမႈမွာ ပါ၀င္သူေတြ၊ စည္း႐ုံးသူေတြကုိ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ အပါအဝင္ ႏွစ္ရွည္ေထာင္ခ် ႏိုင္တဲ့ ဥပေဒေတြနဲ႔ ျပင္းျပင္းထန္ထန္ အေရးယူမွာျဖစ္ေၾကာင္း သတိေပးလုိက္တာဟာ ဥပေဒနဲ႔မညီဘူးလုိ႔ တရားလႊတ္ေတာ္ေရွ႕ေန တဦးက ေဝဖန္လုိက္ပါတယ္။

" ႏိုင္ငံသားတဦးက သူ႔အိမ္ထဲမွာ အိမ္ျပင္ကိုမထြက္ဘူး။ တိတ္တိတ္ဆိတ္ဆိတ္ေနတယ္ဆိုတာသည္ ဒါရာဇဝတ္မႈမွမဟုတ္တာ။ ၾကည့္လိုက္ေတာ့ ၁၂၄-ကဆိုတာက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈေပါ့။ အီလက္ထေရာနစ္ဆက္သြယ္ေရး ၃၃ (က)ဆိုတာကလည္း ဒါနဲ႔တူတူပါဘဲ. ၅၀၅-က ဆိုတာကလည္း ျပဌာန္းခ်က္အရဆို Silent Strike နဲ႔ အက်ဳံးမဝင္ဘူး. ဒီျပဌာန္းခ်က္က ဥပေဒနဲ႔ညီၫႊတ္စရာအေၾကာင္းမရွိဘူး. ဘာလို႔ဆို မူရင္းဥပေဒမွာကိုက ပါဝင္မထားတဲ့ အခ်က္အလက္ေတြ ေကာက္ယူၿပီးေတာ့မွ ဒါနဲ႔ ခ်ိတ္ဆက္မရရေအာင္ ဆြဲမယ္ဆိုရင္ေတာ့လည္း လတ္တေလာအေနအထားအရ ဖမ္းခံဆိုလဲဖမ္းခံရမယ္။ ေထာင္ခ်ခံရမယ္ဆိုလဲ ေထာင္ခ်ခံရမယ္ဆိုေတာ့ အဖမ္းေတာ့ခံရမွာေပါ့။ ဒါမယ့္ႏိုင္ငံတကာဥပေဒသမားဘဲေမးေမး ျပည္တြင္းဥပေဒသမားဘဲေမးေမး ဒီေဆာင္ ႐ြက္ခ်က္က ဥပေဒနဲ႔ညီတယ္လို႔ ဘယ္သူမွမေျပာဘူး။ ဘယ္သူမွလည္းေထာက္ခံမွာမဟုတ္ဘူး "

စစ္ေကာင္စီကေတာ့ Silent Strike (အသံတိတ္သပိတ္) ျပဳလုပ္တာ၊ လက္ခုပ္တီး၊ သံပုံးတီးတာ၊ ကားဟြန္းတီးတာ စတဲ့ ဆန္႔က်င္လႈပ္ရွားမႈေတြမွာ ပါ၀င္ပတ္သက္သူေတြကုိ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-က၊ ပုဒ္မ၅၀၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရးဥပ‌ေဒပုဒ္မ ၃၃(က) အျပင္ တျခား တည္ဆဲဥပေဒေတြနဲ႔ပါ အေရးယူမယ္လို႔ အဂၤါေန႔မွာပဲ သတိေပးခ်က္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

တကသေက်ာင္းသားေဟာင္းအင္အားစုက ေက်ာင္းသားေခါင္းေဆာင္ ကိုပိုင္ရဲသူကေတာ့ စစ္ေကာင္စီရဲ႕လုပ္ရပ္ဟာ ႏိုင္ငံသား ေတြရဲ႕ မူလ အခြင့္အေရးကုိ ခ်ဳိးေဖာက္တဲ့လုပ္ရပ္လုိ႔ ဆုိပါတယ္။

"အဓိကကေတာ့ လူတေယာက္ကဗ်ာ သူ႔ရဲ႕ေမြးလာကတည္းက သူ႔အခြင့္အေရးနဲ႔ သူ လူ႔ဂုဏ္သိကၡာဆိုတာ ရွိထားၿပီးသား။ က်ေနာ္တို႔မွာ က်ေနာ္တို႔သြားျခင္းလာျခင္းေတြ စားျခင္းေသာက္ျခင္းေတြ၊ အရာရာတိုင္းကက်ေနာ္တို႔ပိုင္တယ္။ ကိုယ္ရပ္ခ်င္ရပ္လို႔ရ တယ္။ ကိုယ္သြားခ်င္သြားရတယ္ အမ်ားျပည္သူမထိခိုက္ရင္ ကိုယ္ႀကိဳက္တာလုပ္ခြင့္ရွိတယ္။ ဒါက ႏိုင္ငံသားေတြမွာ ပါလာတဲ့မူလ အခြင့္အေရးေတြေပါ့။ အဲဒါအေပၚ စစ္ေကာင္စီကလိုက္လံၿပီးေတာ့ ဆိုင္ဖြင့္ရမယ္ေတြ၊ မဖြင့္ရဘူးပိတ္ရမယ္ေတြ၊ မပိတ္ရဘူးဆိုတဲ့ဟာ မ်ိဳးေတြလိုက္လုပ္တဲ့ဟာက စစ္ေကာင္စီအေနနဲ႔ လူ႔အခြင့္အေရးနဲ႔ ဂုဏ္သိကၡာကိုအတင္းအဓမၼခ်ိဳးေဖာက္တာလို႔ျမင္တယ္။ က်ေနာ္တို႔ က က်ေနာ္တို႔အခြင့္အေရးအေပၚရပ္တည္ရမွာပါ။ က်ေနာ္တို႔ဘာလုပ္မွာလဲ က်ေနာ္တို႔ရပ္တန္႔မွာလား။ အဲဒါဆိုရပ္မယ္။ သြားမွာလား သြားလိုက္မယ္။ ဆိုင္ဖြင့္မလားဖြင့္လိုက္မယ္။ ပိတ္မလားပိတ္လိုက္မယ္။ ကိုယ့္ရဲ႕မူလ ရပ္တည္မႈကိုျပည္သူေတြကရပ္တည္ရမွာျဖစ္ပါတယ္။ အဲေပၚမွာစစ္ေကာင္စီဖိႏွိပ္မႈေတြအကုန္လုံးက စစ္ေကာင္စီနဲ႔သက္ဆိုင္တယ္။ ဒီလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အကုန္လုံးကေပါ့"

စစ္ေကာင္စီဘက္ကတရားစြဲမယ့္ ပုဒ္မေတြရဲ႕ အျမင့္ဆုံးျပစ္ဒဏ္ေတြကေတာ့ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က)က ေထာင္ဒဏ္ ၁၀ႏွစ္ ၊ ႏိုင္ငံေတာ္အၾကည္အညိဳ ပ်က္ေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-က ေထာင္ဒဏ္ ႏွစ္ ၂၀ထိ ၊တပ္မေတာ္အၾကည္ညိဳ ပ်က္ ေအာင္လုပ္ေဆာင္မႈ ၅၀၅-ကအီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ ေရးဥပ‌ေဒပုဒ္မ ၃၃(က) တို႔ကေတာ့ ေထာင္ ၃ႏွစ္ ခ်မွတ္ ႏိုင္ပါတယ္။

အသံတိတ္သပိတ္ လႈပ္ရွားမႈမွာ ပါ၀င္သူေတြကုိ တည္ဆဲဥပေဒေတြနဲ႔ တရားစြဲဆိုမွာျဖစ္ၿပီး ျပစ္မႈနဲ႔ သက္ဆိုင္တဲ့ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္းေတြကိုအၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရ ျပစ္မႈထင္ရွားရင္ ႏိုင္ငံဘ႑ာအျဖစ္ သိမ္းဆည္းမယ္လို႔လည္း သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ မတ္လနဲ႔ ဒီဇင္ဘာလေတြမွာလည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ အသံတိတ္သပိတ္ လႈပ္ရွားမႈေတြ ရွိခဲ့ရာမွာ အာဏာပုိင္ေတြက ပါ၀င္သူေတြကုိ အေရးယူတာေတြ၊ ပစၥည္းသိမ္းယူတာေတြ ရွိခဲ့တယ္လုိ႔လည္း တက္ၾကြလႈပ္ရွားသူေတြက ေျပာပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္

အသံတိတ်သပိတ် လှုပ်ရှားမယ့် သူတွေကို စစ်ကောင်စီ သတိပေး

{{Unicode}}

စစ်တပ်ကအာဏာသိမ်းတာ ၁ နှစ်ပြည့်အဖြစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို သွေးမထွက်တဲ့ ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုအဖြစ် Silent Strike (အသံတိတ်သပိတ်) မှာပူးပေါင်းပါဝင်သူ၊ သပိတ်မှာ ပါဝင်လာဖို့ စည်း ရုံးသူ တွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အပါအဝင် နှစ် ရှည်ထောင်ချ နိုင်တဲ့ ဥပဒေတွေနဲ့ ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန် လိုက်ပါတယ်။ ဒီလိုထုတ်ပြန် လိုက်တာက ပြည်သူတဦးချင်းဆီရဲ့ လွတ်လပ်ခွင့်ကို ဘယ်လောက်ထိခိုက် စေပါသလဲ။ ထုတ်ပြန် ချက်တွေက ဥပဒေနဲ့ညီပါရဲ့လား ဆိုတာနဲ့ပတ်သတ် လို့ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုအောင်လွင်ဦးကပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ဆီကနေ စစ်တပ်က အာဏာသိမ်း ယူခဲ့တာ တနှစ်ပြည့်တဲ့ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ တနိုင်ငံလုံး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ Silent Strike (အသံတိတ်သပိတ်) လှုပ်ရှားကြဖို့ လူမှုကွန်ရက်တွေမှာ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းနေချိန်မှာပဲ စစ်ကောင်စီရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။ အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ စည်းရုံးသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အပါအဝင် နှစ်ရှည်ထောင်ချ နိုင်တဲ့ ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ကြောင်း သတိပေးလိုက်တာဟာ ဥပဒေနဲ့မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ တဦးက ဝေဖန်လိုက်ပါတယ်။

" နိုင်ငံသားတဦးက သူ့အိမ်ထဲမှာ အိမ်ပြင်ကိုမထွက်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နေတယ်ဆိုတာသည် ဒါရာဇဝတ်မှုမှမဟုတ်တာ။ ကြည့်လိုက်တော့ ၁၂၄-ကဆိုတာက နိုင်ငံတော်အကြည်ညိုပျက်စေမှုပေါ့။ အီလက်ထရောနစ်ဆက်သွယ်ရေး ၃၃ (က)ဆိုတာကလည်း ဒါနဲ့တူတူပါဘဲ. ၅၀၅-က ဆိုတာကလည်း ပြဌာန်းချက်အရဆို Silent Strike နဲ့ အကျုံးမဝင်ဘူး. ဒီပြဌာန်းချက်က ဥပဒေနဲ့ညီညွှတ်စရာအကြောင်းမရှိဘူး. ဘာလို့ဆို မူရင်းဥပဒေမှာကိုက ပါဝင်မထားတဲ့ အချက်အလက်တွေ ကောက်ယူပြီးတော့မှ ဒါနဲ့ ချိတ်ဆက်မရရအောင် ဆွဲမယ်ဆိုရင်တော့လည်း လတ်တလောအနေအထားအရ ဖမ်းခံဆိုလဲဖမ်းခံရမယ်။ ထောင်ချခံရမယ်ဆိုလဲ ထောင်ချခံရမယ်ဆိုတော့ အဖမ်းတော့ခံရမှာပေါ့။ ဒါမယ့်နိုင်ငံတကာဥပဒေသမားဘဲမေးမေး ပြည်တွင်းဥပဒေသမားဘဲမေးမေး ဒီဆောင် ရွက်ချက်က ဥပဒေနဲ့ညီတယ်လို့ ဘယ်သူမှမပြောဘူး။ ဘယ်သူမှလည်းထောက်ခံမှာမဟုတ်ဘူး "

စစ်ကောင်စီကတော့ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်တာ၊ လက်ခုပ်တီး၊ သံပုံးတီးတာ၊ ကားဟွန်းတီးတာ စတဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပ‌ဒေပုဒ်မ ၃၃(က) အပြင် တခြား တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ အင်္ဂါနေ့မှာပဲ သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တကသကျောင်းသားဟောင်းအင်အားစုက ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူကတော့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံသား တွေရဲ့ မူလ အခွင့်အရေးကို ချိုးဖောက်တဲ့လုပ်ရပ်လို့ ဆိုပါတယ်။

"အဓိကကတော့ လူတယောက်ကဗျာ သူ့ရဲ့မွေးလာကတည်းက သူ့အခွင့်အရေးနဲ့ သူ လူ့ဂုဏ်သိက္ခာဆိုတာ ရှိထားပြီးသား။ ကျနော်တို့မှာ ကျနော်တို့သွားခြင်းလာခြင်းတွေ စားခြင်းသောက်ခြင်းတွေ၊ အရာရာတိုင်းကကျနော်တို့ပိုင်တယ်။ ကိုယ်ရပ်ချင်ရပ်လို့ရ တယ်။ ကိုယ်သွားချင်သွားရတယ် အများပြည်သူမထိခိုက်ရင် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ်။ ဒါက နိုင်ငံသားတွေမှာ ပါလာတဲ့မူလ အခွင့်အရေးတွေပေါ့။ အဲဒါအပေါ် စစ်ကောင်စီကလိုက်လံပြီးတော့ ဆိုင်ဖွင့်ရမယ်တွေ၊ မဖွင့်ရဘူးပိတ်ရမယ်တွေ၊ မပိတ်ရဘူးဆိုတဲ့ဟာ မျိုးတွေလိုက်လုပ်တဲ့ဟာက စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကိုအတင်းအဓမ္မချိုးဖောက်တာလို့မြင်တယ်။ ကျနော်တို့ က ကျနော်တို့အခွင့်အရေးအပေါ်ရပ်တည်ရမှာပါ။ ကျနော်တို့ဘာလုပ်မှာလဲ ကျနော်တို့ရပ်တန့်မှာလား။ အဲဒါဆိုရပ်မယ်။ သွားမှာလား သွားလိုက်မယ်။ ဆိုင်ဖွင့်မလားဖွင့်လိုက်မယ်။ ပိတ်မလားပိတ်လိုက်မယ်။ ကိုယ့်ရဲ့မူလ ရပ်တည်မှုကိုပြည်သူတွေကရပ်တည်ရမှာဖြစ်ပါတယ်။ အဲပေါ်မှာစစ်ကောင်စီဖိနှိပ်မှုတွေအကုန်လုံးက စစ်ကောင်စီနဲ့သက်ဆိုင်တယ်။ ဒီလူ့အခွင့်အရေးချိုးဖောက်မှု အကုန်လုံးကပေါ့"

စစ်ကောင်စီဘက်ကတရားစွဲမယ့် ပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)က ထောင်ဒဏ် ၁၀နှစ် ၊ နိုင်ငံတော်အကြည်အညို ပျက်အောင် လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ထောင်ဒဏ် နှစ် ၂၀ထိ ၊တပ်မတော်အကြည်ညို ပျက် အောင်လုပ်ဆောင်မှု ၅၀၅-ကအီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် ရေးဥပ‌ဒေပုဒ်မ ၃၃(က) တို့ကတော့ ထောင် ၃နှစ် ချမှတ် နိုင်ပါတယ်။

အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်သူတွေကို တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုမှာဖြစ်ပြီး ပြစ်မှုနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုထင်ရှားရင် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုတွေ ရှိခဲ့ရာမှာ အာဏာပိုင်တွေက ပါဝင်သူတွေကို အရေးယူတာတွေ၊ ပစ္စည်းသိမ်းယူတာတွေ ရှိခဲ့တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG