သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်မှုနဲ့ အမျိုးသမီးတယောက်ကို စင်ကာပူမှာ ကြိုးပေးကွပ်မျက်


စင်ကာပူ
စင်ကာပူ

စင်ကာပူနိုင်ငံမှာ အမျိုးသမီးတယောက်ကို ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ စင်ကာပူမှာ မူးယစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အမှုတွေအပေါ် သေဒဏ်ပေးတာကို အဆုံးသတ်ဖို့ လှုပ်ရှားသူတွေ တောင်းဆိုနေကြတဲ့ကြားက အသက် ၄၅ နှစ်အရွယ် အမျိုးသမီး Saridewi Djamani ကို ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။ ဘိန်းဖြူ ၃၁ ဂရမ်နီးပါး လက်ဝယ်တွေ့မှုနဲ့ သူ့ကို ၂၀၁၈ ခုနှစ်ထဲက သေဒဏ်ချမှတ်ထားတာဖြစ်တယ်လို့ မူးယစ်ဗဟိုဌာနက ပြောပါတယ်။

ဒါဟာ စင်ကာပူမှာ အခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက် ကြိုးပေးကွပ်မျက်မှု ဖြစ်ပါတယ်။ ရှေ့သီတင်းပတ်ထဲမှာလည်း မူးယစ်မှုနဲ့ နောက်တယောက်ကို ကြိုးပေးဖို့ရှိတယ်လို့ သေဒဏ်ပေးမှု အဆုံးသတ်ဖို့ လှုပ်ရှားနေကြသူတွေက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ မူးယစ်ဆေး အရောင်းအဝယ်မလုပ်နိုင်အောင် သေဒဏ်အထိ ပြစ်ဒဏ်ပြင်းပြင်းထန်ထန် ပေးဖို့လိုအပ်တယ်လို့ စင်ကာပူအာဏာပိုင်တွေက ပြောပါတယ်။ ကြိုးပေးကွပ်မျက်မှုကို ၂၀၂၂ ခုနှစ် မတ်လမှာ ပြန်လည်စတင်ခဲ့ပြီးကတည်းက ကွပ်မျက်ခံရသူ ၁၅ ယောက်ရှိသွားပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ လစဉ် ၁ ယောက်နှုန်း ကွပ်မျက်နေတာဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG