{{Zawgyi/Unicode}}
စစ္အာဏာသိမ္းၿပီး ႏိုင္ငံေရး အက်ပ္အတည္း ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေအာင္ စကၤာပူႏိုင္ငံက ဘ႑ာေရးအရွိန္အဝါသုံးၿပီး စစ္ေခါင္းေဆာင္ေတြကို ဖိအားေပးႏိုင္ေၾကာင္း အေမရိကန္သံတမန္ တေယာက္က ေျပာလိုက္ပါတယ္။
အာရွတိုက္မွာ ႁခြတ္ျခံဳက်တဲ့ ႏိုင္ငံတခု ျဖစ္လာမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲေတြျဖစ္ဖို႔ ေဒသတြင္းႏိုင္ငံေတြနဲ႔ လက္တဲြႀကိဳးပမ္းဖို႔ အေရးႀကီးေၾကာင္း အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္ကေန ၾကာသပေတးေန႔က အြန္လိုင္းေဆြးေႏြးရာမွာ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Derek Chollet ကေျပာဆိုလိုက္တာပါ။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိ္ုင္ငံမွာ စစ္အာဏာသိမ္းမႈအတြက္ တာ၀န္ရွိသူေတြနဲ႔ ပတ္သက္ ဆက္ႏြယ္ေနသူေတြကို အေမရိကန္က အေရးယူဒဏ္ခတ္တာေတြ ရွိေနေၾကာင္း ေျပာဆိုခဲ့သလို၊ စကၤာပူ ႏိုင္ငံအေနနဲ႔လည္း အလားတူ လုပ္ႏိုင္စြမ္း ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ျမန္မာစစ္ေခါင္းေဆာင္ေတြရဲ႕ ျပည္ပမွာ ရွိေနတဲ့ ေငြေၾကးပိုင္ဆိုင္မႈေတြကုိ ကန္႔သတ္နိုင္မယ့္ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔လည္း စကၤာပူဘ႑ာေရးဆိုင္ရာ အရာရွိေတြနဲ႔ေဆြးေႏြးခဲ့ေၾကာင္း ဗုဒၶဟူးေန႔က Twitter လူမႈကြန္ရက္ကေန ေျပာဆိုခဲ့တာပါ။
အေမရိကန္ သံတမန္ရဲ႕ ေျပာၾကားခ်က္အေပၚ စကၤာပူႏိုင္ငံကေတာ့ တုံ႔ျပန္မွတ္ခ်က္ေပးတာ မရွိေသးပါဘူး။
အေမရိကန္ ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Chollet ရဲ႕ အေရွ႕ေတာင္အာရွေဒသ ခရီးစဥ္အတြင္း ျမန္မာ့အေရး အာ႐ုံစိုက္ဖို႔ ရွိေၾကာင္းလည္း ခရီးစဥ္မတိုင္ခင္မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
.......................................
{{Unicode}}
စစ်အာဏာသိမ်းပြီး နိုင်ငံရေး အကျပ်အတည်း ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် စင်္ကာပူနိုင်ငံက ဘဏ္ဍာရေးအရှိန်အဝါသုံးပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးနိုင်ကြောင်း အမေရိကန်သံတမန် တယောက်က ပြောလိုက်ပါတယ်။
အာရှတိုက်မှာ ခြွတ်ခြုံကျတဲ့ နိုင်ငံတခု ဖြစ်လာမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲကြိုးပမ်းဖို့ အရေးကြီးကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကနေ ကြာသပတေးနေ့က အွန်လိုင်းဆွေးနွေးရာမှာ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ကပြောဆိုလိုက်တာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေနဲ့ ပတ်သက် ဆက်နွယ်နေသူတွေကို အမေရိကန်က အရေးယူဒဏ်ခတ်တာတွေ ရှိနေကြောင်း ပြောဆိုခဲ့သလို၊ စင်္ကာပူ နိုင်ငံအနေနဲ့လည်း အလားတူ လုပ်နိုင်စွမ်း ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ပြည်ပမှာ ရှိနေတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း စင်္ကာပူဘဏ္ဍာရေးဆိုင်ရာ အရာရှိတွေနဲ့ဆွေးနွေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တာပါ။
အမေရိကန် သံတမန်ရဲ့ ပြောကြားချက်အပေါ် စင်္ကာပူနိုင်ငံကတော့ တုံ့ပြန်မှတ်ချက်ပေးတာ မရှိသေးပါဘူး။
အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Chollet ရဲ့ အရှေ့တောင်အာရှဒေသ ခရီးစဉ်အတွင်း မြန်မာ့အရေး အာရုံစိုက်ဖို့ ရှိကြောင်းလည်း ခရီးစဉ်မတိုင်ခင်မှာပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။