သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စင္ကာပူဝန္ႀကီးခ်ဳပ္ရာထူး ဘ႑ာေရးဝန္ႀကီး Wong ဆက္ခံဖို႔ရွိ


စင္ကာပူဘ႑ာေရးဝန္ႀကီး Lawrence Wong.

(Zawgyi / Unicode)

စင္ကာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong က သူ႔ေနရာကို ဆက္ခံ တာဝန္ယူမယ့္သူဟာ ဘ႑ာေရးဝန္ႀကီး Lawrence Wong ျဖစ္တယ္လို႔ မေန႔ စေနေန႔က ေျပာဆိုလိုက္ပါတယ္။

"က်ေနာ္ကေတာ့ အသက္ ၇ဝ ထဲ ေရာက္ေနပါၿပီ။ Lawrence Wong အေနနဲ႔ အဆင္သင့္ျဖစ္ၿပီ ဆိုတာနဲ႔ ႏိုင္ငံတာဝန္ေတြကို လႊဲေျပာင္းေပးဖို႔ လုပ္မွာျဖစ္ေၾကာင္း” လက္ရွိဝန္ႀကီးခ်ဳပ္ Lee Hsien Loong က သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။

Wong ကို စင္ကာပူ အာဏာရ ျပည္သူ႔လႈပ္ရွားမႈပါတီ (PAP) ရဲ႕ စတုတၳမ်ဳိးဆက္အဖြဲ႔ ေခါင္းေဆာင္အျဖစ္ ၾကာသပေတးေန႔က ေရြးခ်ယ္လိုက္တာေၾကာင့္ သူဟာ ဝန္ႀကီးခ်ဳပ္ရာထူးကို ဆက္ခံဖို႔ ျဖစ္လာတာပါ။

၂ဝဝ၄ ခုႏွစ္ကတည္းကေန လက္ရွိအခ်ိန္အထိ ဝန္ႀကီးခ်ဳပ္တာဝန္ယူထားတဲ့ Lee Hsien Loong ဟာ စင္ကာပူႏုိင္ငံရဲ႕လြတ္လပ္ေရးေခါင္းေဆာင္ႀကီး Lee Kwan Yew ရဲ႕ သားျဖစ္ပါတယ္။ လာမယ့္ အေထြေထြေရြးေကာက္ပြဲမွာ သူ႔အေနနဲ႔ ဒါမွမဟုတ္ Wong အေနနဲ႔ လက္ရွိအာဏာရပါတီကို ဦးေဆာင္မလား ဆိုတာကို ေနာက္ပိုင္းမွာ ဆုံးျဖတ္မယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Lee Hsien Loong က ေျပာပါတယ္။

စင္ကာပူႏိုင္ငံ ႂကြယ္ဝခ်မ္းသာလာတဲ့ အေၾကာင္းခ်က္ထဲမွာ တည္ၿငိမ္မႈရွိျခင္းက အဓိကျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြအတြက္ အေကာင္းဆုံး အခင္းအက်င္းလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

စင်ကာပူဝန်ကြီးချုပ်ရာထူး ဘဏ္ဍာရေးဝန်ကြီး Wong ဆက်ခံဖို့ရှိ

စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong က သူ့နေရာကို ဆက်ခံ တာဝန်ယူမယ့်သူဟာ ဘဏ္ဍာရေးဝန်ကြီး Lawrence Wong ဖြစ်တယ်လို့ မနေ့ စနေနေ့က ပြောဆိုလိုက်ပါတယ်။

"ကျနော်ကတော့ အသက် ၇ဝ ထဲ ရောက်နေပါပြီ။ Lawrence Wong အနေနဲ့ အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ နိုင်ငံတာဝန်တွေကို လွှဲပြောင်းပေးဖို့ လုပ်မှာဖြစ်ကြောင်း” လက်ရှိဝန်ကြီးချုပ် Lee Hsien Loong က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

Wong ကို စင်ကာပူ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ရဲ့ စတုတ္ထမျိုးဆက်အဖွဲ့ ခေါင်းဆောင်အဖြစ် ကြာသပတေးနေ့က ရွေးချယ်လိုက်တာကြောင့် သူဟာ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံဖို့ ဖြစ်လာတာပါ။

၂ဝဝ၄ ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ Lee Hsien Loong ဟာ စင်ကာပူနိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီး Lee Kwan Yew ရဲ့ သားဖြစ်ပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ သူ့အနေနဲ့ ဒါမှမဟုတ် Wong အနေနဲ့ လက်ရှိအာဏာရပါတီကို ဦးဆောင်မလား ဆိုတာကို နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့လည်း ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။

စင်ကာပူနိုင်ငံ ကြွယ်ဝချမ်းသာလာတဲ့ အကြောင်းချက်ထဲမှာ တည်ငြိမ်မှုရှိခြင်းက အဓိကဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကောင်းဆုံး အခင်းအကျင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG