သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရီလင်္ကာမှာ သွေးလွန်တုပ်ကွေးကြောင့် လူ ၃၀၀ နီးပါးသေဆုံး


သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးတာကြောင့် လူ ၃၀၀ နီးပါး သေဆုံးသွားပြီး နောက်ထပ်ရောဂါ ဖြစ်ပွါးသူတွေလည်း တိုးလာနေပါတယ်။ ဒီနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်မှု ၁ သိန်း ၃ ထောင်ကျော်ရှိပြီး ၂၉၆ ဦးသေဆုံးတယ်လို့ သီရိလင်္ကာကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက လူပေါင်း ၅၅၁၅၀ လောက် သွေးလွန်တုပ်ကွေးဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ သွေးလွန်တုပ်ကွေးဖြစ်သူပေါင်း ၂ ဆ နီးပါးတိုးလာတာပါ။ အခုအခါမှာ သီရိလင်္ကာ ကြက်ခြေနီအသင်း၊ IFRC နိုင်ငံတကာ ဖက်ဒရေးရှင်း ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့တွေဟာ သီရိလင်္ကာမှာ ရောဂါမပျန့်ပွါးရေး အားဖြည့်လုပ်ဆောင်နေပါတယ်။

သီရိလင်္ကာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ ရှိပေမဲ့၊ အခုနောက်ဆုံး ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးဟာ အသွင်ပြောင်းလဲလာတဲ့ အမျိုးအစားတခု ဖြစ်တာကြောင့်၊ လူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးအသစ်ကို ခံနိုင်ရည်မရှိတာဟာလည်း ပျံ့ပွားမှုနှုန်း မြန်ဆန်ရတဲ့ အကြောင်းရင်းတခု ဖြစ်တဲ့အကြောင်း သီရိလင်္ကာ ကြက်ခြေနီ အကြီးအကဲ Dr. Vovil Wijesekara က ပြောပါတယ်။

အခုအခါမှာ မိုးရာသီဖြစ်တာကြောင့် ရေဝပ်နေတဲ့နေရာတွေများပြီး မိုရေနဲ့ နူးနေတဲ့ အမှိုက်ပုံတွေဟာ ခြင်တွေ ခိုအောင်းရာ နေရတွေ ဖြစ်လာတာကလည်း အခြေအနေပိုဆိုးစေတာပါ။ မိုး အဆက်မပြတ်ရွာသွန်းပြီး ပါတ်ဝန်းကျင် သန့်ရှင်းမှုလည်းမရှိတာကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဆက်လက်ပျံ့ပွါးမှာကို စိုးရိမ်နေကြပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အရှေ့တောင်အာရှမှာ အဖြစ်များပြီး မိုးရာသီကာလဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအထိကတော့ ပိုအဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးချိန်မှာ အချိန်မှီကုသမှု မခံယူရင်တော့ အသက်ဆုံးရှုံးမှုအထိ ဖြစ်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG