သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္နဲ႔ မထက္ထက္ခိုင္တို႔ ေရွ႕တပတ္ ႐ုံးခ်ိန္း


ၾသဂုတ္လ (၁၅)ရက္က အဖမ္းခံရသည့္ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ႏွင့္ BBC Media Action "ခံစားၾကည့္" အစီအစဥ္တင္ဆက္သူ မထက္ထက္ခိုင္ (RSF photo)

[ Zawgyi ]

ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)နဲ႔ ၁၇/၁ တို႔အရ စဲြဆိုခံထားရတဲ့ ဗြီအိုေအျမန္မာပိုင္း ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action "ခံစားၾကည့္" အစီအစဥ္တင္ဆက္သူ မထက္ထက္ခိုင္တို႔ကို မူလက စဲြဆိုထားတဲ့ ျမဳိ႕နယ္ေတြအျပင္ ျမဳိ႕နယ္သစ္ေတြမွာလည္း အလားတူအမႈေတြနဲ႔ ထပ္မံ စဲြဆိုလိုက္ပါတယ္။ အခုအခါ အင္းစိန္ေထာင္မွာ ထိန္းသိမ္းထားၿပီျဖစ္တဲ့ သူတို႔အမႈရဲ႕ ေနာက္လာမယ့္ ႐ုံးခ်ိန္းေတြနဲ႔ပတ္သက္လို႔ အက်ဳိးေဆာင္ ေရွ႕ေနေတြရဲ႕ ေျပာၾကားခ်က္ - ရန္ကုန္ကလာတဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာ ျဖစ္ပါတယ္။

စစ္ေကာင္စီက ဧည့္စာရင္း ဝင္စစ္ရာကေန ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံ-ရိပ္မြန္ အိမ္ယာ တိုက္ခန္းတခုမွာ ၾသဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးခံလိုက္ရတဲ့ ဗီအိုေအျမန္မာပိုင္းရဲ႕ ေဆာင္းပါးရွင္ ဦးစည္သူ ေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ ခံစားၾကည့္ အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္တို႔ကို အခုေတာ့ အင္းစိန္အက်ဥ္းေထာင္ ပို႔လိုက္ၿပီလို႔ မထက္ထက္ခိုင္ရဲ႕ ေရွ႕ေနက ေျပာပါတယ္။ စက္တင္ဘာ ၃ ရက္ေန႔က အင္းစိန္ေထာင္ကို ပို႔စဥ္မွာ မိသားစုနဲ႔ ေတြ႕ခဲ့ရတယ္လို႔ေျပာပါတယ္။ မထက္ထက္ခိုင္တို႔ကို တျခားၿမိဳ႕နယ္ေတြကပါ အမႈေတြ ထပ္တိုးၿပီး တရားစြဲဆိုထားတာေတြ ရွိတယ္လို႔ အက်ဳိးေဆာင္ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

" ထက္ထက္ခိုင္ကိုက်ေတာ့ ဗဟန္းမွာ ၅၀၅-က နဲ႔စြဲတယ္။ မဂၤလာေတာင္ၫႊန႔္မွာ ၁၇/၁ နဲ႔စြဲတယ္။ ၅၀၅-က နဲ႔စြဲတာက ဆရာစည္သူေအာင္ျမင့္ကို ၅၀၅-ကနဲ႔ အမိန႔္ထုတ္တာကို ဖမ္းဝရမ္းထုတ္တာကို လက္ခံတဲ့ အတြက္ စြဲတယ္။ ၁၇/၁ က်ေတာ့သူက NUG ေရဒီယိုမွာ အကူအညီေပးတဲ့ အတြက္လို႔ ေျပာတယ္။ ဒါေပမယ့္ သူနဲ႔ေတြ႕လို႔ေျပာတာက သူကNUG မဟုတ္ဘူး။ ၄လပိုင္းကစေပၚတဲ့ အေထြ ေထြ သပိတ္ေကာ္မတီကလုပ္တဲ့ ဖက္ဒရယ္ FM မွာသူ တနဂၤေႏြ ၂ရက္ေလာက္သြားကူညီေပးဖူးတယ္ ေပါ့။ အဲဒါကိုသူအႀကိမ္ႀကိမ္ရွင္းျပေပမယ့္ သူလက္မခံဘဲနဲ႔ ၈လပိုင္းမွာေပၚတဲ့ NUG FM မွာ လုပ္တယ္ ဆိုၿပီး ၁၇/၁နဲ႔စြဲတာ။ အဲဒါကေတာ့ ဘာမွေျခေျချမစ္ျမစ္မရွိေတာ့ ဆရာတို႔ အလြယ္ေက်ာ္လႊားႏိုင္မွာပါ။ ၅၀၅-ကနဲ႔ ဆရာစည္သူေအာင္ျမင့္ကို ဖမ္းဝရမ္းထုတ္ထားတာကို သူဌားတဲ့ အိမ္မွာေနခြင့္ျပဳတာကို ေတာ့ ဆရာတို႔ ႐ုန္းကန္ရမွာေပါ့။ "

မထက္ထက္ခိုင္ကို ပုဒ္မ ၂ ခုတပ္ၿပီး စြဲထားတာမွာ ဗဟန္းမွာ စြဲဆိုထားတဲ့ ၅၀၅-က အမႈအတြက္ လာမယ့္ စက္တင္ဘာ ၁၆ ရက္ေန႔ကို ႐ုံးခ်ိန္းေပးထားၿပီး ၊ မဂၤလာေတာင္ၫႊန႔္မွာ စြဲထားတဲ့ ပုဒ္မ ၁၇/၁ အမႈအတြက္ စက္တင္ဘာ ၁၇ ရက္ေန႔ကို ႐ုံးခ်ိန္း ေပးထားတယ္လို႔ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

ဗီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ကိုေတာ့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း VOA သတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနေတြကတဆင့္ တပ္မေတာ္နဲ႔ အိမ္ေစာင့္အစိုးရအေပၚ မတရား ေဝဖန္ ဆန႔္က်င္တိုက္ခိုက္တဲ့ သတင္းေဆာင္းပါးေတြ ေရးသားေပးပို႔ခဲ့တဲ့အတြက္ဆိုၿပီး ဖမ္းဆီး ထိန္းသိမ္းလိုက္တာျဖစ္ေၾကာင္း ၊ မၾကာေသးခင္က တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ ထားပါတယ္။

ဦးစည္သူေအာင္ျမင့္ရဲ႕ ေရွ႕ေန ေဒၚႏွင္းဝင္းေအာင္ကလည္း လက္ရွိ ဦးစည္သူေအာင္ျမင့္ အေျခအေနကို ခုလိုေျပာျပလာတာပါ။

" က်မတို႔ ၃ရက္ေန႔ကေလ ၃ရက္ေန႔ကအမႈစြဲတင္ၿပီေပါ့ေနာ္. ပုဒ္မ ၅၀၅-ကနဲ႔ ဗဟန္း႐ုံးမွာ အမႈစြဲတင္တယ္။ ေတြ႕ခြင့္ရလိုက္တယ္။ က်မတို႔ပါဝါတင္တာေတြဘာေတြ လုပ္ခဲ့ၿပီးၿပီေပါ့ ႐ုံးခ်ိန္းက ၁၇ရက္ေန႔ျပန္ခ်ိန္းတယ္။ ပုစြန္ေတာင္႐ုံးမွာလဲဘဲ ပုစြန္ေတာင္မွာ အမႈ စြဲတာရွိတယ္။ ၅၀၅-ကနဲ႔ဘဲ ဒါေပမယ့္ သူက ရမန္မယူရေသးဘူး။ တရား႐ုံးအမႈမစြဲတင္ေသးဘူး တရား႐ုံးအမႈစစ္ေပါ့။ သူနဲ႔ ေတြ႕ေတာ့ သူက ႐ုံးဖြင့္တဲ့ ရက္က်မွ တင္လို႔ရမယ္။ ဘာလို႔လဲဆိုေတာ့ ရမန္ယူထားတာမရွိလို႔လို႔ေျပာ ပါတယ္။ ၂ မႈျဖစ္တယ္။ ပုစြန္ေတာင္ တမႈ ဗဟန္းမွာတမႈ။ ပုစြန္ေတာင္ကတမႈေပါ့။ "

သူတို႔ႏွစ္ဦးကို စြဲဆိုထားတဲ့ ပုဒ္မေတြထဲက ပုဒ္မ ၅၀၅-က ဟာ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေအာင္ လုပ္ေဆာင္မႈ ျဖစ္ၿပီး ျပစ္မႈ ထင္ရွားတယ္လို႔ ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၂ ႏွစ္ထက္မနည္း က်ခံရႏိုင္ကာ ေငြဒဏ္လည္း ေပးေဆာင္ရမယ္လို႔ ဥပေဒမွာ ေဖာ္ျပထားပါတယ္။ မထက္ထက္ခိုင္ကို စြဲဆိုထားတဲ့ ပုဒ္မ ၁၇/၁ ဟာ မတရားအသင္းနဲ႔ ဆက္သြယ္မႈ ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားခဲ့ရင္ ေထာင္ဒဏ္ ၂ ႏွစ္ထက္မနည္း ၊ ၃ ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ကို ခ်မွတ္ႏိုင္သလို ေငြဒဏ္ပါ ခ်မွတ္ႏိုင္တာျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးစလုံးကို ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ႏိုင္တဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုထားတာလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္းမီဒီယာ (၈)ခုကို တရာဝင္ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို၊ သတင္းသမားေတြကို ဖမ္းဆီးတာ၊ တရားစြဲဆိုတာေတြ ျပဳလုပ္ေနတာပါ။ သတင္းသမား အေယာက္ ၅၀ ထက္မနည္း ဖမ္းဆီးထိန္းသိမ္း ခံထားရၿပီး အခုလို ေနာက္ထပ္ သတင္းသမားတခ်ိဳ႕ပါ ထပ္မံ အေရးယူခံေနရပါတယ္။

AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ ထုတ္ျပန္တဲ့ စာရင္းေတြအရ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္ၿပီး အဖမ္းဆီးခံထားရဆဲ (၆၃၀၀) ေက်ာ္ရွိၿပီး ၊ ဖမ္းဝရမ္း အထုတ္ခံ ထားရသူကေတာ့ ၂၀၀၀ နီးပါး ရွိတယ္လို႔ ေဖၚျပထားပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈအတြင္း ေသဆုံးခဲ့သူ (၁၀၅၄)ဦး ရွိသြားၿပီလို႔ ေဖာ္ျပထားတာပါ။ AAPP က ထုတ္ျပန္တဲ့ စာရင္းဟာ ခ်ဲ႔ကားေဖၚျပျခင္းသာ ျဖစ္တယ္လို႔ စစ္ေကာင္စီဖက္က ေျပာေပမယ့္ ၊ AAPP ကေတာ့ ေသဆုံး ဖမ္းဆီးခံရသူ မိသားစုဝင္ေတြနဲ႔ အတည္ျပဳၿပီး ေကာက္ခံထားတဲ့ စာရင္းလို႔ တုန္႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ ရှေ့တပတ် ရုံးချိန်း

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ၁၇/၁ တို့အရ စွဲဆိုခံထားရတဲ့ ဗွီအိုအေမြန်မာပိုင်း ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action "ခံစားကြည့်" အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ကို မူလက စွဲဆိုထားတဲ့ မြို့နယ်တွေအပြင် မြို့နယ်သစ်တွေမှာလည်း အလားတူအမှုတွေနဲ့ ထပ်မံ စွဲဆိုလိုက်ပါတယ်။ အခုအခါ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီဖြစ်တဲ့ သူတို့အမှုရဲ့ နောက်လာမယ့် ရုံးချိန်းတွေနဲ့ပတ်သက်လို့ အကျိုးဆောင် ရှေ့နေတွေရဲ့ ပြောကြားချက် - ရန်ကုန်ကလာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဧည့်စာရင်း ဝင်စစ်ရာကနေ ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန် အိမ်ယာ တိုက်ခန်းတခုမှာ သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗီအိုအေမြန်မာပိုင်းရဲ့ ဆောင်းပါးရှင် ဦးစည်သူ အောင်မြင့်နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို အခုတော့ အင်းစိန်အကျဉ်းထောင် ပို့လိုက်ပြီလို့ မထက်ထက်ခိုင်ရဲ့ ရှေ့နေက ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က အင်းစိန်ထောင်ကို ပို့စဉ်မှာ မိသားစုနဲ့ တွေ့ခဲ့ရတယ်လို့ပြောပါတယ်။ မထက်ထက်ခိုင်တို့ကို တခြားမြို့နယ်တွေကပါ အမှုတွေ ထပ်တိုးပြီး တရားစွဲဆိုထားတာတွေ ရှိတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

" ထက်ထက်ခိုင်ကိုကျတော့ ဗဟန်းမှာ ၅၀၅-က နဲ့စွဲတယ်။ မင်္ဂလာတောင်ညွှန့်မှာ ၁၇/၁ နဲ့စွဲတယ်။ ၅၀၅-က နဲ့စွဲတာက ဆရာစည်သူအောင်မြင့်ကို ၅၀၅-ကနဲ့ အမိန့်ထုတ်တာကို ဖမ်းဝရမ်းထုတ်တာကို လက်ခံတဲ့ အတွက် စွဲတယ်။ ၁၇/၁ ကျတော့သူက NUG ရေဒီယိုမှာ အကူအညီပေးတဲ့ အတွက်လို့ ပြောတယ်။ ဒါပေမယ့် သူနဲ့တွေ့လို့ပြောတာက သူကNUG မဟုတ်ဘူး။ ၄လပိုင်းကစပေါ်တဲ့ အထွေ ထွေ သပိတ်ကော်မတီကလုပ်တဲ့ ဖက်ဒရယ် FM မှာသူ တနင်္ဂနွေ ၂ရက်လောက်သွားကူညီပေးဖူးတယ် ပေါ့။ အဲဒါကိုသူအကြိမ်ကြိမ်ရှင်းပြပေမယ့် သူလက်မခံဘဲနဲ့ ၈လပိုင်းမှာပေါ်တဲ့ NUG FM မှာ လုပ်တယ် ဆိုပြီး ၁၇/၁နဲ့စွဲတာ။ အဲဒါကတော့ ဘာမှခြေခြေမြစ်မြစ်မရှိတော့ ဆရာတို့ အလွယ်ကျော်လွှားနိုင်မှာပါ။ ၅၀၅-ကနဲ့ ဆရာစည်သူအောင်မြင့်ကို ဖမ်းဝရမ်းထုတ်ထားတာကို သူဌားတဲ့ အိမ်မှာနေခွင့်ပြုတာကို တော့ ဆရာတို့ ရုန်းကန်ရမှာပေါ့။ "

မထက်ထက်ခိုင်ကို ပုဒ်မ ၂ ခုတပ်ပြီး စွဲထားတာမှာ ဗဟန်းမှာ စွဲဆိုထားတဲ့ ၅၀၅-က အမှုအတွက် လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့ကို ရုံးချိန်းပေးထားပြီး ၊ မင်္ဂလာတောင်ညွှန့်မှာ စွဲထားတဲ့ ပုဒ်မ ၁၇/၁ အမှုအတွက် စက်တင်ဘာ ၁၇ ရက်နေ့ကို ရုံးချိန်း ပေးထားတယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဗီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကတဆင့် တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန် ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း ၊ မကြာသေးခင်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ဦးစည်သူအောင်မြင့်ရဲ့ ရှေ့နေ ဒေါ်နှင်းဝင်းအောင်ကလည်း လက်ရှိ ဦးစည်သူအောင်မြင့် အခြေအနေကို ခုလိုပြောပြလာတာပါ။

" ကျမတို့ ၃ရက်နေ့ကလေ ၃ရက်နေ့ကအမှုစွဲတင်ပြီပေါ့နော်. ပုဒ်မ ၅၀၅-ကနဲ့ ဗဟန်းရုံးမှာ အမှုစွဲတင်တယ်။ တွေ့ခွင့်ရလိုက်တယ်။ ကျမတို့ပါဝါတင်တာတွေဘာတွေ လုပ်ခဲ့ပြီးပြီပေါ့ ရုံးချိန်းက ၁၇ရက်နေ့ပြန်ချိန်းတယ်။ ပုစွန်တောင်ရုံးမှာလဲဘဲ ပုစွန်တောင်မှာ အမှု စွဲတာရှိတယ်။ ၅၀၅-ကနဲ့ဘဲ ဒါပေမယ့် သူက ရမန်မယူရသေးဘူး။ တရားရုံးအမှုမစွဲတင်သေးဘူး တရားရုံးအမှုစစ်ပေါ့။ သူနဲ့ တွေ့တော့ သူက ရုံးဖွင့်တဲ့ ရက်ကျမှ တင်လို့ရမယ်။ ဘာလို့လဲဆိုတော့ ရမန်ယူထားတာမရှိလို့လို့ပြော ပါတယ်။ ၂ မှုဖြစ်တယ်။ ပုစွန်တောင် တမှု ဗဟန်းမှာတမှု။ ပုစွန်တောင်ကတမှုပေါ့။"

သူတို့နှစ်ဦးကို စွဲဆိုထားတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၅၀၅-က ဟာ တပ်မတော်ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ဖြစ်ပြီး ပြစ်မှု ထင်ရှားတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၂ နှစ်ထက်မနည်း ကျခံရနိုင်ကာ ငွေဒဏ်လည်း ပေးဆောင်ရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ မထက်ထက်ခိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁ ဟာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၂ နှစ်ထက်မနည်း ၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သလို ငွေဒဏ်ပါ ချမှတ်နိုင်တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်းမီဒီယာ (၈)ခုကို တရာဝင်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို၊ သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ ပြုလုပ်နေတာပါ။ သတင်းသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး အခုလို နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ အရေးယူခံနေရပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အဖမ်းဆီးခံထားရဆဲ (၆၃၀၀) ကျော်ရှိပြီး ၊ ဖမ်းဝရမ်း အထုတ်ခံ ထားရသူကတော့ ၂၀၀၀ နီးပါး ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းမှုအတွင်း သေဆုံးခဲ့သူ (၁၀၅၄)ဦး ရှိသွားပြီလို့ ဖော်ပြထားတာပါ။ AAPP က ထုတ်ပြန်တဲ့ စာရင်းဟာ ချဲ့ကားဖေါ်ပြခြင်းသာ ဖြစ်တယ်လို့ စစ်ကောင်စီဖက်က ပြောပေမယ့် ၊ AAPP ကတော့ သေဆုံး ဖမ်းဆီးခံရသူ မိသားစုဝင်တွေနဲ့ အတည်ပြုပြီး ကောက်ခံထားတဲ့ စာရင်းလို့ တုန့်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG