သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလမွာပဲ ေတာင္ကိုရီးယားေက်ာင္းသားေတြ စာေမးပြဲေျဖ


ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕ တကၠသိုလ္၀င္တန္းစာေမးပဲြ ေျဖဆိုဖို႔ေစာင့္ေနၾကတဲ့ ေက်ာင္းသားမ်ား။ (ဒီဇင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားႏုိင္ငံမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ ျပန္ျမင့္တက္ေနခ်ိန္မွာပဲ ဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၄၁ ေယာက္ အပါအ၀င္ သိန္းနဲ႔ခ်ီတဲ့ ေက်ာင္းသားေတြ ႏွာေခါင္းစည္းေတြတပ္ၿပီး တကၠသိုလ္၀င္တန္းစာေမးပဲြကို ေျဖဆုိခဲ့ၾကပါတယ္။ ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ အာဏာပိုင္ေတြက တေယာက္နဲ႔ တေယာက္ခပ္ခြာခြာေနဖို႔ စည္းမ်ဥ္းေတြကို တင္းၾကပ္ထားပါတယ္။ ေက်ာင္းသားေက်ာင္းသူ ၄၂,၆၀၀၀ ေက်ာ္ ဒီေန႔မွာ ႏုိင္ငံတ၀န္းက စာစစ္ဌာန ၁,၃၈၀ ေလာက္မွာေျဖဆုိခဲ့ၾကတာျဖစ္တယ္လို႔ ေတာင္ကိုရီးယားပညာေရး ၀န္ႀကီးဌာနက ေျပာပါတယ္။

စာစစ္ဌာနေတြထဲမွာ ေဆး႐ုံေတြနဲ႔ တျခား က်န္းမာေရးဆုိင္ရာဌာနေတြလည္း ပါ၀င္ၿပီး၊ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၄၁ ေယာက္နဲ႔ တျခားသီးသန္႔ခဲြၿပီး အသြားအလာကန္႔ခံေနရသူ ရာေပါင္းမ်ားစြာလည္း ပါ၀င္ပါတယ္။ ဒီစာေမးပဲြကို မူလက ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလမွာ စစ္ဖို႔ လုပ္ထားတာျဖစ္ေပမယ့္ ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ေရႊ႕ဆုိင္းခဲ့တာပါ။ ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူ ၅၄၀ ရွိခဲ့ပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူဦးေရဟာ ၃၅,၅၅၁ ေယာက္ရွိၿပီး ေန႔စဥ္ကူးစက္မႈ ၄၀,၀၀၀ ေအာက္ က်ဆင္းခဲ့တာဟာ အခုဆုိရင္ ၄ ရက္ဆက္တုိက္ရွိသြားၿပီျဖစ္ပါတယ္။ အိႏၵိယႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္သူဦးေရ စုစုေပါင္း ၉,၅၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ၅၂၆ ေယာက္ ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူကေတာ့ ၁၃၈,၆၄၈ ေယာက္ရွိသြားၿပီးလို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

တိုင္၀မ္မွာေတာ့ အသြားအလာကန္႔သတ္ဖို႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တာေၾကာင့္ Eva ေလေၾကာင္းလိုင္းက ေလယာဥ္အမႈထမ္း ၃ ေယာက္ကို အလုပ္ကေန ထုတ္ပယ္လိုက္ပါတယ္။ ေလယာဥ္အမႈထမ္းေတြအေနနဲ႔ ျပည္ပကေန ျပန္ေရာက္လာရင္ ဘယ္မွမသြားဘဲ အိမ္မွာ ၅ ရက္ သီးသန္႔ေနဖို႔ ၿပီးခဲ့တဲ့ မတ္လကစၿပီး သတ္မွတ္ထားတာပါ။ အဲဒီအမႈထမ္း ၃ ေယာက္ဟာ သူတုိ႔ရဲ႕ အသိမိတ္ေဆြေတြ၊ မိသားစု၀င္ေတြဆီအပါအ၀င္ အိမ္ကေန တျခားေနရာေတြကို သြားခဲ့တယ္လို႔ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလမှာပဲ တောင်ကိုရီးယားကျောင်းသားတွေ စာမေးပွဲဖြေ

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်နေချိန်မှာပဲ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄၁ ယောက် အပါအဝင် သိန်းနဲ့ချီတဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတွေတပ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အာဏာပိုင်တွေက တယောက်နဲ့ တယောက်ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေကို တင်းကြပ်ထားပါတယ်။ ကျောင်းသားကျောင်းသူ ၄၂,၆၀၀၀ ကျော် ဒီနေ့မှာ နိုင်ငံတဝန်းက စာစစ်ဌာန ၁,၃၈၀ လောက်မှာဖြေဆိုခဲ့ကြတာဖြစ်တယ်လို့ တောင်ကိုရီးယားပညာရေး ဝန်ကြီးဌာနက ပြောပါတယ်။

စာစစ်ဌာနတွေထဲမှာ ဆေးရုံတွေနဲ့ တခြား ကျန်းမာရေးဆိုင်ရာဌာနတွေလည်း ပါဝင်ပြီး၊ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ယောက်နဲ့ တခြားသီးသန့်ခွဲပြီး အသွားအလာကန့်ခံနေရသူ ရာပေါင်းများစွာလည်း ပါဝင်ပါတယ်။ ဒီစာမေးပွဲကို မူလက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စစ်ဖို့ လုပ်ထားတာဖြစ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၅၄၀ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူဦးရေဟာ ၃၅,၅၅၁ ယောက်ရှိပြီး နေ့စဉ်ကူးစက်မှု ၄၀,၀၀၀ အောက် ကျဆင်းခဲ့တာဟာ အခုဆိုရင် ၄ ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူဦးရေ စုစုပေါင်း ၉,၅၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ၅၂၆ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူကတော့ ၁၃၈,၆၄၈ ယောက်ရှိသွားပြီးလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုင်ဝမ်မှာတော့ အသွားအလာကန့်သတ်ဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာကြောင့် Eva လေကြောင်းလိုင်းက လေယာဉ်အမှုထမ်း ၃ ယောက်ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ လေယာဉ်အမှုထမ်းတွေအနေနဲ့ ပြည်ပကနေ ပြန်ရောက်လာရင် ဘယ်မှမသွားဘဲ အိမ်မှာ ၅ ရက် သီးသန့်နေဖို့ ပြီးခဲ့တဲ့ မတ်လကစပြီး သတ်မှတ်ထားတာပါ။ အဲဒီအမှုထမ်း ၃ ယောက်ဟာ သူတို့ရဲ့ အသိမိတ်ဆွေတွေ၊ မိသားစုဝင်တွေဆီအပါအဝင် အိမ်ကနေ တခြားနေရာတွေကို သွားခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG