သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်ခံခဲ့ရတဲ့တောင်ကိုရီးယားအရာရှိ ခိုလှုံဖို့ကြိုးစားခဲ့


တောင်ကိုရီးယားနိုင်ငံ Paju မြို့မှာ တွေ့ရတဲ့ တောင်ကိုရီးယားစစ်သားနှစ်ဦး။ (ဇွန် ၁၇၊ ၂၀၂၀)
တောင်ကိုရီးယားနိုင်ငံ Paju မြို့မှာ တွေ့ရတဲ့ တောင်ကိုရီးယားစစ်သားနှစ်ဦး။ (ဇွန် ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ပြီးခဲ့တဲ့ တပတ်က တောင်- မြောက်ကိုရီးယား ရေပြင်နယ်နိမိတ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ တောင်ကိုရီးယားအရပ်သား အရာရှိဟာ မြောက်ကိုရီးယားဘက်ကို ကူးပြောင်းသွားဖု့ိ ကြိုးစားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။ တောင်ကိုရီးယားကမ်းခြေစောင့်တပ်ရဲ့ ထောက်လှမ်းရေးနဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် Yoon Sung- hyun က အခင်းဖြစ်ရာနေရာက ရယူထားတဲ့ စစ်ဘက်နဲ့အခြား အထောက်အထားတွေအရ ခုလိုနောက်ဆုံးကောက်ချက်ချခဲ့တာ ဖြစ်တယ်လို့ ဆိုးလ်မြို့မှာ တနင်္လာနေ့ကပြောပါတယ်။

တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းအေဂျင်စီက အသက် ၄၇ နှစ်အရွယ် အဲဒီအရာရှိဟာ အလုပ်တာဝန်နဲ့ အနောက် နယ်စပ်ပင်လယ်ထဲမှာ မော်တော်နဲ့ လှည့်လည်သွားလာနေတုန်း တနင်္လာနေ့က ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ အသက်ကယ်အင်္ကျီဝတ်ထားတဲ့ အဲဒီအရာရှိက ရေပေါ်ပေါလောမေ ျှာတဲ့ကိရိယာ တခုကို ခိုထားလျက်အနေအထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့က တွေ့ခဲ့တာဖြစ်တဲ့အတွက် သေကြောင်းကြံတာ မဖြစ်နိုင်ဘူးလို့ Yoon ကပြောပါတယ်။

အဲဒီလူကို တွေ့ခဲ့တဲ့နေရာဟာ အဲဒီနေ့က ဒီရေစီးကြောင်းနဲ့အတူ ရေကူးမသွားဘဲ ရောက်နိုင်တဲ့နေရာမျိုး မဟုတ်ဘူးလို့လည်း ထောက်လှမ်းရေးအရာရှိ Yoon ကပြောပါတယ်။ အဲဒီအရပ်သားအရာရှိက မြောက်ကိုရီးယားတပ်ဖွဲ့တွေကို အဲဒီမှာ ခိုလှုံချင်ကြောင်းပြောဆိုခဲ့တယ်လို့လည်း Yoon ကပြောပါတယ်။

သေဆုံးခဲ့တဲ့အရာရှိရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်အသေးစိတ်၊ နာမည်၊ အသက်၊ ဇာတိနဲ့ အရပ်အမောင်း အားလုံးမြောက်ကိုရီးယားတပ်ဖွဲ့မှာ ရှိတယ်လို့လည်းပြောပါတယ်။ အဲဒီလူမှာ ဒေါ်လာထောင်နဲ့ချီ အကြွေးတင်နေတာဖြစ်ပေမဲ့ အဲဒီအကြွေးကြောင့် မြောက်ကိုရီးယားဘက်ကို ခိုလှုံဖို့ ကြိုးစားခဲ့တာလားဆိုတာကတော့ မသိဘူးလို့လည်း ထောက်လှမ်းရေးအရာရှိကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG