သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္မွန္တဲ့ ဖက္ဒရယ္ နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကို SNLD ဆက္လက္ဆုပ္ကိုင္သြားမည္


SNLD ဥကၠ႒ စိုင္းညြန္႔လြင္၊ မစၥတာ ယိုဟီ ဆာဆာကာဝါ နဲ႔ SNLD တြဲဖက္အတြင္းေရးမႉးစိုင္းေက်ာ္ညြန္႔ (ဝဲမွယာ) (ဓာတ္ပံု-စိုင္းေက်ာ္ညြန္႔ fb)

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD)အေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ကိုယ္ပိုင္ျပဌာန္းခြင့္စတဲ့ ပါတီမူဝါဒေျပာင္းလဲဖို႔မရွိသလို၊ စစ္ေကာင္စီက က်င္းပမယ္ဆိုတဲ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔လည္း သေဘာထားဘာမွမရွိေသးဘူးလို႔ SNLD ေျပာခြင့္ရသူက ဆိုပါတယ္။

စစ္မွန္တဲ့ ဖက္ဒရယ္ နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကို SNLD ဆက္လက္ဆုပ္ကိုင္သြားမည္

{{Zawgyi/ Unicode}}
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD)အေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ကိုယ္ပိုင္ျပဌာန္းခြင့္စတဲ့ ပါတီမူဝါဒေျပာင္းလဲဖို႔မရွိသလို၊ စစ္ေကာင္စီက က်င္းပမယ္ဆိုတဲ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔လည္း သေဘာထားဘာမွမရွိေသးဘူးလို႔ SNLD ေျပာခြင့္ရသူက ဆိုပါတယ္။

ေမလ ၂၆ရက္ကစတဲ့ ပါတီညီလာခံမွာေတာ့ လက္ရွိႏိုင္ငံေရး အခင္းအက်င္း သုံးသပ္ခ်က္ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ရန္ကုန္ကေန ေပးပို႔တဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

တိုင္းရင္းသားပါတီေတြထဲမွာ အင္အားအႀကီးဆုံးပါတီတခုလို႔ဆိုႏိုင္တဲ့ ရွမ္းတိုင္းရင္းသား မ်ားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ ႏိုင္ငံလုံးဆိုင္ရာ ညီလာခံကို ေမလ ၂၆-၂၇ ႏွစ္ရက္က်င္းပသြားဖို႔ ျပင္ဆင္ထားတာပါ။ စစ္တပ္က အာဏာသိမ္းထားတဲ့ လက္ရွိ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းေပၚမူ တည္ၿပီး ပါတီမူဝါဒ ေျပာင္းလဲဖို႔မရွိဘူးလို႔ ပါတီရဲ႕ တြဲဖက္အေထြေထြအတြင္းေရးမႈး ၁ စိုင္းေက်ာ္ၫႊန႔္က ဗြီအိုေအကိုေျပာ ပါတယ္။

" လက္ရွိႏိုင္ငံေရး အခင္းအက်င္းနဲ႔ ပတ္သတ္ရင္ေတာ့ က်ေနာ္တို႔က လက္ရွိႏိုင္ငံေရး အခင္းအက်င္းမွ ရယ္မဟုတ္ပါဘူး။ က်ေနာ္တို႔ပါတီက ဘယ္အခန္းက႑မွာ ဘယ္လိုရပ္တည္မလဲဆိုတာ ဘယ္လိုမူဝါဒရွိတယ္ဆိုတာ ျပည့္ျပည့္စုံစုံ ေရးသားၿပီးသားျဖစ္ပါတယ္။ ဆိုေတာ့က်ေနာ္တို႔ေျပာခဲ့တဲ့ မူဝါဒ အေျခခံတဲ့ပါတီျဖစ္ေအာင္ က်ေနာ္တို႔ႀကိဴးစားေနတာျဖစ္တယ္။ အဲဒီတိုင္းဘဲရပ္တည္သြားမွာျဖစ္ပါတယ္။ က်ေနာ္တို႔က ေခါင္းေဆာင္တေယာက္က တမ်ိဳးေျပာ ေနာက္တေယာက္ကတမ်ိဳးေျပာ ဆိုတာမ်ိဳး က်ေနာ္တို႔ပါတီမွာမရွိပါဘူး။ က်ေနာ္တို႔ျမင္ခ်င္တဲ့ ဒီႏိုင္ငံပုံစံ mission ေပါ့ ။ ဒီတိုင္းျပည္ကို ဘယ္လိုတည္ေဆာက္မယ္ဆိုတာ က်ေနာ္တို႔ ျပည့္ျပည့္စုံစုံ ပါတီမူဝါဒ လမ္းစဥ္မွာ ေရးထားၿပီးသား ျဖစ္ပါတယ္။ အေျပာင္းအလဲျဖစ္တာ ဒီႏိုင္ငံရဲ႕ အခင္းအက်င္းေျပာင္းတာျဖစ္တယ္။ ဟိုတုန္းကလည္းဒီတိုင္းဘဲ ခုလဲဒီတိုင္းဘဲဆက္လက္တိုက္ပြဲဝင္မယ္"

စစ္တပ္က အာဏာသိမ္းထားတဲ့ လက္ရွိ ျမန္မာ့ႏိုင္ငံေရးပိုင္းမွာ တည္ဆဲပါတီေတြမွာ ပါတီလႈပ္ရွား မႈေတြအတြက္ ခ်ဳပ္ခ်ယ္ကန႔္သတ္ခံေနရတာေတြ ရွိေနသလို၊ စစ္ေကာင္စီခန႔္ UEC ဘက္ကလည္း မလိုလားအပ္တာေတြ မျဖစ္ရေအာင္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပါတီေတြရဲ႕လႈပ္ရွားမႈေတြကို ကန႔္သတ္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ပါတီ တခ်ိဳ႕က ေထာက္ျပတာေတြရွိေနပါတယ္။ ဒီလိုအေျခအေနၾကားမွာပဲ SNLD ပါတီညီလာခံကို လုပ္ခဲ့ၾကတာပါ။

လက္ရွိ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းမွာ စစ္တပ္ဘက္က လာမယ့္ႏွစ္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပေပးဖို႔ ျပင္ဆင္ေနတာေတြရွိေနပါတယ္။ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ပါတီေခါင္းေဆာင္ အားလုံးနီးပါး ဖမ္းဆီးခံေနရတဲ့အခ်ိန္မွာ၊ ပါတီတခ်ိဳ႕က ဒီေ႐ြးေကာက္ပြဲကို လက္ခံပါဝင္ သေဘာရွိေနပါတယ္။ NLD ပါတီနဲ႔ မဟာမိတ္ျဖစ္ခဲ့တဲ့ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ လာမယ့္ ေ႐ြးေကာက္ပြဲ ဘယ္လိုသေဘာထားမလဲဆိုတာကို အမ်ားစုစိတ္ဝင္စားပါတယ္။ စိုင္းေက်ာ္ၫြန႔္က အခုလို တုံျပန္ပါတယ္။

" ေ႐ြးေကာက္ပြဲကိစၥကေတာ့ CEC တြဘက္က သေဘာထားတခုရွိတယ္ ၂၀၂၂ ကုန္ထိ ေ႐ြးေကာက္ပြဲအေၾကာင္းကိုမေဆြးေႏြးပါဘူး။ အဲဒါကေျပာင္းစရာမရွိေသးပါဘူး "

ပါတီ စာရင္းမ်ား အစစ္ေဆးခံဖို႔ စစ္ေကာင္စီခန္႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)က ပါတီေတြကို ၫႊန္ၾကားတာခဲ့တာမွာ လက္မခဲ့တဲ့ ပါတီေတြထဲမွာ SNLD ပါတီပါဝင္ပါတယ္။ လက္ရွိမွာ UEC ဘက္က SNLD ဘက္က အစစ္ေဆးခံဖို႔ ရက္သတ္မွတ္ခ်က္ကို ဇြန္လကုန္ထိ တိုးျမင့္ေပး ထားေပမယ့္ ပါတီ ရပ္တည္ခ်က္က အရင္အတိုင္းမေျပာင္းမလဲ ရွိတယ္လို႔ စိုင္းေက်ာ္ၫႊန႔္ကေျပာပါတယ္။

" ဒီညီလာခံမွာေဆြးေႏြးျဖစ္မယ္မထင္ဘူး။. ဘာလို႔ဆို UEC ကက်ေနာ္တို႔ကိုစာတေစာင္ပို႔ထားတာရွိတယ္။ စစ္ေဆးမယ့္ရက္ေနာက္ဆုံးရက္ကို ဇြန္ ၃၀ ထိေပးထားတယ္ဆိုတာပို႔ထားပါတယ္။ အားလုံးလဲသိၿပီးသား က်ေနာ္တို႔ကစစ္ေဆးမခံတာမဟုတ္ဘူးစစ္ခ်င္ရင္ပါတီဌာနခ်ဴပ္႐ုံး ရန္ကုန္ကိုးမိုင္မွာရွိတယ္ အဲကိုလာခဲ့လိုက္ပါ။ အဲဒါကလက္ရွိထိအေျပာင္းအလဲမရွိဘူး ညီလာခံမွာလည္းအက်ယ္တဝင့္ေဆြးေႏြးျဖစ္ မွာမဟုတ္ပါဘူး"

၂ရက္တာက်င္းပမယ့္ ပါတီညီလာခံ ပထမေန႔မွာ ပါတီ CEC ေတြသုံးသပ္တင္ျပထားတဲ့ လက္ရွိႏိုင္ငံ ေရးအေျခအေနအစီရင္ခံစာအေပၚေဆြးေႏြးတာ၊ စာအုပ္အေနနဲ႔ထုတ္ထားတဲ့ ပါတီ မူဝါဒလမ္းစဥ္နဲ႔ပတ္ သတ္လို႔ ထပ္ဆင့္အတည္ျပဳတာ၊ ေနာက္ပါတီဖြဲ႕စည္းပုံစည္းမ်ဥ္းနဲ႔ပတ္သတ္လို႔ ျပင္ဆင္ျဖည့္စြက္တာေတြ လုပ္တာနဲ႔ ပါတီလုပ္ငန္းလမ္းၫႊန္ပိုင္းေရးဆြဲထားတာေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒုတိယေန႔မွာေတာ့ ပထမေန႔ထပ္မံျပင္ဆင္မႈေတြလုပ္တဲ့ ပါတီ မူဝါဒပိုင္း ရပ္တည္ခ်က္ပိုင္းေတြ ကို အတည္ျပဳသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................................

စစ်မှန်တဲ့ ဖက်ဒရယ် နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို SNLD ဆက်လက်ဆုပ်ကိုင်သွားမည်

{{Zawgyi/ Unicode}}
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ ပါတီမူဝါဒပြောင်းလဲဖို့မရှိသလို၊ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း သဘောထားဘာမှမရှိသေးဘူးလို့ SNLD ပြောခွင့်ရသူက ဆိုပါတယ်။

မေလ ၂၆ရက်ကစတဲ့ ပါတီညီလာခံမှာတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်း သုံးသပ်ချက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ရန်ကုန်ကနေ ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တိုင်းရင်းသားပါတီတွေထဲမှာ အင်အားအကြီးဆုံးပါတီတခုလို့ဆိုနိုင်တဲ့ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မေလ ၂၆-၂၇ နှစ်ရက်ကျင်းပသွားဖို့ ပြင်ဆင်ထားတာပါ။ စစ်တပ်က အာဏာသိမ်းထားတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းပေါ်မူ တည်ပြီး ပါတီမူဝါဒ ပြောင်းလဲဖို့မရှိဘူးလို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ စိုင်းကျော်ညွှန့်က ဗွီအိုအေကိုပြော ပါတယ်။

" လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သတ်ရင်တော့ ကျနော်တို့က လက်ရှိနိုင်ငံရေး အခင်းအကျင်းမှ ရယ်မဟုတ်ပါဘူး။ ကျနော်တို့ပါတီက ဘယ်အခန်းကဏ္ဍမှာ ဘယ်လိုရပ်တည်မလဲဆိုတာ ဘယ်လိုမူဝါဒရှိတယ်ဆိုတာ ပြည့်ပြည့်စုံစုံ ရေးသားပြီးသားဖြစ်ပါတယ်။ ဆိုတော့ကျနော်တို့ပြောခဲ့တဲ့ မူဝါဒ အခြေခံတဲ့ပါတီဖြစ်အောင် ကျနော်တို့ကြိူးစားနေတာဖြစ်တယ်။ အဲဒီတိုင်းဘဲရပ်တည်သွားမှာဖြစ်ပါတယ်။ ကျနော်တို့က ခေါင်းဆောင်တယောက်က တမျိုးပြော နောက်တယောက်ကတမျိုးပြော ဆိုတာမျိုး ကျနော်တို့ပါတီမှာမရှိပါဘူး။ ကျနော်တို့မြင်ချင်တဲ့ ဒီနိုင်ငံပုံစံ mission ပေါ့ ။ ဒီတိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတာ ကျနော်တို့ ပြည့်ပြည့်စုံစုံ ပါတီမူဝါဒ လမ်းစဉ်မှာ ရေးထားပြီးသား ဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်တာ ဒီနိုင်ငံရဲ့ အခင်းအကျင်းပြောင်းတာဖြစ်တယ်။ ဟိုတုန်းကလည်းဒီတိုင်းဘဲ ခုလဲဒီတိုင်းဘဲဆက်လက်တိုက်ပွဲဝင်မယ်"

စစ်တပ်က အာဏာသိမ်းထားတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးပိုင်းမှာ တည်ဆဲပါတီတွေမှာ ပါတီလှုပ်ရှား မှုတွေအတွက် ချုပ်ချယ်ကန့်သတ်ခံနေရတာတွေ ရှိနေသလို၊ စစ်ကောင်စီခန့် UEC ဘက်ကလည်း မလိုလားအပ်တာတွေ မဖြစ်ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီတွေရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပါတီ တချို့က ထောက်ပြတာတွေရှိနေပါတယ်။ ဒီလိုအခြေအနေကြားမှာပဲ SNLD ပါတီညီလာခံကို လုပ်ခဲ့ကြတာပါ။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ စစ်တပ်ဘက်က လာမယ့်နှစ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ပြင်ဆင်နေတာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီခေါင်းဆောင် အားလုံးနီးပါး ဖမ်းဆီးခံနေရတဲ့အချိန်မှာ၊ ပါတီတချို့က ဒီရွေးကောက်ပွဲကို လက်ခံပါဝင် သဘောရှိနေပါတယ်။ NLD ပါတီနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ရွေးကောက်ပွဲ ဘယ်လိုသဘောထားမလဲဆိုတာကို အများစုစိတ်ဝင်စားပါတယ်။ စိုင်းကျော်ညွန့်က အခုလို တုံပြန်ပါတယ်။

" ရွေးကောက်ပွဲကိစ္စကတော့ CEC တွဘက်က သဘောထားတခုရှိတယ် ၂၀၂၂ ကုန်ထိ ရွေးကောက်ပွဲအကြောင်းကိုမဆွေးနွေးပါဘူး။ အဲဒါကပြောင်းစရာမရှိသေးပါဘူး "

ပါတီ စာရင်းများ အစစ်ဆေးခံဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပါတီတွေကို ညွှန်ကြားတာခဲ့တာမှာ လက်မခဲ့တဲ့ ပါတီတွေထဲမှာ SNLD ပါတီပါဝင်ပါတယ်။ လက်ရှိမှာ UEC ဘက်က SNLD ဘက်က အစစ်ဆေးခံဖို့ ရက်သတ်မှတ်ချက်ကို ဇွန်လကုန်ထိ တိုးမြင့်ပေး ထားပေမယ့် ပါတီ ရပ်တည်ချက်က အရင်အတိုင်းမပြောင်းမလဲ ရှိတယ်လို့ စိုင်းကျော်ညွှန့်ကပြောပါတယ်။

" ဒီညီလာခံမှာဆွေးနွေးဖြစ်မယ်မထင်ဘူး။. ဘာလို့ဆို UEC ကကျနော်တို့ကိုစာတစောင်ပို့ထားတာရှိတယ်။ စစ်ဆေးမယ့်ရက်နောက်ဆုံးရက်ကို ဇွန် ၃၀ ထိပေးထားတယ်ဆိုတာပို့ထားပါတယ်။ အားလုံးလဲသိပြီးသား ကျနော်တို့ကစစ်ဆေးမခံတာမဟုတ်ဘူးစစ်ချင်ရင်ပါတီဌာနချူပ်ရုံး ရန်ကုန်ကိုးမိုင်မှာရှိတယ် အဲကိုလာခဲ့လိုက်ပါ။ အဲဒါကလက်ရှိထိအပြောင်းအလဲမရှိဘူး ညီလာခံမှာလည်းအကျယ်တဝင့်ဆွေးနွေးဖြစ် မှာမဟုတ်ပါဘူး"

၂ရက်တာကျင်းပမယ့် ပါတီညီလာခံ ပထမနေ့မှာ ပါတီ CEC တွေသုံးသပ်တင်ပြထားတဲ့ လက်ရှိနိုင်ငံ ရေးအခြေအနေအစီရင်ခံစာအပေါ်ဆွေးနွေးတာ၊ စာအုပ်အနေနဲ့ထုတ်ထားတဲ့ ပါတီ မူဝါဒလမ်းစဉ်နဲ့ပတ် သတ်လို့ ထပ်ဆင့်အတည်ပြုတာ၊ နောက်ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့ပတ်သတ်လို့ ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်တာနဲ့ ပါတီလုပ်ငန်းလမ်းညွှန်ပိုင်းရေးဆွဲထားတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒုတိယနေ့မှာတော့ ပထမနေ့ထပ်မံပြင်ဆင်မှုတွေလုပ်တဲ့ ပါတီ မူဝါဒပိုင်း ရပ်တည်ချက်ပိုင်းတွေ ကို အတည်ပြုသွားဖို့ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG