သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုမာလီအစိုးရနဲ႔ လူမ်ိဳးစုမဟာမိတ္တပ္တို႔  al-Shabab စစ္ေသြးႂကြ ေတြကို ေခ်မႈန္း


FILE - Somali soldiers are seen riding on a pick-up truck in Mogadishu, Somalia, April 27, 2022.

ဆိုမာလီယာ ႏိုင္ငံ အလယ္ပိုင္း Shabelle ေဒသမွာ ဆိုမာလီယာစစ္တပ္နဲ႔ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ တိုက္ခိုက္မႈေၾကာင္ al-Shabab စစ္ေသြးႂကြ ၁၀၀ ထက္မနည္း ေသဆံုးသြားတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။

ဆိုမာလီအစိုးရနဲ႔ လူမ်ိဳးစုမဟာမိတ္တပ္တို႔ al-Shabab စစ္ေသြးႂကြ ေတြကို ေခ်မႈန္း

{{Zawgyi/Unicode}}
ဆိုမာလီယာ ႏိုင္ငံ အလယ္ပိုင္း Shabelle ေဒသမွာ ဆိုမာလီယာစစ္တပ္နဲ႔ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ တိုက္ခိုက္မႈေၾကာင္ al-Shabab စစ္ေသြးႂကြ ၁၀၀ ထက္မနည္း ေသဆံုးသြားတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။ ေတာင္ပိုင္း Shabelle ေဒသမွာလည္း အရင္ရက္ေတြ အတြင္း al-Shabab စစ္ေသြးႂကြ ၄၉ ဦးကို ရွင္းလင္းႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ဆိုမာလီယာစစ္တပ္၊ ေထာက္လွမ္းေရးနဲ႔ ေဒသတြင္းလူမ်ိဳးစု လက္နက္ကိုင္ေတြဟာ ႏိုင္ငံတကာမိတ္ေဆြေတြရဲ႕ အကူအညီနဲ႔ အလယ္ပိုင္းေဒသမွာ ျပဳလုပ္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း al-Shabab တပ္မႈး ၁၂ ေယာက္အပါအဝင္ စစ္ေသြးႂကြ ၁၀၀ ေလာက္ကို တိုက္ထုတ္ႏိုင္ခဲ့တယ္လို႔ ဆိုမာလီယာ ျပန္ၾကားေရးဒုဝန္ႀကီး Abdirahman Yusuf Al-Adala က မိုဂါဒစ္႐ူးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ေသာၾကာေန႔က အလယ္ပိုင္း Galgaduud ေဒသမွာရွိတဲ့ စစ္အေျခစိုက္စခန္းတခုကို al-Shabab ေတြ လာေရာက္တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး ဒီတိုက္ခိုက္မႈကို စစ္တပ္နဲ႔ မဟာမိတ္ လူမ်ိဳးစုလက္နက္ကိုင္ အဖြဲ႔ေတြက ျပန္တိုက္ထုတ္ခဲ့ၾကတာလို႔ ေဒသအစိုးရအႀကီးအကဲက ေျပာပါတယ္။

ဆိုမာလီယာမွာ ၾသဂုတ္လကစၿပီး ဆိုမာလီယာသမၼတ Hassan Sheikh Mohamud က အေမရိကန္နဲ႔ ေဒသတြင္းလူမ်ိဳးစုလက္နက္ကိုင္ အဖြဲ႔ေတြရဲ႕ အကူအညီနဲ႔ Al-Shabab စစ္ေသြးႂကြေတြကို စတင္တိုက္ခိုက္ခဲ့တာပါ။ ဒီႏွစ္အစပိုင္းမွာ သမၼတအျဖစ္ အေရြးေကာက္ခံခဲ့ရတဲ့ Mohamad က al-Shabab ေတြကို အျပတ္တိုက္မယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ဆိုမာလီအစိုးရနဲ့ လူမျိုးစုမဟာမိတ်တပ်တို့ al-Shabab စစ်သွေးကြွ တွေကို ချေမှုန်း

{{Zawgyi/Unicode}}
ဆိုမာလီယာ နိုင်ငံ အလယ်ပိုင်း Shabelle ဒေသမှာ ဆိုမာလီယာစစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင် al-Shabab စစ်သွေးကြွ ၁၀၀ ထက်မနည်း သေဆုံးသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။ တောင်ပိုင်း Shabelle ဒေသမှာလည်း အရင်ရက်တွေ အတွင်း al-Shabab စစ်သွေးကြွ ၄၉ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဆိုမာလီယာစစ်တပ်၊ ထောက်လှမ်းရေးနဲ့ ဒေသတွင်းလူမျိုးစု လက်နက်ကိုင်တွေဟာ နိုင်ငံတကာမိတ်ဆွေတွေရဲ့ အကူအညီနဲ့ အလယ်ပိုင်းဒေသမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း al-Shabab တပ်မှုး ၁၂ ယောက်အပါအဝင် စစ်သွေးကြွ ၁၀၀ လောက်ကို တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုမာလီယာ ပြန်ကြားရေးဒုဝန်ကြီး Abdirahman Yusuf Al-Adala က မိုဂါဒစ်ရူးမှာ သတင်းထောက်တွေကို ပြောပါတယ်။

သောကြာနေ့က အလယ်ပိုင်း Galgaduud ဒေသမှာရှိတဲ့ စစ်အခြေစိုက်စခန်းတခုကို al-Shabab တွေ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကို စစ်တပ်နဲ့ မဟာမိတ် လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေက ပြန်တိုက်ထုတ်ခဲ့ကြတာလို့ ဒေသအစိုးရအကြီးအကဲက ပြောပါတယ်။

ဆိုမာလီယာမှာ သြဂုတ်လကစပြီး ဆိုမာလီယာသမ္မတ Hassan Sheikh Mohamud က အမေရိကန်နဲ့ ဒေသတွင်းလူမျိုးစုလက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ Al-Shabab စစ်သွေးကြွတွေကို စတင်တိုက်ခိုက်ခဲ့တာပါ။ ဒီနှစ်အစပိုင်းမှာ သမ္မတအဖြစ် အရွေးကောက်ခံခဲ့ရတဲ့ Mohamad က al-Shabab တွေကို အပြတ်တိုက်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG