သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ အမျိုးသမီးသတင်းထောက် သတ်ခံရ


ဆိုမာလီ အစိုးရပိုင် ရေဒီယိုနဲ့ရုပ်သံ အမျိုးသမီး သတင်းထောက် Sagal Salad Osma (ဓါတ်ပုံ- HarunMaruf @radiomugadisho).
ဆိုမာလီ အစိုးရပိုင် ရေဒီယိုနဲ့ရုပ်သံ အမျိုးသမီး သတင်းထောက် Sagal Salad Osma (ဓါတ်ပုံ- HarunMaruf @radiomugadisho).

ဆိုမာလီ အစိုးရပိုင် ရေဒီယိုနဲ့ရုပ်သံ အမျိုးသမီး သတင်းထောက် Sagal Salad Osma ဟာ တနင်္ဂနွေနေ့က မိုဂါဒစ်ရှူးမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

Hodan ခရိုင်ရဲ့တက္ကသိုလ်တခုက ထွက်လာတဲ့ Sagal Osman ကို အမည်မသိလူသတ်သမားကပစ်သတ်ခဲ့ပြီး ချက်ခြင်း ထွက်ပြေး ပျောက်ကွယ်သွားတယ်လို့ ဆိုမာလီ အမျိုးသားသတင်းထောက် သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mohamed Ibrahim Moalimuu က ဗွီအိုအေကို ပြောပါတယ်။ ဒီလုပ်ရပ်အတွက် အနင့်သီးဆုံး စကားလုံးတွေနဲ့ ရှုတ်ချကြောင်း နဲ့ ဒီသတ်ဖြတ်မှုနောက်ကွယ်က ကြိုးကိုင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆို ကြောင်း လည်း သူက ပြောပါတယ်။

Sagal Osman ဟာ အသက် ၂၀ ကျော်ရုံသာရှိသေးပြီး လူငယ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေရဲ့ ထုတ်လုပ်ရေးမှူးနဲ့ သတင်းကြေညာသူ အဖြစ် နာမည်ကျော်လာနေတဲ့သူဖြစ်ကြောင်း ဆိုမာလီယာသတင်းဌာနရဲ့ အမှုဆောင်ဒါရိုက်တာ Abdirahman Yusuf al-Adaala က ပြောပါတယ်။ Sagal Osman ဟာ ဆိုမာလီယာမှာ ၆ လအတွင်း အသတ်ခံရတဲ့ ဒုတိယမြောက် အမျိုးသမီး သတင်းထောက်ဖြစ်ပါတယ်။

၂၀၁၅ ခု၊ ဒီဇင်ဘာလ တုန်းက အစိုးရသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် Hinda Haju Mohamed လည်း မိုဂါဒစ်ရှူးမြို့ထဲမှာပဲ အသေခံကားဗုံးဖောက်ခွဲခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက al-Shabaab အကြမ်းဖက်အုပ်စုက သူတို့လက်ချက်လို့ ပြောပါတယ်။ ဆိုမာလီယာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေအတွက် အန္တရာယ်အကြီးဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG