သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတသစ် ယခင်အိမ်တော် အသုံးပြုမည်မဟုတ်


တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတသစ် Yoon Suk Yeol. (မတ် ၁၀၊ ၂၀၂၂)
တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတသစ် Yoon Suk Yeol. (မတ် ၁၀၊ ၂၀၂၂)

(Zawgyi / Unicode)

တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတသစ်က လက်ရှိ Blue House သမ္မတအိမ်တော်ကို အသုံးပြုမှာမဟုတ်ဘဲ ပြည်သူတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်အောင် ဆိုးလ်မြို့လယ်ခေါင်မှာ ပြောင်းပြီး ရုံးထိုင်မယ်လို့ ပြောပါတယ်။

ရွေေးကာက်ပွဲ မဲဆွယ်စည်းရုံးပွဲအတွင်း မစ္စတာ Yoon Suk Yeol ပေးခဲ့တဲ့ ကတိတွေထဲမှာ သမ္မတရုံးကို ပြောင်းရွှေ့မယ်ဆိုတဲ့ အချက်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် ထိပ်တန်း အစိုးရရှေ့နေဟောင်းတဦးဖြစ်တဲ့ မစ္စတာ Yoon Suk Yeol ဟာ လာမယ့် မေလ ၁၀ ရက်နေ့ကစပြီး ၅ နှစ်ကြာ သမ္မတတာဝန် ထမ်းဆောင်ရမှာပါ။

တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ Blue House သမ္မတအိ်မ်တော်ရဲ့ တည်နေရာနဲ့ ဒီဇိုင်းပုံစံက ကိုရီးယားသမ္မတတွေ အနေနဲ့ ပြည်သူတွေနဲ့ ကင်းကွာပြီး ရာထူးအာဏာကို တရားလွန် အသုံးချနေတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်လာစေတယ်လို့လည်း မစ္စတာ Yeol က ပြောပါတယ်။

သူ တာဝန်စတင်ထမ်းဆောင်တဲ့ အချိန်ကစပြီး သမ္မတရုံးကို ဆိုးလ်မြို့လယ်က ကာကွယ်ရေးဝန်ကြီးရုံးဝင်းထဲ ပြောင်းရွှေ့ဖွင့်လှစ်မယ်လို့ ရွေးကောက်ခံသမ္မတ Yoon က တနင်္ဂနွေနေ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

အစိုးရ ထိပ်တန်းရုံးခန်းနေရာကို ပြောင်းရွှေ့တာဟာ နိုင်ငံတော်လုံခြုံရေးကို အားနည်းသွားစေနိုင်သလို သမ္မတရုံးဖွင့်မယ့် နေရာတဝိုက် ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်စေနိုင်ရုံမကဘဲ ဘဏ္ဍာငွေတွေပါ အလွန်အကျွံ သုံးစွဲရလိမ့်မယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)








XS
SM
MD
LG