သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲ ရှေးရိုးစွဲဝါဒီ Yoon Seok-youl အနိုင်ရ


SKOREA-POLITICS-ELECTIONS
SKOREA-POLITICS-ELECTIONS

တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲ ရှေးရိုးစွဲဝါဒီ Yoon Seok-youl အနိုင်ရ

{{Zawgyi/Unicode}}
ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ သမတရွေးကောက်ပွဲမှာ ရှေးရိုးစွဲအယူအဆရှိတဲ့ အစိုးရရှေ့နဟောင်း သမ္မတလောင်း Yoon Seok-youl မဲအနိုင်ရရှိပြီး တောင်ကိုရီးယားရဲ့ သမ္မတ ဖြစ်လာပါတော့မယ်။

သူ့ရဲ့ပြိုင်ဘက်ကတော့ လက်ဝဲယိမ်းပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Lee Jae-myung ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ည ၇ နာရီခွဲလောက်မှာ မဲရုံတွေ ပိတ်ခဲ့ပြီး မဲတွေရေတွက်ခဲ့ကြရာ ၈၉ ရာနှုံးရေတွက်ပြီးချိန်မှာ သမ္မတလောင် Yoon က မဲ ၂ သိန်း ၆ သောင်းခန့် နဲ့ဦးဆောင်နေပါတယ်။ ကြာသပတေးနေ့ မနက် ၄ နာရီလောက်မှာတော့ သမ္မတ လောင်း Lee ကသူရှုံးနိမ့်ကြောင်း အတည်ပြုခဲ့ပါတယ်။

သမ္မတလောင်း ၂ ဦးစလုံးကို လူကြိုက်နည်းပြီး၊ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီ ၃၅ နှစ်အတွင်း အဆိုးဆုံးရွေးကောက်ပွဲလို့ လေ့လာသုံးသပ်သူအတော် များများကပြောဆိုပါတယ်။

မဲပေးခဲ့သူအမျိုးသမီးတဦးကတော့အခုလိုပြောပါတယ်။

“ကိုရီးယားမှာကွဲပြားမှုတွေကသိပ်များပါတယ်။ အဓိကအရေးပေါ်လိုအပ်နေတာကတော့ စီးပွားရေးဖြစ်ပါတယ်။ လူအတော်များများက ဒီအခက်အခဲကိုကြုံ နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ် ၁၉ ကြောင့်ပါ" လို့မဲဆန္ဒရှင် အမျိုးသမီးကပြောဆိုသွားတာပါ။

ဒါကြောင့် ကမ္ဘာစီးပွားရေး အင်အားကြီး အဆင့် ၁ဝ ရှိတဲ့တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရှေ့နေဟောင်း Yoon Seok-youl သမတ ဖြစ်လာတော့မှာဖြစ်ပါတယ်။

မေလမှာသမ္မတရာထူးကို လက်ရှိသမ္မတ Moon Jae-in ထံကနေလွဲှပြောင်း ရယူမှာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ သမ္မတ ၅ နှစ်သက်တမ်းတကြိမ် ထမ်းဆောင်ခွင့်ရှိပြီး နောက်ထပ်ရွေးချယ်ခံခွင့်မရှိပါဘူး။

သမတဖြစ်လာတော့မယ့် Yoon Seok-youl ရဲ့နိုင်ငံခြားရေးမူဝါဒမှာမြောက်ကိုရီးယား တို့ တရုတ်တို့ နဲ့ ပတ်သက်ပြီး ပိုမိုခိုင်မာတဲ့ရပ်တည်ချက်ကို ချမှတ်သွားမယ်လို့ ကတိပြုထားပါတယ်။ဒါ့အပြင် ဂျပန်နဲ့ဆက်ဆံရေး ပိုမိုတိုးတက်လာအောင်လုပ်ဆောင်မှာဖြစ်ပြီး ၊အမေရိကန်ပြည်ထောင်စုကို အဓိကမဟာမိတ် အဖြစ်ဆက်ဆံသွားမယ် လို့ ကတိပြုပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

................................


{{Zawgyi/Unicode}}



မဲပေးခဲ့သူအမြိုးသမီးတဦးကတော့အခုလိုပွောပါတယျ။

“ကိုရီးယားမှာကှဲပွားမှုတှကေသိပျမြားပါတယျ။ အဓိကအရေးပေါျလိုအပျနတောကတော့ စီးပှားရေးဖွဈပါတယျ။ လူအတောျမြားမြားက ဒီအခကျအခဲကိုကွုံ နရေပါတယျ။ ဘာဖွဈလို့လဲဆိုတော့ ကိုဗဈ ၁၉ ကွောင့ျပါ" လို့မဲဆန်ဒရှငျ အမြိုးသမီးကပွောဆိုသှားတာပါ။




XS
SM
MD
LG