သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘဲလား႐ုစ္အေပၚ ေတာင္ကိုရီးယား ဒဏ္ခတ္မည္


႐ုရွား-ဘဲလား႐ုစ္ ပူးတြဲစစ္ေရးေလ့က်င့္ေနမႈျမင္ကြင္း။ (ေဖော္ဝါရီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွား က်ဴးေက်ာ္တိုက္ခိုက္ရာမွာ ထိထိေရာက္ေရာက္ အကူအညီေပးေနတဲ့ ႐ုရွားရဲ႕ အနီးကပ္မိတ္ေဆြ ဘဲလား႐ုစ္အေပၚ အေရးယူမႈေတြ လုပ္ေဆာင္ေတာ့မွာျဖစ္ေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ ဘယ္လိုအေရးယူမယ္ ဆိုတာကို အတိအက် ထုတ္မေျပာေပမယ့္ ႐ုရွားအေပၚ အရင္အေရးယူထားတာနဲ႔ အလားတူတဲ့ ကန္႔သတ္မႈေတြ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ေတာင္ကိုရီးယားက ႐ုရွားႏိုင္ငံကို နည္းဗ်ဴဟာဆိုင္ရာ ပစၥည္းတင္ပို႔မႈ တားျမစ္ၿပီး တင္ပို႔ကုန္ ထိန္းခ်ဳပ္မႈေတြ ၿပီးခဲ့တဲ့လထဲမွာ ျပဳလုပ္ခဲ့သလို အေနာက္ႏိုင္ငံေတြနည္းတူ ႐ုရွားဘဏ္ႀကီး အမ်ားအျပားနဲ႔ ေငြေၾကးအလႊဲအေျပာင္းလုပ္မႈေတြ ရပ္ဆိုင္းထားခဲ့တာ ျဖစ္ပါတယ္။

ဘဲလား႐ုစ္ဟာ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈမွာ ထိေရာက္တဲ့ ပံ့ပိုးမႈေတြ လုပ္ေနတယ္လို႔ ေတာင္ကိုရီးယားက သတ္မွတ္တဲ့အတြက္ ဘဲလား႐ုစ္ကို တင္သြင္းကုန္ဆိိုင္ရာ ကန္႔သတ္မႈေတြလုပ္ဖို႔ အခု တနဂၤေႏြေန႔မွာ အစိုးရက ဆံုးျဖတ္လိုက္တာျဖစ္ေၾကာင္း ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ဘဲလား႐ုစ္ေခါင္းေဆာင္ Alexander Lukashenko က သူ႔ႏိုင္ငံကတပ္ေတြ စစ္ပြဲထဲ မပါဘူးလို႔ ေျပာေပမယ့္ သူ႔အိမ္နီးခ်င္း ယူကရိန္းကို က်ဴးေက်ာ္ရာမွာ ႐ုရွားတပ္ေတြက သူ႔ေျမကို အဓိက အသံုးခ်ခဲ့တာ ျဖစ္ပါတယ္။

႐ုရွားရဲ႕ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈအတြက္ ႏိုင္ငံတကာက ႐ႈတ္ခ်ၿပီး ဒဏ္ခတ္အေရးယူေနသလို ႐ုရွားကို ဖယ္ၾကဥ္တဲ့ ကုမၸဏီႀကီးေတြ တေန႔တျခား တိုးလာေနခ်ိန္မွာပဲ ေတာင္ကိုရီးယားက အခုလို ဆံုးျဖတ္လိုက္တာ ျဖစ္ပါတယ္။

ဘဲလား႐ုစ္အေပၚ ေတာင္ကိုရီးယား ဒဏ္ခတ္မည္
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ဘဲလားရုစ်အပေါ် တောင်ကိုရီးယား ဒဏ်ခတ်မည်

ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်ရာမှာ ထိထိရောက်ရောက် အကူအညီပေးနေတဲ့ ရုရှားရဲ့ အနီးကပ်မိတ်ဆွေ ဘဲလားရုစ်အပေါ် အရေးယူမှုတွေ လုပ်ဆောင်တော့မှာဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဘယ်လိုအရေးယူမယ် ဆိုတာကို အတိအကျ ထုတ်မပြောပေမယ့် ရုရှားအပေါ် အရင်အရေးယူထားတာနဲ့ အလားတူတဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားက ရုရှားနိုင်ငံကို နည်းဗျူဟာဆိုင်ရာ ပစ္စည်းတင်ပို့မှု တားမြစ်ပြီး တင်ပို့ကုန် ထိန်းချုပ်မှုတွေ ပြီးခဲ့တဲ့လထဲမှာ ပြုလုပ်ခဲ့သလို အနောက်နိုင်ငံတွေနည်းတူ ရုရှားဘဏ်ကြီး အများအပြားနဲ့ ငွေကြေးအလွှဲအပြောင်းလုပ်မှုတွေ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ဘဲလားရုစ်ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်နေတယ်လို့ တောင်ကိုရီးယားက သတ်မှတ်တဲ့အတွက် ဘဲလားရုစ်ကို တင်သွင်းကုန်ဆိုင်ရာ ကန့်သတ်မှုတွေလုပ်ဖို့ အခု တနင်္ဂနွေနေ့မှာ အစိုးရက ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဘဲလားရုစ်ခေါင်းဆောင် Alexander Lukashenko က သူ့နိုင်ငံကတပ်တွေ စစ်ပွဲထဲ မပါဘူးလို့ ပြောပေမယ့် သူ့အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ရာမှာ ရုရှားတပ်တွေက သူ့မြေကို အဓိက အသုံးချခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွက် နိုင်ငံတကာက ရှုတ်ချပြီး ဒဏ်ခတ်အရေးယူနေသလို ရုရှားကို ဖယ်ကြဉ်တဲ့ ကုမ္ပဏီကြီးတွေ တနေ့တခြား တိုးလာနေချိန်မှာပဲ တောင်ကိုရီးယားက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG