သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေထာင္နဲ႔ခ်ီတဲ့ က်ဴးေက်ာ္စစ္ဆန္႔က်င္သူေတြ ႐ုရွားအစိုးရ ဖမ္းဆီး


St. Petersburg ၿမိဳ႕မွာျပဳလုပ္တဲ့ ႐ုရွားက်ဴးေက်ာ္စစ္ ဆန္႔က်င္ ဆႏၵျပပြဲအတြင္း ဆႏၵျပသူတဦးကို ဖမ္းဆီးေနတဲ့ ႐ုရွားရဲတပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၂၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံတလႊားက ၿမိဳ႕ေပါင္း ၅၀ ေက်ာ္မွာ ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္တဲ့ သမၼတ Vladimir Putin ကို ဆန္႔က်င္ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာ အဖမ္းဆီးခံရတယ္လို႔ ႐ုရွားျပည္ထဲေရးဝန္ႀကီးဌာနကေရာ ဆႏၵျပမႈ ေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ OVD-Info လြတ္လပ္တဲ့အဖြဲ႔ကပါ တနဂၤေႏြေန႔က ေျပာပါတယ္။

ၿမိဳ႕ေပါင္း ၅၃ ၿမိဳ႕မွာ လူေပါင္း ၃,၈၉၅ ေယာက္ကို ဆႏၵျပေနခ်ိန္မွာ ဖမ္းဆီးသြားတာ ျဖစ္ေၾကာင္း OVD-Info က ေျပာပါတယ္။ ဒါ့အျပင္ ရဲစခန္းေတြမွာ သူတို႔ဖမ္းထားတယ္လို႔ ထုတ္ျပန္ထားတဲ့ စာရင္းထက္ အဖမ္းခံရသူ အေရအတြက္က ပိုမ်ားႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ေမာ္စကိုမွာ အဖမ္းခံရသူ ၁,၇၀၀ ရွိၿပီး St. Petersburg မွာေတာ့ ၇၅၀ ရွိတယ္လို႔ ႐ုရွားျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရ Irina Volk က ေျပာပါတယ္။ ေမာ္စကိုမွာ ခြင့္ျပဳခ်က္မရဘဲ ဆႏၵျပတဲ့လူ ၂,၅၀၀ ထဲမွာ ၁,၇၀၀ ကို ဖမ္းဆီးခဲ့တာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေမာ္စကိုနဲ႔ St. Petersburg ၿမိဳ႕ႀကီးေတြမွာေတာ့ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြက စစ္ကို မလိုလားေၾကာင္း၊ ရွက္စရာေကာင္းေၾကာင္း ေႂကြးေၾကာ္ေနတဲ့ ဗီြဒီိယိ္ုေတြကို အတိုက္အခံ တက္ႂကြလႈပ္ရွားသူေတြရဲ႕ ဆိုရွယ္မီဒီယာေတြမွာ ေတြ႔ေနရပါတယ္။

႐ုရွားအတိုက္အခံ Aleksei Navalny က ယူကရိန္းကို က်ဴးေက်ာ္တဲ့ စစ္ပြဲကို ကမၻာတလႊားက ကန္႔ကြက္ဖို႔ ပန္ၾကားခဲ့တဲ့ေနာက္ပိုင္း ႐ုရွားႏိုင္ငံထဲမွာသာမက အိႏၵိယနဲ႔ ကာဇက္စတန္ႏိုင္ငံေတြ အပါအဝင္ ျပည္ပႏိုင္ငံေတြမွာလည္း စစ္ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ရွိေနတာပါ။ ကာဇက္စတန္က ဆႏၵျပသူတခ်ိဳ႕က ႐ုရွားဦးေဆာင္တဲ့ ေဒသတြင္း အဖြဲ႔အစည္း ၂ ခုျဖစ္တဲ့ ယူေရးရွားစီးပြါးေရးဆိုင္ရာ EEU အဖြဲ႔နဲ႔ လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈ စာခ်ဳပ္အဖြဲ႔ CSTO ကေန ကာဇက္စတန္ ႏုတ္ထြက္ဖို႔ပါ ေတာင္းဆိုၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ထောင်နဲ့ချီတဲ့ ကျူးကျော်စစ်ဆန့်ကျင်သူတွေ ရုရှားအစိုးရ ဖမ်းဆီး

ရုရှားနိုင်ငံတလွှားက မြို့ပေါင်း ၅၀ ကျော်မှာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ သမ္မတ Vladimir Putin ကို ဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွာ အဖမ်းဆီးခံရတယ်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနကရော ဆန္ဒပြမှု စောင့်ကြည့်မှတ်တမ်းတင်တဲ့ OVD-Info လွတ်လပ်တဲ့အဖွဲ့ကပါ တနင်္ဂနွေနေ့က ပြောပါတယ်။

မြို့ပေါင်း ၅၃ မြို့မှာ လူပေါင်း ၃,၈၉၅ ယောက်ကို ဆန္ဒပြနေချိန်မှာ ဖမ်းဆီးသွားတာ ဖြစ်ကြောင်း OVD-Info က ပြောပါတယ်။ ဒါ့အပြင် ရဲစခန်းတွေမှာ သူတို့ဖမ်းထားတယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းထက် အဖမ်းခံရသူ အရေအတွက်က ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။

မော်စကိုမှာ အဖမ်းခံရသူ ၁,၇၀၀ ရှိပြီး St. Petersburg မှာတော့ ၇၅၀ ရှိတယ်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Irina Volk က ပြောပါတယ်။ မော်စကိုမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့လူ ၂,၅၀၀ ထဲမှာ ၁,၇၀၀ ကို ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မော်စကိုနဲ့ St. Petersburg မြို့ကြီးတွေမှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက စစ်ကို မလိုလားကြောင်း၊ ရှက်စရာကောင်းကြောင်း ကြွေးကြော်နေတဲ့ ဗွီဒီယိုတွေကို အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရပါတယ်။

ရုရှားအတိုက်အခံ Aleksei Navalny က ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကို ကမ္ဘာတလွှားက ကန့်ကွက်ဖို့ ပန်ကြားခဲ့တဲ့နောက်ပိုင်း ရုရှားနိုင်ငံထဲမှာသာမက အိန္ဒိယနဲ့ ကာဇက်စတန်နိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေမှာလည်း စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရှိနေတာပါ။ ကာဇက်စတန်က ဆန္ဒပြသူတချို့က ရုရှားဦးဆောင်တဲ့ ဒေသတွင်း အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ ယူရေးရှားစီးပွါးရေးဆိုင်ရာ EEU အဖွဲ့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်အဖွဲ့ CSTO ကနေ ကာဇက်စတန် နုတ်ထွက်ဖို့ပါ တောင်းဆိုကြတာပါ။

XS
SM
MD
LG