သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yoon Suk Yeol ကိုဖမ်းဖို့ ကြိုးစားမှု မအောင်မြင်


တောင်ကိုရီးယားသမ္မတအိမ်တော်ကို ဖမ်းဝရမ်းနဲ့ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ သမ္မတအထူးလုံခြုံရေးတပ်ဖွဲ့တွေက တားဆီးထားလို့ နောက်ကြောင်းပြန်လှည့်နေကြတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းရေးမှူးတွေ (ဇန်နဝါရီ ၃၊ ၂၀၂၅)
တောင်ကိုရီးယားသမ္မတအိမ်တော်ကို ဖမ်းဝရမ်းနဲ့ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ သမ္မတအထူးလုံခြုံရေးတပ်ဖွဲ့တွေက တားဆီးထားလို့ နောက်ကြောင်းပြန်လှည့်နေကြတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းရေးမှူးတွေ (ဇန်နဝါရီ ၃၊ ၂၀၂၅)

တောင်ကိုရီးယားနိုင်ငံမှာ တာဝန်ကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို စုံစမ်စစ်ဆေးရေးမှူးတွေ ဒီနေ့ ဖမ်းဆီးဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

Yoon Suk Yeol နေထိုင်နေတဲ့ သမ္မတအိမ်တော်မှာ သွားရောက်ဖမ်းဆီးဖို့ ကြိုးစားတဲ့ စုံစမ်းရေးမှူးတွေနဲ့ရဲတွေကို သမ္မတအထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ဆို့ထားတဲ့အတွက် ၆ နာရီလောက်ကြာအောင် အခြေအတင်ဖြစ်ခဲ့ပြီးနောက် ဖမ်းဆီးဖို့ကြိုးပမ်းမှုကို လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတအပေါ် ထောက်ခံသူတွေကလည်း အဆောက်အဦးအပြင်မှာ လာရောက်စုဝေးပြီး Yoon Suk Yeol ကိုထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

“မတရားသဖြင့် ဖမ်းဝရမ်းထုတ်တာကို ပြည်သူတွေ လက်မခံနိုင်လို့ ခုလို လာရောက်စုဝေးတာ ဖြစ်တယ်” လို့ တာဝန်ကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ထောက်ခံသူ Song Jong-jun ကပြောနေတာဖြစ်ပါတယ်။ ဒီနေ့ သောကြာနေ့ မနက်က အဓိကရုဏ်းနှိမ်နှင်းရေးရဲ ၃,၀၀၀ လောက် လုံခြုံရေးယူပြီး စုံစမ်းစစ်ဆေးရေးမှူးနဲ့ စုံထောက်စုစုပေါင်း ၁၀၀ လောက်က သမ္မတ နေထိုင်နေတဲ့ Seoul မြို့လယ်က အဆောက်အဦးထဲကို ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာပါ။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက သမ္မတ Yoon Suk Yeol စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဟာ ဥပဒေနဲ့ မညီဘူးလို့ဆိုပြီး သမ္မတကို တရားစွဲဖို့ လွှတ်တော်ကဆုံးဖြတ်ပြီး သမ္မတရာထူးကနေလည်း ယာယီဖယ်ရှားခဲ့ပါတယ်။ သမ္မတအနေနဲ့ အာဏာအလွဲသုံးစားလုပ်တယ်၊ နိုင်ငံ ဆူပူအုံကြွအောင် လုပ်တယ်လို့ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် Yoon Suk Yeol ကလာရောက် အစစ်ဆေး မခံတဲ့အတွက် သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ အထူးလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးလို့မရအောင် ကာကွယ်ခဲ့တာကြောင့် တရားရုံးက ထုတ်ပြန်တဲ့ ဖမ်းဝရမ်းအတိုင်း ဒီနေ့ ဖမ်းဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ပူးပေါင်း စုံစမ်းစစ်ဆေးနေတဲ့အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG