သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ မြန်မာခရီးစဉ် ကိုရီယားစက်မှုဇုံအုတ်မြစ်ချမည်


တောင်ကိုရီးယားသမ္မတ Moon Jae-in
တောင်ကိုရီးယားသမ္မတ Moon Jae-in

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့ ဒီကနေ့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်အောင်လုပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မယ့် သူ့ရဲ့အမြင်တွေကို ရှင်းပြခဲ့တဲ့အကြောင်းနဲ့ တောင်ကိုရီးယားအစိုးရရဲ့ အရှေ့တောင်အာရှနိုင်ငံနဲ့ ပိုပြီးဆက်ခံရေး ခိုင်မာအောင်လုပ်မယ့် မူဝါဒသစ်အပေါ် ထိုင်းဝန်ကြီးချုပ်က ထောက်ခံကြောင်း သမ္မတ Moon Jae-in က ထိုင်းဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ တောင်ကိုရီးယားကြား စစ်ထာက်လှမ်းရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ခဲ့တဲ့အတွက် ၂ နိုင်ငံ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း လုပ်ငန်းတွေကြား ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ခိုင်မာလာလိမ့်မယ်လို့လည်း တောင်ကိုရီးယားသမ္မတက ပြောကြားသွားပါတယ်။

သီတင်း ၁ ပတ်ကြာ အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးထွက်နေတဲ့ သမ္မတ Moon Jae-in ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်မှာပါ။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဗုဒ္ဓဟူးနေ့မှာ တေ့ွဆုံဖို့ရှိသလို၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာရှိတဲ့ KMIC ကိုရီးယားမြန်မာစက်မှုဇုန် ဥမြစ်ချပွဲ အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့ တောင်ကိုရီးယားလုပ်ငန်းတွေအနေနဲ့ ရုံးပြင်ကနားဆိုင်ရာ ကြုံရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရက Korea Desk ရုံးကို တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံရောက်တဲ့ အချိန်ကိုက်ပြီး ဖွင့်လှစ်မယ်လို့လည်း တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ ကိုရီးယားလုပ်ငန်းပေါင်း ၂၀၀ ကျော်ရှိပါတယ်။

ကြာသပတေးနေ့ကျရင်တော့ တောင်ကိုရီးယားသမ္မတဟာ Laos နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG