သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DeepSeek AI အသုံးပြုခွင့် တောင်ကိုရီးယား ယာယီဆိုင်းငံ့


တောင်ကိုရီးယားနိုင်ငံ၊ ဂိုယမ်မြို့က ပြည်သူတွေကြည့်နိုင်တဲ့ ရုပ်သံဖန်သားပြင်တွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တုနည်းပညာပလေးကေးရှင်းနဲ့ ဝဘ်ဆိုက်စာမျက်နှာတွေကို ပြသထားပုံ။ (ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၅)
တောင်ကိုရီးယားနိုင်ငံ၊ ဂိုယမ်မြို့က ပြည်သူတွေကြည့်နိုင်တဲ့ ရုပ်သံဖန်သားပြင်တွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တုနည်းပညာပလေးကေးရှင်းနဲ့ ဝဘ်ဆိုက်စာမျက်နှာတွေကို ပြသထားပုံ။ (ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၅)

တောင်ကိုရီးယားမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု AI အပလီကေးရှင်းသုံးခွင့်ကို ဆိုင်းငံ့လိုက်ပါတယ်။ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာစိုးရိမ်မှုတွေကြောင့် ဒီ app ကို download လုပ်လို့မရအောင်ပိတ်ထားတယ်လို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောတာပါ။

DeepSeek app အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ပတ်သက်လို့ ကုမ္ပဏီက စည်းမျဉ်း တချို့ကို ထည့်စဉ်းစားဖို့ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် တောင်ကိုရီးယား အာဏာပိုင်တွေက ဒီ app အသုံးပြုတာကို ဆိုင်းငံ့လိုက်တာပါ။ လုံခြုံရေးအချက်အလက်စည်းမျဉ်းတွေ သေချာလိုက်နာ ရင်တော့ ပြန်သုံးခွင့်ပေးမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ DeepSeek ကုမ္ပဏီဘက်က တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

အီတလီနိုင်ငံမှာလည်း အလားတူစိုးရိမ်မှုတွေကြောင့် DeepSeek အသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ အချက်အလက်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့လကပဲပြောဆိုထားပါတယ်။ တိုင်ဝမ် အစိုးရရုံးတွေမှာလည်း DeepSeek အသုံးပြုခွင့်ကို အခုလအစောပိုင်းကတည်းက ပိတ်ပင်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရကတော့ တရုတ်နိုင်ငံအနေနဲ့ အမျိုးသားလုံခြုံရေးစည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ ဘယ်ကုမ္မဏီကိုမှ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးဖို့ တောင်းဆိုမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

DeepSeek AI အသုံးပြုခွင့် တောင်ကိုရီးယား ယာယီဆိုင်းငံ့
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG